Uncategorized

ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့ပေမယ့် ချယ်လ်ဆီးက ပိုပြီးကောင်းတယ်လို့ ပြောလိုက်တဲ့ ပိုချက်တီနို

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ သူတို့ပိုပြီးကောင်းခဲ့ပေမယ့် အဆုံးမှာ အရေးနိမ့်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး ပရီးမီးယားလိဂ် ၂ ပွဲကစားပြီးချိန်မှာ ရမှတ် ၁ မှတ်သာရရှိထားတာပါ။ချယ်လ်ဆီးအသင်းဟာ အခုအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၃၀၀ ကျော်သုံးစွဲထားပေမယ့် အနိုင်ရဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဦးဆောင်ဂိုးရနိုင်မယ့် ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် အန်ဇိုဖာနန်ဒက်ဇ်ရဲ့ကန်ချက်ကို ဝက်စ်ဟမ်းဂိုးသမားကာကွယ်နိုင်ခဲ့တာပါ။ဒါ့အပြင် ချယ်လ်ဆီးဟာ ဒုတိယပိုင်းမှာ နာရီဝက်လောက်တစ်ဦးအသာနဲ့ ကစားခဲ့ရပေမယ့် ချေပဂိုးမသွင်းနိုင်ခဲ့တဲ့အပြင် နောက်ထပ်သွင်းဂိုးကိုပါ ပေးခဲ့ရတာဖြစ်ပါတယ်။

ပိုချက်တီနိုက “ဒီပွဲဟာ ကျွန်တော်တို့အတွက် ရှင်းပြရခက်တဲ့ပွဲအမျိုးအစားပါ။ဘောလုံးပိုင်ဆိုင်မှုလည်းရှိသလို၊ဖန်တီးမှုတွေလည်းပြုလုပ်နိုင်ပြီး ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ကျွန်တော်တို့ဟာ ပိုကောင်းအောင်ကစားနိုင်ခဲ့ပေမယ့် ဒီအတွက်ထိုက်တန်တဲ့ဆုတော့ မရခဲ့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol