အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ဒီမနက်က ကစားခဲ့တဲ့ ဥရုဂွေးအသင်းက အာဂျင်တီးနားအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းဖော် ဒီပေါလ်ကို ရိုင်းစိုင်းတဲ့ အမူအရာပြသခဲ့တဲ့ ဥရုဂွေးကွင်းလယ်လူ အူဂါတီရဲ့အပြုအမူနဲ့ ပတ်သက်ပြီးပြောလာခဲ့ပါတယ်။

ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့တဲ့ ဒီပွဲမှာ အာဂျင်တီးနားကစားသမားတွေနဲ့ ဥရုဂွေးကစားသမားတွေဟာ မကြာခဏထိပ်တိုက်တွေ့ခဲ့ကြပြီး မက်ဆီလည်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။မက်ဆီဟာ ဒီပွဲမှာ အနီကတ်ထိနိုင်တဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် အနီကတ်ကို ရှောင်ရှားနိုင်ခဲ့တာပါ။
အူဂါတီနဲ့ အာဂျင်တီးနားကစားသမားတွေ ထိပ်တိုက်တွေ့ဆုံတဲ့အချိန်မှာ ဝင်ရောက်လာခဲ့တဲ့ ဒီပေါလ်ကို အူဂါတီက ရိုင်းစိုင်းတဲ့အမူအရာပြသသွားခဲ့တာဖြစ်ပါတယ်။ဒီလုပ်ရပ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲတာပါ။မက်ဆီကတော့ ဒီလိုအပြုအမူလုပ်တာကို မနှစ်သက်ဘူးလို့ ပွဲအပြီးမှာပြောခဲ့ပါတယ်။
"chupa v. De Messi" Manuel Ugarte a Rodrigo De Paul. pic.twitter.com/aDAxDVgL1S
— Usuarios siendo domados (@sindicatodedom4) November 17, 2023
မက်ဆီက “ဒီလိုအမူအရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်မပြောချင်ပါဘူး။ဒါပေမယ့် လူငယ်ကစားသမားတွေအနေနဲ့ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကို လေးစားဖို့ သင်ယူရမှာပါ။အာဂျင်တီးနားနဲ့ ဥရုဂွေးပွဲဟာ အမြဲတမ်းခက်ခဲကြမ်းတမ်းပေမယ့် အားလုံးကလေးစားမှုရှိကြပါတယ်။ဒါကို သူတို့သင်ယူရမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းကတော့ ဒီရှုံးပွဲကြောင့် ၂၀၂၃ ထဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ဘရာဇီးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။