အာဂျင်တီးနားအသင်းဟာ ပီရူးအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲစဉ်မှာ မက်ဆီရဲ့သွင်းဂိုးတွေကြောင့် ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မက်ဆီဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ဆွာရက်ဇ်ရဲ့တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ သွင်းဂိုးအများဆုံးဆိုတဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနားအသင်းဟာ ပီရူးအသင်းကို အနိုင်ရပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲကစားအပြီးမှာ ၄ ပွဲစလုံးနိုင်ပွဲရယူနိုင်ခဲ့တာပါ။

ဒီ ၄ ပွဲမှာ အာဂျင်တီးနားအသင်းဟာ သွင်းဂိုး ၇ ဂိုးသွင်းယူထားပြီး ပေးဂိုးလုံးဝခွင့်မပြုခဲ့ရကာ အကောင်းဆုံးပုံစံတွေနဲ့ ရှေ့ဆက်နေတာဖြစ်ပါတယ်။ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက် ပွဲချိန်အပြည့်မပါဝင်နိုင်ခဲ့တဲ့ မက်ဆီဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် သွင်းဂိုး+ဖန်တီးမှု ၄၀ ဂိုးကို ၁၇ ရာသီဆက်တိုက်လုပ်ပြနိုင်ခဲ့တာပါ။

မက်ဆီဟာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ပေးထားနိုင်ခဲ့မှုကြောင့် ၈ ကြိမ်မြောက်ဘောလွန်းဒီအောဆုကို အခုလအကုန်ပိုင်းမှာ ကိုင်မြှောက်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။