Uncategorized

ဒေါ့မွန်နဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ အန်ကန်ကူရဲ့အခြေအနေကို ပြောပြခဲ့တဲ့ ပိုချက်တီနို

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဒေါ့မွန်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဒဏ်ရာကြောင့် ပွဲချိန် ၂၂ မိနစ်မှာတင်လူစားလဲခဲ့ရတဲ့ အန်ကန်ကူရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပြောလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲစတင်ဖို့ ၁၀ ရက်လောက်သာလိုတော့တဲ့ အချိန်မှာ အန်ကန်ကူရဲ့ဒဏ်ရာက ချယ်လ်ဆီးအသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့တာပါ။ဒါပေမယ့် နည်းပြ ပိုချက်တီနိုက အန်ကန်ကူရဲ့ဒဏ်ရာကြီးကြီးမားမားမဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “ဆရာဝန်တွေက သူ့ကိုစစ်ဆေးနေပြီး ကြီးကြီးမားမားမဖြစ်ဖို့ မျှော်လင့်ပါတယ်။ဒီဖြစ်ရပ်မှာ ပင်နယ်တီရသင့်သလို သူ့ရဲ့ဒူးမှာ တစ်ခုခုခံစားနေရတယ်လို့ ပြောခဲ့ပါတယ်။ကျွန်တော်ကတော့ ဆိုးဆိုးရွားရွားမဖြစ်ဖို့ မျှော်လင့်ပါတယ်”

“သူအမြန်ဆုံးအသင်းထံ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။သူ့ကို အကဲဖြတ်ဖို့ ရက်အနည်းငယ်လိုပါတယ်”လို့ ဆိုခဲ့ပါတယ်။အန်ကန်ကူဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနေတာပါ။

Aug 2, 2023; Chicago, Illinois, USA; Borussia Dortmund defender Julian Ryerson (26) battles for the ball against Chelsea forward Christopher Nkunku (45) during the first half at Soldier Field. Mandatory Credit: Jon Durr-USA TODAY Sports

ချယ်လ်ဆီးအသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest