တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ဂျော်ဒန်အသင်းကို ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ပြီး အာရှဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရလို့ စိတ်ပျက်ပေမယ့် နောင်တမရဘူးလို့ ပြောလိုက်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/02/LiveScore.jpg)
အာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ တောင်ကိုရီးယားအသင်းဟာ ဂျော်ဒန်အသင်းကို ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်မှုအသာစီးရယူနိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၁ ကြိမ်မှမရှိတဲ့အထိ ဆိုးရွားခဲ့တာပါ။ဂျော်ဒန်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှုအများအပြားပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားဂိုးသမား လက်စွမ်းပြသနေခဲ့လို့ ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်။
ဆွန်ဟောင်မင်က အာရှဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် သူဟာ ဒီပြိုင်ပွဲမှာ အရာအားလုံးကိုပေးခဲ့တဲ့အတွက် နောင်တရစရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/02/front-south-korea-reacts-afc-877360339_7269b2.jpg)
ဆွန်ဟောင်မင်က “ရှုံးခဲ့တဲ့ အတွက် စိတ်ပျက်မိပါတယ်။အနာဂတ်မှာ လက်ရွေးစင်အသင်းပိုကောင်းအောင် ကျနော်အများကြီးပိုကြိုးစားသွားမှာပါ။ဒီရလဒ်အတွက် ကြေကွဲရပါတယ်။ဂျော်ဒန်ဟာ ဒီပြိုင်ပွဲမှာ အံ့သြစရာကောင်းတဲ့ခရီးကို ရောက်နေပြီး မယုံနိုင်စရာပါပဲ။သူတို့နဲ့ ထိုက်တန်ပါတယ်”
“ကျနော်နောင်တမရပါဘူး။ရိုးရိုးသားသားပြောရရင် ကျနော်အရာအားလုံးကို ပေးခဲ့တာပါ။တကယ်ကို ခက်ခဲတဲ့ပြိုင်ပွဲပါပဲ”လို့ ဆိုခဲ့ပါတယ်။တောင်ကိုရီးယားအသင်းဟာ အာရှဖလားပြိုင်ပွဲမှာ ၁၉၆၀ ခုနှစ်က နောက်ဆုံးအကြိမ်ဗိုလ်စွဲခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာဆုဖလားနဲ့ ဝေးကွာနေတဲ့ မှတ်တမ်းဆိုးကို ဆက်ပြီးထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။