ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ဆလိုဗားကီးယားအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီးနောက် နောက်ထပ်စံချိန်သစ်တစ်ခုကို ထပ်ပြီးရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တာကြောင့် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်သွင်းဂိုး ၁၂၅ ဂိုးအထိရှိသွားခဲ့ပြီဖြစ်တာပါ။ဒါကြောင့် ရော်နယ်ဒိုဟာ နိုင်ငံဘောလုံးသမိုင်းမှာ သွင်းဂိုး ၁၂၅ ဂိုးပြည့်တဲ့ ပထမဆုံးအမျိုးသားကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမစတင်ခင်အချိန်မှာလည်း ဇွန်လက လက်ရွေးစင်ပွဲပေါင်း ၂၀၀ ပြည့်ခဲ့တဲ့အတွက် ပေါ်တူဂီအသင်းရဲ့ဂုဏ်ပြုမှုကိုလည်း ရရှိခဲ့တာပါ။ရော်နယ်ဒိုအတွက်တော့ ပေါ်တူဂီအသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို စံချိန်သစ်တွေထပ်ပြီးရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရိုခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်လို့ လာမယ့် ခြေစစ်ပွဲ ၃ ပွဲမှာ ရော်နယ်ဒိုကို အနားပေးမလား ပွဲထွက်လူစာရင်းမှာ ဆက်ပြီးသုံးမလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။