Waalwijk နဲ့ အေဂျတ်စ်အသင်းတို့ ကစားခဲ့တဲ့ ဒတ်ချ်လိဂ်ပွဲစဉ်မှာ အိမ်ရှင်အသင်းဂိုးသမား သတိလစ်သွားခဲ့တာကြောင့် ပွဲကိုဖျက်သိမ်းခဲ့ရပါတယ်။

ဂိုးသမား ဗာဆန်ဟာ အေဂျတ်စ်အသင်းတိုက်စစ်မှူး ဘရော့ဘီနဲ့ တိုက်မိခဲ့ပြီးနောက် သတိလစ်သွားခဲ့တာကြောင့် ပွဲကို ပွဲချိန် ၈၄ မိနစ်မှာ ရပ်တန့်ခဲ့ရပါတယ်။ကွင်းထဲမှာ ဗာဆန် ကုသမှုခံယူနေတဲ့အချိန်မှာ ကစားသမားအချို့ဟာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။
Waalwijk အသင်းက “ဆေးကုသမှုခံယူအပြီးမှာ ဗာဆန်ဟာ သတိပြန်ရလာခဲ့ပြီး ဆက်လက်ကုသမှုတွေခံယူဖို့ ဆေးရုံကို ပို့ဆောင်ထားပါတယ်။ဒီအဖြစ်အပျက်အတွက် အလွန်တုန်လှုပ်မိပါတယ်။မကြာခင်မှာ ကျွန်တော်တို့နဲ့အတူ သူရှိနေဖို့ မျှော်လင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ပွဲကိုမဖျက်သိမ်းခင်အချိန်အထိ အေဂျတ်စ်အသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရနေခဲ့တာပါ။အေဂျတ်စ်အသင်းကတော့ ဒါဟာ ဘောလုံးထက်ပိုပြီး ဗာဆန်အမြန်ဆုံးပြန်ကောင်းလာနိုင်ဖို့ ဆုတောင်းကြောင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။