Uncategorized

အယ်လ်ဒူဟေးနဲ့ပွဲမှာ အယ်လ်နာဆာအတွက် ပါဝင်မှာမဟုတ်တဲ့ ရော်နယ်ဒို

အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်ဒူဟေးအသင်းနဲ့ ကစားမယ့် အာရှချန်ပီယံလိဂ်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၃ ပွဲစလုံးအနိုင်ရထားပြီး အယ်လ်ဒူဟေးအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ရမှတ် ၁ မှတ်ရယူနိုင်တာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။ဒါပေမယ့် အယ်လ်ဒူဟေးအသင်းနဲ့ပွဲအတွက် အယ်လ်နာဆာအသင်းလူစာရင်းမှာ ရော်နယ်ဒိုမပါဝင်ခဲ့တာကြောင့် ဒဏ်ရာရလို့ အနားယူနေရတာလားဆိုပြီး စိုးရိမ်မှုတွေရှိနေကြပါတယ်။

အယ်လ်နာဆာအသင်းနည်းပြ လူးဝစ်ကတ်စထရိုက “ရော်နယ်ဒိုဟာ ပွဲတွေအများကြီးပါဝင်ကစားထားပြီး ပွဲပန်းနေတာကြောင့် ဒီပွဲကို ပါဝင်နိုင်မှာမဟုတ်ပါဘူး။သူ့ကိုတွေ့ချင်တဲ့သူတွေရှိမှန်းသိပေမယ့် အနားယူဖို့ လိုအပ်နေပါတယ်။သူမပါဝင်ပေမယ့် ကျွန်တော်တို့မှာ ကြယ်ပွင့်တွေအများကြီးရှိပါတယ်”

“သူ့ကို ချန်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့စွမ်းဆောင်ရည်က ဆုံးဖြတ်ခဲ့တာပါ။သူဟာ ပြီးခဲ့တဲ့ ၄၈ နာရီကမှ ၁ ပွဲကစားခဲ့သလို ဒီမတိုင်ခင်မိနစ် ၁၂၀ ကစားခဲ့ရတာပါ”လို့ ဆိုခဲ့ပါတယ်။ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၂၂ ပွဲပါဝင်ကစားထားပြီး ၂၁ ဂိုးသွင်းယူထားပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol