Uncategorized

မန်စီးတီးနဲ့ သရေကျခဲ့တာကို အာဆင်နယ်မကျေနပ်နိုင်ဘူးလို့ဆိုခဲ့တဲ့ ဆာလီဘာ

အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာက မန်စီးတီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာကို သူတို့ကျေနပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ သရေကျခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့တာပါ။အာဆင်နယ်အသင်းဟာ ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၂ နေရာမှာရပ်တည်နေပြီး မန်စီးတီးအသင်းက ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ သရေကျခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာနောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်းအမှတ်ပေးလိဂ်ပွဲစဉ်မှာ ဂိုးမသွင်းယူနိုင်ခဲ့တာပါ။ဆာလီဘာကတော့ မန်စီးတီးအသင်းဆီကနေ ၃ မှတ်ရယူနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဆာလီဘာက”ကျနော်တို့ဟာ သရေကျခဲ့တဲ့အတွက် မကျေနပ်ပေမယ့် အဆင်ပြေပါတယ်။ကျနော်တို့ဟာ တချို့ပွဲတွေကနေ သင်ယူရပါတယ်။ပွဲကို အနိုင်မရရင်တောင် အရှုံးပေးလို့မရပါဘူး။ဒါကို ကျနော်တို့ ကောင်းမွန်စွာလုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့် အမှတ်တစ်မှတ်ရယူနိုင်ခဲ့ပေမယ့် ကျနော်တို့ မကျေနပ်နိုင်ပါဘူး”လို့ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol