၂၀၂၃ အာဖရိကဖလားဗိုလ်လုပွဲအဖြစ် အိမ်ရှင်အိုင်ဗရီကို့စ်အသင်းနဲ့ နိုင်ဂျီးရီးယားအသင်းတို့ကစားခဲ့ရာမှာ အိုင်ဗရီကို့စ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/02/GGGPNZKW8AACgyk.jpg)
ဒီပွဲမှာ နိုင်ဂျီးရီးယားအသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး အီကောင်ကသွင်းယူခဲ့ပေမယ့် အိုင်ဗရီကို့စ်အသင်းအတွက်ချေပဂိုးကို ကတ်ဆီနဲ့ အနိုင်ဂိုးကို ဟော်လာက သွင်းယူခဲ့တာပါ။ဟော်လာဟာ ပြီးခဲ့တဲ့ ကွန်ဂိုအသင်းနဲ့ ဆီမီးဖိုင်နယ်မှာလည်း အိုင်ဗရီကို့စ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ အာဖရိကဖလားချန်ပီယံဆုကို ခက်ခက်ခဲခဲရယူနိုင်ခဲ့တာဖြစ်ပြီး အုပ်စုအဆင့်ကနေထွက်ခွာရမလိုဖြစ်တာကြောင့် နည်းပြကို ထုတ်ပယ်ခဲ့ပေမယ့် အကောင်းဆုံးတတိယနဲ့နောက်တစ်ဆင့်တက်ပြီး အခုအိမ်ကွင်းပရိသတ်တွေရှေ့မှာ ချန်ပီယံဆုနဲ့အတူ အောင်ပွဲခံခွင့်ရခဲ့တာပါ။
![](https://www.ballpwel.com/wp-content/uploads/2024/02/bcf32b5d-0a29-44c3-b5d0-9483d3b6c138.jpg)
အိုင်ဗရီကို့စ်အသင်းဟာ အာဖရိကဖလားကို ၁၉၉၂ နဲ့ ၂၀၁၅ ပြိုင်ပွဲတွေမှာ ရယူနိုင်ခဲ့တာကြောင့် အခုတစ်ကြိမ်ဟာ သူတို့အတွက် ချန်ပီယံဆုကို တတိယအကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။