အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ၂၀၂၃ ခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ရရှိခဲ့တယ်လို့ စပိန်မီဒီယာ Dario Sport က ဖော်ပြလိုက်ပါတယ်။

ဒီဆုဟာ မက်ဆီအတွက် ၈ ကြိမ်မြောက်ဘောလွန်းဒီအောဆုဖြစ်လာမှာပါ။မက်ဆီဟာ အာဂျင်တီးနားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဒီဆုကို ရယူနိုင်ဖို့ သေချာနေခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ အခုနှစ်အတွက် ဒီဆုကို ဟာလန်း၊ ဘတ်ပီတိုနဲ့အပြိုင်ယှဉ်ပြိုင်ရဖွယ်ရှိပေမယ့် လူငယ်ကစားသမားတွေကို နောက်ကောက်ချပြီး ဘောလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်မြောက်အဖြစ် ကိုင်မြှောက်နိုင်ဖို့ ရှိနေတာပါ။

ဒီဆုပေးပွဲကို အောက်တိုဘာ ၃၀ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး သတင်းတွေထွက်ပေါ်တဲ့အတိုင်း မက်ဆီ ဒီဆုကို ရယူနိုင်သွားမလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။