အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းတို့ဟာ ဒီမနက်က ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုန်ပွဲစဉ်တွေမှာ ကိုယ်စီရှုံးပွဲကြုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းက အိမ်ကွင်းမှာ ဥရုဂွေးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်အသင်းကတော့ ကိုလံဘီယာအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ဒီလိုအရေးနိမ့်ခဲ့တာဟာ အာဂျင်တီးနားနဲ့ ဘရာဇီးလ်အသင်းအတွက်တော့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ရက်ထဲမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ဘရာဇီးလ်နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ဒီလိုတစ်ရက်ထဲမှာ ရှုံးပွဲကြုံတွေ့တာဟာ ဒုတိယအကြိမ်မြောက်လည်းဖြစ်ခဲ့တာပါ။အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီး ဘရာဇီးလ်အသင်း ဒုတိယမြောက်ရှံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ဒီရက်သတ္တပတ်ထဲမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။