FC ဆိုးလ်အသင်းထံ နောက်ထပ်တစ်နှစ်ထပ်တိုးရွေးချယ်ခွင့်အပါအဝင် ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လင်ဂတ်က စိန်ခေါ်မှုအသစ်အတွက် အလွန်စိတ်လှုပ်ရှားနေတယ်လို့ ပြောခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/02/24871e22226967d204832976fdcf789d6208d58c-1024x674.jpg)
လင်ဂတ်ဟာ ပြီးခဲ့တဲ့နွေရာသီက နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ထွက်ခွာခဲ့ပြီးကတည်းက ၇ လကြာအသင်းလက်မဲ့ဖြစ်ခဲ့တာကို တောင်ကိုရီးယားအသင်းထံပြောင်းရွှေ့ပြီးနောက် အဆုံးသတ်နိုင်ခဲ့ပါတယ်။သတင်းတွေအရ လင်ဂတ်ဟာ FC ဆိုးလ်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၁၇,၅၀၀ ဝန်းကျင်ရရှိနိုင်တယ်လို့ ဖော်ပြထားပြီး လင်ဂတ်ဟာ ကေလိဂ်မှာလုပ်ခလစာအများဆုံးရတဲ့သူဖြစ်လာတယ်လို့ သိရပါတယ်။
လင်ဂတ်ဟာ ၂၀၁၇ က ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တုန်းက တစ်ပတ်ကို ပေါင် ၁ သိန်းရရှိတာဖြစ်တာပါ။လင်ဂတ်အတွက်က လက်ရှိအချိန်မှာ ဘောလုံးကစားခွင့်ရဖို့ကို ဆာလောင်တောကြောင့် သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေအများကြီးရှိတဲ့အထဲကမှ ကတိကဝတ်တွေပြသနိုင်တဲ့ FC ဆိုးလ်အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/02/1.jpg)
လင်ဂတ်က “ကျနော်အလွန်စိတ်လှုပ်ရှားနေပြီး ဒါက စိန်ခေါ်မှုအသစ်ပါ။ဒါကို ကျနော်လက်ခံလိုက်ပါပြီ။ကျနော်ဒီမှာရှိတဲ့ ယဉ်ကျေးမှုတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ။ဒါဟာ ကျနော့်ကစားသမားဘဝအတွက် အသစ်တစ်ခုပါပဲ။ကျနော်ပျော်ပျော်ရွှင်ရွှင်နဲ့ ဘောလုံးပြန်ကစားချင်ပြီး ကျနော်လုပ်နိုင်တဲ့အရာကို ကိုရီးယားပရိသတ်ထံ ချပြချင်တယ်”လို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/02/GFzCWYBW4AA-oWW.jpg)
လင်ဂတ်ရောက်ရှိလာတာနဲ့အတူ ကေလိဂ်ဟာ ပိုပြီးတိုးတက်ပြီး လူစိတ်ဝင်စားမှုပိုပြီးမြင့်မားလာနိုင်ဖို့ FC ဆိုးလ်အသင်းက မျှော်လင့်နေတာပါ။လင်ဂတ်ဟာ မကြာခင်မှာ အသင်းနဲ့ပူးပေါင်းပြီး လေ့ကျင့်မှုတွေကို စတင်တော့မယ်လို့ သိရပါတယ်။