Uncategorized

FC ဆိုးလ်ပရိသတ်တွေရဲ့ချစ်ခင်မှုကို ခံစားခဲ့ရတဲ့ လင်ဂတ်

ယူနိုက်တက်ကစားသမားဟောင်း လင်ဂတ်ဟာ ကေလိဂ်မှာ ဆူဝန်အသင်းကို အနိုင်ရရှိအောင် ကူညီပေးခဲ့ပြီးနောက် FC ဆိုးလ်အသင်းပရိသတ်တွေရဲ့ချစ်ခင်မှုကို ခံစားခဲ့ရတာဖြစ်ပါတယ်။

FC ဆိုးလ်အသင်းက ဆူဝန်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အသင်းပရိသတ်တွေဟာ လင်ဂတ်ကို လက်ခုပ်တီးဂုဏ်ပြုမှုတွေပြုလုပ်ခဲ့တာပါ။လင်ဂတ်ဟာ ဒီပွဲစဉ်မှာ FC ဆိုးလ်အသင်းအတွက် ပွဲချိန်ပြည့်ကစားခဲ့ပေမယ့် ဂိုးဖန်တီးမှုရော ဂိုးသွင်းမှုကိုရော ပြုလုပ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ပွဲအပြီးမှာ လင်ဂတ်ဟာ ဒီပွဲစဉ်က ပုံအချို့ကို မျှဝေခဲ့ပြီး ယုံကြည်ပါဆိုတဲ့ စာသားရေးသားကာ သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့တာပါ။လင်ဂတ်ဟာ ကလပ်အသင်းမရှိဘဲ ၆ လကြာဖြတ်သန်းခဲ့ပြီးနောက် ဖေဖော်ဝါရီက တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။လင်ဂတ်ဟာ တောင်ကိုရီးယားကို ရောက်ရှိအပြီးမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး မတ်လက ဒူးခွဲစိတ်မှုခံယူရပြီးနောက် အနားယူခဲ့ရသေးတာပါ။

လင်ဂတ်ကတော့ FC ဆိုးလ်အသင်းအတွက် သူ့ရဲ့ဂိုးမိုးခေါင်မှုကို မကြာခင်မှာ အဆုံးသတ်ဖို့ မျှော်လင့်နေပြီး FC ဆိုးလ်အသင်းဟာ ကြားရက်ထဲမှာ ဂမ်ဝန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol