စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အေမိုရင်က လာမယ့်ရာသီ ဒီမှာဆက်ရှိမယ်လို့ အာမမခံနိုင်ကြောင်း ပြောခဲ့တာကြောင့် လီဗာပူးလ်အသင်းကို ကိုင်တွယ်ဖွယ်ရှိတဲ့ ထင်ကြေးတွေပိုပြီးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/c-1024x576.webp)
လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ ကလောပ့်နေရာမှာအစားထိုးဖို့ နည်းပြသစ်တွေရှာဖွေနေပြီး အစောပိုင်းက ကစားသမားဟောင်း ဇာဘီအလွန်ဆိုကို ပစ်မှတ်ထားခဲ့တာပါ။ဒါပေမယ့် ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းမှာပဲ ဆက်ရှိမှာဖြစ်တာကြောင့် လီဗာပူးလ်အသင်းဟာ အေမိုရင်အပြင် အခြားနည်းပြတချို့ကို ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
ဒီအချိန်မှာ အေမိုရင်က”လာမယ့်ရာသီ စပို့တင်းမှာဆက်ရှိမယ်လို့ ကျနော်အာမမခံနိုင်ပါဘူး။ဇာဘီအလွန်ဆိုပြောသလိုမျိုး ကျနော်ပြောမှာမဟုတ်ပါဘူး။ကျနော်တို့ဆွေးနွေးဖို့ အချိန်ရှိနေသေးပြီး လက်ရှိအချိန်မှာ စပို့တင်းအသင်းနဲ့ ဆုဖလားတွေရယူနိုင်ဖို့ အာရုံစိုက်နေပါတယ်။ပြီးမှ အနာဂတ်ကို ဆုံးဖြတ်သွားမယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/GettyImages-2085483226-1024x576.webp)
အေမိုရင်နဲ့ စပို့တင်းအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေတာဖြစ်ပေမယ့် စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀ သန်းပေးရင် ခေါ်ယူလို့ရတဲ့အချက်ရှိတာကြောင့် လီဗာပူးလ်အသင်းဟာ ပေါ်တူဂီလူမျိုးနည်းပြကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။