ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီက အသင်းဖော်ဟောင်း မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တဲ့အတွက် ဘောလွန်းဒီအောဆုနဲ့ ထိုက်တန်တယ်လို့ ပြောလိုက်ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ ဂျီဘရောလ်တာအသင်းနဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မက်ဆီရယူနိုင်ခဲ့တဲ့ ဘောလွန်းဒီအောဆုနဲ့ ပတ်သက်ပြီးမေးမြန်းခြင်းခံခဲ့ရတာပါ။အဲ့ဒါကြောင့် ဘတ်ပီဟာ သူ့ရဲ့ထင်မြင်ချက်ကို အခုလိုပြောသွားခဲ့တာဖြစ်ပါတယ်။
ဘတ်ပီက “ဒီဆုဟာ မက်ဆီနဲ့ ထိုက်တန်ပါတယ်။ကမ္ဘာ့ဖလားဗိုလ်လုပွဲညကတည်းက မက်ဆီဟာ ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့ပြီဆိုတာကို ကျွန်တော်သိခဲ့တယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဘတ်ပီဟာ ပီအက်စ်ဂျီအနာဂတ်နဲ့ ပတ်သက်ပြီးမေးမြန်းခံခဲ့ရပေမယ့် ပြင်သစ်အသင်းရဲ့သတင်းစာရှင်းလင်းပွဲဖြစ်တဲ့အတွက် ဒါကို ဖြေသွားမှာမဟုတ်ဘဲ ဒီမေးခွန်းအတွက် အဖြေလိုချင်ရင် ပီအက်စ်ဂျီအသင်းရဲ့လေ့ကျင့်ရေးကွင်းကို လာခဲ့လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘဲ အခုရာသီအကုန်မှာ ထွက်ခွာမှာဖြစ်ပြီး ရီးရယ်လ်အသင်းထံ ရောက်ရှိနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။