Uncategorized

ဘောလွန်းဒီအောဆုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ ရိုဒရီ

မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီက ဘောလွန်းဒီအောကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး ဒီဆုဟာ ဈေးကွက်ရှာဖွေရေးအပေါ် အခြေခံပြီးပေးတာလို့ ပြောလိုက်ပါတယ်။

ရိုဒရီဟာ ပြီးခဲ့တဲ့ ၂၀၂၃ အတွင်းမှာ မန်စီးတီးအသင်းနဲ့အတူ ဆုဖလား ၅ လုံးရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့ နေးရှင်းလိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။ဒါပေမယ့် ရိုဒရီဟာ ၂၀၂၃ အတွက်ချီးမြှင့်တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာတော့ နံပတ် ၅ နေရာသာ ချိတ်ခဲ့တာဖြစ်ပါတယ်။မက်ဆီက ဒီဆုကို ရရှိခဲ့ပြီး အသင်းဖော် ဟာလန်းက ဒုတိယ၊ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေက တတိယနဲ့ အသင်းဖော် ဒီဘရိုင်းက စတုတ္တနေရာရပ်တည်ခဲ့တာပါ။

ရိုဒရီဟာ ဘောလွန်းဒီအောဆုနဲ့ ပတ်သက်ပြီး The Mirror နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ “ထိပ်ဆုံး ၃ ဦးထဲကျနော်မပါဝင်တဲ့အပေါ် အံ့သြနေမှာမဟုတ်ပါဘူး။ဒါကပုံမှန်ပါပဲ။တစ်ဦးချင်းဆုတွေကို ဘယ်လိုတွေပေးနေလဲဆိုတာ ကျနော်ကောင်းကောင်းနားလည်ပါတယ်။ဒါက ဈေးကွက်ရှာဖွေရေး၊ငွေကြေးနဲ့ ကြောငြာတွေအပေါ်အခြေခံတာပါ”

“အရင်ကတည်းက စပိန်ကွင်းလယ်လူတွေဟာ သူတို့နဲ့ ထိုက်တန်တဲ့အရာကို မရရှိကြပါဘူး။ကျနော်ဆိုလိုတာကို ခင်ဗျားတို့နားလည်ကြတယ်မလား။ဘောလုံးမှာ ကျနော့်အတွက် အရေးကြီးဆုံးအရာက အသင်းလိုက်စုပေါင်းလုပ်ဆောင်ပြီး အောင်မြင်မှုရရှိတာပါ”လို့ ဆိုခဲ့ပါတယ်။

၂၀၁၉ က အသလက်တီကိုအသင်းကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တဲ့ ရိုဒရီဟာ အသင်းအတွက် ၂၃၆ ပွဲပါဝင်ကစားထားပြီး ၂၃ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol