Uncategorized

မနှစ်ကလို ဆုဖလား ၃ လုံး မန်စီးတီးထပ်ပြီးရယူနိုင်ဦးမှာမဟုတ်ဘူးလို့ဆိုခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူတို့ဟာ ပြီးခဲ့တဲ့ရာသီကလိုမျိုး ဆုဖလား ၃ လုံးထပ်ပြီး ရယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက သမိုင်းဝင်အောင်မြင်မှုဖြစ်တဲ့ ပရီးမီးယားလိဂ်၊အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ကစားသမားလူစုံပြန်ပါလာတာနဲ့အတူ ဒီနှစ်မှာလည်း ဆုဖလား ၃ လုံးထပ်ပြီးရယူနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ဂွာဒီယိုလာက ဒီနှစ်မှာတော့ မနှစ်ကလိုဖြစ်မလာနိုင်ဘူးလို့ ပြောခဲ့တာပါ။

ဂွာဒီယိုလာက”ဒါက ဒဏ္ဍာရီဖြစ်ပြီး ပိုရှုပ်ထွေးပါတယ်။အဲဗာတန်ကို အနိုင်ယူဖို့ ကြိုးစားပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။ဆုဖလား ၃ လုံးထပ်ပြီးရယူဖို့ မဖြစ်နိုင်ဘူးဆိုတာ ၉၉.၉၉ ရာခိုင်နှုန်းသေချာပါတယ်။ဒါက လွယ်ကူတယ်ဆိုရင် အဲ့ဒီအချိန်က ယူနိုက်တက်အသင်းက ထပ်ပြီးလုပ်ပြနိုင်ခဲ့မှာပေါ့။အဲ့ဒါကြောင့် မလွယ်ကူပါဘူး”လို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနေ့မှာ အဲဗာတန်အသင်းနဲ့ ကစားရမှာဖြစ်ပြီး နိုင်ပွဲရယူနိုင်ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းပွဲမကစားခင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol