မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ပုံစံကောင်းပျောက်ဆုံးခဲ့တာကြောင့် ကာရေဂါရဲ့ဝေဖန်မှုတွေခံခဲ့ရတဲ့ တိုက်စစ်မှူး ဟာလန်းဘက်ကနေ ပြန်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/pep_haaland-1024x576.webp)
ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်တင်ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာတွေကြောင့် အနည်းငယ်ရုန်းကန်နေရတာပါ။ဟာလန်းဟာ စွမ်းဆောင်ရည်ပိုင်းကျဆင်းခဲ့တဲ့အတွက် ဝေဖန်မှုတွေခံနေရပြီး မကြာသေးခင်က လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါထပ်မံဝေဖန်ခဲ့တာဖြစ်ပါတယ်။
ကာရေဂါရဲ့ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ဟာလန်းရဲ့ပစ်မှတ်က ဘောလွန်းဒီအောမဟုတ်ပါဘူး။သူ့ရဲ့ပစ်မှတ်က ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊FA ဖလားနဲ့ ကာရာဘောင်းဖလား ရယူဖို့ပါ။ဒါကို သူလုပ်နိုင်ခဲ့ပါတယ်။သူမပါဝင်ဘဲ ၂၀၂၃ ခုနှစ်အတွင်းမှာ ဆုဖလား ၅ လုံးရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။သူက ကျနော်တို့အတွက် အဓိက ကစားသမားပါ”လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/TELEMMGLPICT000373324414_17128633601630_trans_NvBQzQNjv4BqRu12ky53i1mbMuSxiBVQYVlrM-tiaWsDviFrXFq7bcQ-1024x640.jpeg)
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၃၇ ပွဲပါဝင်ကစားထားပြီး ဂိုး ၃၀ သွင်းယူကာ ၆ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။