ရူဘီယာလက်စ်ဟာ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ စပိန်ကွင်းလယ်လူ ဟာမိုဆိုရဲ့နှုတ်ခမ်းကို နမ်းခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရာထူးကနေ နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

ဟိုးလေးကျော်ကျော်ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရူဘီယာလက်စ်ဟာ အစောပိုင်းက ရာထူးက နုတ်ထွက်မှာမဟုတ်သလို ဒီအနမ်းဟာ နှစ်ဦးသဘောတူညီမှုနဲ့ ဖြစ်ခဲ့တာလို့ ပြောခဲ့တာပါ။ဒါပေမယ့် ဟာမိုဆိုက ဒါက နှစ်ဦးသဘောတူအနမ်းမဟုတ်ဘဲ တရားရေးဆိုင်ရာတင်သွင်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
ဟာမိုဆိုရဲ့ထွက်ဆိုအပြီးမှာ စပိန်အစိုးရရှေ့နေတစ်ဦးက ရူဘီယာလက်စ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှု၊အတင်းအကြပ်လုပ်ဆောင်တဲ့အမှုတွေနဲ့ စပိန်တရားရုံးချုပ်ထံ တင်သွင်းသွားခဲ့တာပါ။အဲ့ဒါကြောင့် ရူဘီယာလက်စ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

ရူဘီယာလက်စ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ထဌရာထူးအပြင် ယူအီးအက်ဖ်အေရဲ့အမှုဆောင်ကော်မတီဒုဥက္ကဌ ရာထူးကနေလည်း နုတ်ထွက်ထားခဲ့တာပါ။ရူဘီယာလက်စ်ဟာ လက်ရှိအချိန်မှာ ဖီဖာရဲ့ဘောလုံးနဲ့ ပတ်သက်ခွင့်လည်းဆိုင်းငံ့ခံထားရတာဖြစ်ပါတယ်။