အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းရဲ့ကစားသမားသစ်အဖြစ် မိတ်ဆက်ခဲ့ပြီး လေ့ကျင့်ခန်းအစီအစဉ်တွေမှာလည်း ပါဝင်နေပေမယ့် ခရုဇ်အဇူလ်နဲ့ ပွဲမှာ ပွဲဦးထွက်ပါဝင်ဖို့ မသေချာဘူးလို့ ပြောခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်း ပရိသတ်တွေဟာ မက်ဆီရဲ့မိတ်ဆက်ပွဲကို ကွင်းလုံးပြည့်ကြည့်ခဲ့သလို သူကစားမယ့်ပွဲကို ကြည့်ရှုဖို့အတွက် စိတ်အားထက်သန်နေတာပါ။အင်တာမိုင်ယာမီအသင်းရဲ့လတ်မှတ်ခဈေးနှုန်းတွေဟာ လက်ရှိအချိန်မှာ အဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ပရိသတ်တွေက ဒီလတ်မှတ်တွေကို ရအောင်ဝယ်ယူခဲ့ကြပေမယ့် မက်ဆီပါဝင်ဖို့ မသေချာဘူးလို့ ပြောခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ပြောစကားကို စိတ်ပျက်နေတာပါ။

ဒေးဗစ်ဘက်ခမ်းက “လီယိုအနေနဲ့ ပွဲကစားမလား၊ မိနစ်အနည်းငယ်ပဲ ပါဝင်နိုင်မလားဆိုတာတော့ ကျွန်တော်မသိပါဘူး။လီယိုအနေနဲ့ ပါဝင်ကစားနိုင်ဖို့ဆိုရင် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။သူက အားလပ်ရက်ကနေ မိုင်ယာမီကို ရောက်တာ ရက်ပိုင်းပဲရှိပါသေးတယ်”

“အဲ့ဒါကြောင့် သူ့ကို ကျွန်တော်တို့ကာကွယ်ပြီး သူအဆင်သင့်ဖြစ်အောင် လုပ်ရပါမယ်။သူက လေ့ကျင့်နေပြီး သူ့ကို ကြည့်ရတာ ကောင်းပါတယ်။ဒါပေမယ့် လီယိုနဲ့ နည်းပြတို့က ပါဝင်နိုင်မလားဆိုတာကို ဆုံးဖြတ်မှာဖြစ်တယ်”လို့ ဆိုခဲ့ပါတယ်။