ချယ်လ်ဆီးနဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဂျွန်တယ်ရီဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းကို ကိုင်တွယ်ဖို့ အတွက် သဘောတူညီမှုရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အယ်လ်ရှာဘတ်အသင်းဟာ ဂျွန်တယ်ရီကို နည်းပြအဖြစ် ခန့်အပ်ဖို့ လွန်ခဲ့တဲ့ ၂ လထဲက ချဉ်းကပ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ သဘောတူညီမှုရရှိသွားတာပါ။အဲ့ဒါကြောင့် အယ်လ်ရှာဘတ်အသင်းဟာ ဂျွန်တယ်ရီရဲ့ပထမဆုံးနည်းပြရာထူးတာဝန်ထမ်းဆောင်မယ့် ကလပ်အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

အယ်လ်ရှာဘတ်အသင်းဟာ ဒီရာသီဆော်ဒီလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေပြီး ၅ ပွဲကစားထားအပြီးမှာ ၂ မှတ်သာရရှိထားတာပါ။အယ်လ်ရှာဘတ်အသင်းဟာ မကြာသေးခင်က အက်သလက်တီကိုအသင်းမှာ ကာရက်စ်ကို,ကို အားဖြည့်ထားပြီး ဘာနီဂါလည်း ရှိနေတာဖြစ်ပါတယ်။

ဂျွန်တယ်ရီဟာ လက်စတာနဲ့ အက်စတွန်ဗီလာအသင်းတွေမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ထားတာကြောင့် သူ့ရဲ့အရည်အသွေးတွေကို ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းမှာ ချပြရတော့မှာပါ။ဂျွန်တယ်ရီဟာ ဆော်ဒီလိဂ်မှာ သူ့ရဲ့လက်ရွေးစင်အသင်းဖော်ဟောင်း စတီဗင်ဂျရတ်နဲ့ ပြန်ပြီးတွေ့ရတော့မှာဖြစ်တဲ့အပြင် ချယ်လ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ မန်ဒီ၊ ကူလီဘာလီ၊ ကန်တီတို့နဲ့ ပြန်ပြီးတွေ့ဆုံရတော့မှာလည်း ဖြစ်ပါတယ်။