မကြာသေးခင်ကမှ တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ လင်ဂတ်ဟာ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်နေပြီး လေ့ကျင့်ရေးကွင်းမှာ လှပတဲ့ဂိုးသွင်းယူပြသွားခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/02/1-1.jpg)
လင်ဂတ်ဟာ FC ဆိုးလ်အသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်းတိုးခွင့်ပါဝင်နေတာပါ။လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်က နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး ရာသီဝက်ကာလကျော်အထိ အသင်းသစ်မရရှိခဲ့တာဖြစ်ပါတယ်။
လင်ဂတ်ဟာ FC ဆိုးလ်အသင်းထံ မပြောင်းရွှေ့ခင် ဝက်စ်ဟမ်းနဲ့ အယ်လ်အက်တီဖတ်အသင်းတွေမှာ လေ့ကျင့်မှုပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့တာပါ။လင်ဂတ်ဟာ FC ဆိုးလ်အသင်းထံပြောင်းရွှေ့ပြီးနောက် ပါဝင်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ လှပတဲ့ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/02/2-1.jpg)
လင်ဂတ်ဟာ သူ့ရဲ့အင်စတာဂရမ်မှာ အသင်းဖော်အသစ်တွေနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ဗီဒီယိုကို တင်ထားခဲ့တာပါ။အဲ့ဒီမှာ လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာလည်း ပါဝင်နေတာပါ။FC ဆိုးလ်အသင်းဟာ ကေလိဂ်ချန်ပီယံဆုကို ၆ ကြိမ်ရရှိထားပေမယ့် ပြီးခဲ့တဲ့ရာသီက လိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။