ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ရှော်တာအသင်းကို အနိုင်ရခဲ့တဲ့ အာရပ်ကလပ်ချန်ပီယံများဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးထဲသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီဂိုးကြောင့် အယ်လ်နာဆာအသင်းကို ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်ခဲ့သလို သူ့အတွက်လည်း ဆော်ဒီမြေမှာ ပထမဆုံးဆုဖလားရယူနိုင်ဖို့ နီးစပ်နေခဲ့တာပါ။အသက် ၃၈ နှစ်အရွယ်ရှိကစားသမားဟာ ဒီပြိုင်ပွဲမှာ သွင်းဂိုး ၄ ဂိုးသွင်းယူထားပြီး သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဦးဆောင်နေတာဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ ပြိုင်ပွဲကစားဖို့ ကျန်ရှိနေသေးပေမယ့် ပြိုင်ပွဲကျင်းပသူတွေက ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးဆုကို ပေးခဲ့တယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

ရော်နယ်ဒိုရဲ့နောက်မှာ ၃ ဂိုးနဲ့ ဒုတိယဂိုးအများဆုံးသွင်းယူထားတဲ့ ဘန်ဇီမာရဲ့အသင်းက ပြိုင်ပွဲက ထွက်ခွာသွားခဲ့သလို ဗိုလ်လုပွဲတက်လာတဲ့ အယ်လ်ဟီလယ်အသင်းရဲ့ကစားသမား ၃ ဦးက သွင်းဂိုး ၂ဂိုးစီသွင်းယူထားကြတာပါ။ဒါပေမယ့် ရော်နယ်ဒိုက ဒီဆုကို စောစီးစွာရယူထားနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ဟာ စနေနေ့မှာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။