ဒီစီယူနိုက်တက်အသင်းကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်နီဟာ ဘာမင်ဂမ်နည်းပြဖြစ်လာဖို့ စဉ်းစားခြင်းခံနေရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘာမင်ဂမ်အသင်းဟာ ဒီရာသီချန်ပီယံရှစ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရရှိနေပြီး ၅ ပွဲကစားအပြီးမှာ ရှုံးပွဲမရှိအမှတ်ပေးဇယားအဆင့် ၄ နေရာမှာရပ်တည်နေတာပါ။ဘာမင်ဂမ်အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ကိုင်တွယ်ထားတဲ့ နည်းပြ ယူအန်တက်စ်ဟာ ရိန်းဂျားစ်နည်းပြအဖြစ် ခန့်အပ်ခံရဖွယ်ချိတ်ဆက်မှုတွေခံနေရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘာမင်ဂမ်အသင်းဟာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စာရင်းပြုစုထားတဲ့အထဲမှာ ဝိန်းရွန်နီကိုပါ ထည့်သွင်းထားတာပါ။ဝိန်းရွန်နီနဲ့ ဒီစီယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီဇင်ဘာလထဲမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အခုအချိန်ထိ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ ဒီအခြေအနေကို စိတ်ပျက်နေပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေဟာ တိုးတက်မှုမရှိတဲ့အတွက် စိတ်ပျက်နေကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြောထားတာပါ။အဲ့ဒါကြောင့် ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကသာ နည်းပြအဖြစ် တရားဝင်ကမ်းလှမ်းမယ်ဆိုရင် လက်ခံသွားနိုင်တာဖြစ်ပါတယ်။