စပိန်နဲ့ ဘာစီလိုနာဆယ်ကျော်သက် ဂါဗီဟာ ဂျော်ဂျီယာအသင်းနဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် အခုရာသီအကုန်ထိ အနားယူရဖွယ်ရှိနေတယ်လို သတင်းတွေအများအပြားက ဖော်ပြထားပါတယ်။

ဂါဗီဟာ ဘောလုံးကို ထိန်းထားတဲ့အချိန်အတွင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ဒူးကိုကိုင်ကာ ငိုကြွေးပြီး ကွင်းထဲက ထွက်ခွာသွားခဲ့တာပါ။ဂါဗီရဲ့ဒဏ်ရာအခြေအနေကို ဒီနေ့မှာ ဆေးစစ်မှုခံယူသွားမယ်လို့ သိရပါတယ်။

ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဂါဗီရဲ့ဒဏ်ရာသတင်းဟာ ဘာစီလိုနာအတွက်ရော စပိန်အတွက်ပါ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။စပိန်နည်းပြ ဖူအန်တီက ဂါဗီရဲ့ဒဏ်ရာဟာ ပြင်းထန်တယ်လို့ပြောခဲ့ပြီး သူတို့အတွက် ခါးသီးတယ်လို့ ဆိုခဲ့ပါတယ်။

ဒီပွဲမှာ စပိန်အတွက်ဂိုးသွင်းခဲ့တဲ့ ဖာရန်တောရက်စ်ဟာ ဂါဗီရဲ့ဂျာစီကို ကိုင်ပြီး အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။