ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် မက်ဆီဝတ်ဆင်ခဲ့တဲ့ ဂျာစီ ၆ ထည်ကို လေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ကိုင်မြှောက်နိုင်ခဲ့တဲ့ မက်ဆီဟာ ဒီဂျာစီတွေကို လေလံတင်ရောင်းချတာကနေ ပေါင် ၈ သန်းရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ဘောလုံးသမိုင်းမှာ ဂျာစီလေလံတင်ရောင်းချမှုကနေ စံချိန်တင်ဝင်ငွေရခဲ့တာကတော့ ၂၀၂၂ ခုနှစ်က မာရာဒိုနာရဲ့Hand of God ဂျာစီရောင်းချမှုက ပေါင် ၇.၁ သန်းရရှိခဲ့တာပါ။

မက်ဆီရဲ့ဂျာစီရောင်းချမှုဟာ မာရာဒိုနာရဲ့ဂျာစီရောင်းချမှုကို ကျော်သွားမှာဖြစ်တဲ့အပြင် အားကစားသမိုင်းမှာ ဂျာစီလေလံတင်ရောင်းချမှုကနေ အမြင့်ဆုံးရရှိခဲ့တဲ့ NBA နာမည်ကျော် မိုက်ကယ်ဂျော်ဒန်ရဲ့ Last Dance ဂျာစီရောင်းချမှု ပေါင် ၈.၁ သန်းကိုပါ ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆင့်တိုင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းရေးထိုးထားတာပါ။မက်ဆီရဲ့ဂျာစီလေလံတင်ရောင်းချမှုကို နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၁၄ ရက်အတွင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။