လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ ထွက်ခွာတော့မယ့် နည်းပြ ကလောပ့်ရဲ့နေရာမှာ အစားထိုးတာဝန်ယူဖို့အတွက် လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/02/5200985-920x425-1.jpg)
ဂျာမနီလူမျိုးနည်းပြ ကလောပ့်ဟာ ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြီးခဲ့တဲ့လက တရားဝင်ကြေညာခဲ့တာပါ။ဒါပေမယ့် ကလော့ပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကတည်းက သူထွက်ခွာမယ့်အကြောင်းကို အသင်းကို အသိပေးထားခဲ့တာဖြစ်ပြီး အသင်းဘက်ကလည်း ဒီအချိန်ကတည်းက အလွန်ဆိုကို ပထမဆုံးဆက်သွယ်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်ကစားသမားဟောင်းလည်းဖြစ်တဲ့ အလွန်ဆိုဟာ အသင်းရဲ့နည်းပြသစ်အဖြစ်လျာထားတဲ့ စာရင်းရဲ့ထိပ်ဆုံးနေရာမှာ ရှိနေတာပါ။အလွန်ဆိုဟာ ဒီရာသီမှာ လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံ ၃၀ ပွဲဆက်တိုက်ရှုံးပွဲမရှိအောင် ကိုင်တွယ်ထားတာကြောင့် အသင်းကြီးအချို့ရဲ့ပစ်မှတ်ထားခြင်းခံနေရတာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/02/1698708349.0-1024x683.jpg)
လီဗာပူးလ်အသင်းကတော့ အလွန်ဆိုကို လျင်လျင်မြန်မြန်ချိတ်ဆက်ခဲ့ပေမယ့် လေဗာကူဆင်အသင်းကို ကိုင်တွယ်နေတာကြောင့် အနည်းငယ်ရှုပ်ထွေးမှုတွေရှိနေပါတယ်။အလွန်ဆိုက သူဟာ လေဗာကူဆင်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောထားပေမယ့် လီဗာပူးလ်အသင်းကို ကိုင်တွယ်ဖို့အတွက်ယတိပြတ်ငြင်းဆန်ထားခြင်းမရှိတာဖြစ်ပါတယ်။