ဒီမနက်ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအပြီးမှာ ခြေစစ်ပွဲအောင်မြင်ထားတဲ့ အသင်းအရေအတွက်ဟာ ၁၆ သင်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

နယ်သာလန်၊ ရိုမေးနီးယားနဲ့ ဆွစ်ဇာလန်အသင်းတို့ခြေစစ်ပွဲအောင်မြင်ပြီးနောက် ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းအရေအတွက်ဟာ ဒီပမာဏအထိရောက်ရှိလာခဲ့တာပါ။အသင်းပေါင်း ၂၄ သင်းနဲ့ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီးအတွက် ပြိုင်ပွဲဝင်မယ့် အသင်းအရေအတွက်ပြည့်ဖို့ အခုဆိုရင် အသင်းပေါင်း ၈ သင်းသာ လိုအပ်တော့တာဖြစ်ပါတယ်။
လက်ရှိခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းတွေကတော့ အိမ်ရှင် ဂျာမနီအသင်းအပါအဝင် ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စကော့တလန်၊ စပိန်၊တူရကီ၊ ဩစတြီးယား၊ အင်္ဂလန်၊ ဟန်ဂေရီ၊ဆလိုဗက်ကီးယား၊အယ်လ်ဘေးနီးယား၊ ဒိန်းမတ်၊ နယ်သာလန်၊ ရိုမေးနီးယားနဲ့ ဆွစ်ဇာလန်အသင်းတို့ ဖြစ်ပါတယ်။

ဒီအပတ်ထဲမှာ ယူရို ၂၀၂၄ ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်ကစားမှာဖြစ်လို့ ခြေစစ်ပွဲအောင်မြင်မယ့် နောက်ထပ်အသင်းတွေ ထပ်ပြီးထွက်ပေါ်လာဖို့ရှိနေသလို ပလေးအောဖ့်အဆင့်ကနေ ဝင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိမယ့် အသင်းတွေလည်း ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။