မက်ဆီဟာ အပြောင်းအရွှေ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ ၂၀၂၃-၂၄ ရာသီသစ်အတွက် အိမ်ကွင်းဂျာစီ မိတ်ဆက်တဲ့ ဗီဒီယိုမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားဟာ ပြင်သစ်ကလပ်ကနေ ထွက်ခွာဖို့ ရှိနေတာပါ။မက်ဆီကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာအသင်းအပြင် ဆော်ဒီကလပ်တွေက ချိတ်ဆက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ ရာသီသစ်အိမ်ကွင်းဂျာစီ မိတ်ဆက်တဲ့ပွဲမှာ ဘတ်ပီ၊ဗာရတ်တီတို့နဲ့အတူ ပါဝင်ခဲ့တာပါ။ မက်ဆီနဲ့ နေမာတို့ဟာ ဂျာစီသစ်မိတ်ဆက်ပွဲမှာ ပါဝင်ခဲ့ပေမယ့် ရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ရှိတာကြောင့် လာမယ့်ရာသီမှာ ဒီဂျာစီကို ထပ်ပြီး ဝတ်ဆင်နိုင်ဖို့ မရှိတော့တာဖြစ်ပါတယ်။

အိမ်ကွင်းဂျာစီအသစ်ရဲ့ ပထမဆုံးပုံမှာ ပါဝင်ခဲ့တဲ့ ဘတ်ပီကတော့ အသင်းရဲ့ အနာဂတ်ကို အတည်ပြုထားလို့ လာမယ့်ရာသီ ပီအက်စ်ဂျီအသင်းမှာ ဆက်ပြီးရှိမှာပါ။မက်ဆီတို့ဟာ အခုနှစ်ရာသီ လီဂူးဝမ်းနောက်ဆုံးပွဲအဖြစ် ကလားမန့်အသင်းနဲ့ပွဲမှာ ဆုဖလားအောင်ပွဲခံဖို့ ရှိနေတာဖြစ်ပါတယ်။
မက်ဆီကတော့ အခုရာသီအကုန်မှာ သူ့ရဲ့ အနာဂတ်ကို ပြောမှာဖြစ်လို့ ပီအက်စ်ဂျီမှာ ဆက်ရှိမလား၊ အခြားဘယ်အသင်းသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတာဖြစ်ပါတယ်။