Uncategorized

ကမ္ဘာ့ဖလားမှာ အာနိုးလ်ကိုယုံစားလိုက်ရင် ဒုက္ခရောက်မယ်လို့ ဂယ်ရီနဗီးလ်ပြော

ယူနိုက်တက်နဲ့ အင်္ဂလန်ညာနောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က အာနိုးလ်အနေနဲ့ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ကို ဒုက္ခရောက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အာနိုးလ်ဟာ လက်ရှိဘောလုံးရာသီမှာ ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိဘဲ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် လက်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းကလည်း ဒဏ်ရာပြဿနာတွေ များပြားနေပါတယ်။ အာနိုးလ်နဲ့ နေရာတူ ဝေါ်လ်ကာ၊ ရီစီဂျိမ်းစ်တို့ဟာ ကမ္ဘာ့ဖလားနဲ့ လွဲချော်ဖို့ သေချာနေပြီး အာနိုးလ်က သေချာပေါက် အရွေးခံရဖို့ရှိတဲ့အပြင် ပွဲထွက်ခွင့်ပါ ရရှိနိုင်ပါတယ်။ ဒါပေမယ့် နဗီးလ်ကတော့ “အာနိုးလ်နဲ့ ပတ်သက်လို့က တကယ်ကို ခက်ခဲတဲ့ကိစ္စပါပဲ။ သူက ထူးချွန်တဲ့ အရည်အသွေးရှိတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျနော်တို့ အခု ပြောနေတာက ရှုံးထွက်ပြိုင်ပွဲအကြောင်းပါ” “အင်္ဂလန်နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အဆုံးအဖြတ်ပေးသွားမှာက အခိုက်အတန့်လေးတွေပါပဲ။ အာရုံစိုက်ရမယ့် အမှားတွေပေါ့။ ဒီလိုအနေအထားမျိုးမှာ ဆောက်ဂိတ်အနေနဲ့ အာနိုးလ်နဲ့အတူ […]

Uncategorized

ကမ္ဘာ့ဖလားမကန်ရရင် လက်ရွေးစင်ကနေ အနားယူဖို့ အာနိုးလ်ကို အဘွန်လဟော်တိုက်တွန်း

ပရီးမီးယားလိဂ်ရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်းကြီး ဂါဘရီရယ်အဘွန်လဟော်က နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပိုင်း ကျဆင်းနေတဲ့ လီဗာပူးနဲ့ အင်္ဂလန်နောက်ခံလူ အာနိုးလ်နဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အာနိုးလ်ဟာ ဒီရာသီမှာ ခြေစွမ်းပိုင်းကျဆင်းနေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အင်္ဂလန်မှာလည်း သူ့ရဲ့နေရာက မသေချာတော့ဘဲ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ဂျာမနီနဲ့ပွဲမှာ အသင်းလူစာရင်းထဲတောင် မပါဝင်ခဲ့ပါဘူး။ ရီစီဂျိမ်းစ်၊ ဝေါ်လ်ကာတို့လို အရည်အသွေးမြင့် အင်္ဂလန်နောက်ခံအစွန်လူတွေရှိနေတာကြောင့်လည်း အာနိုးလ်တယောက် ကမ္ဘာ့ဖလားလိုက်ခွင့်ရဖို့ မသေချာပါဘူး။ ဒီလိုအချိန်မျိုးမှာ အဘွန်လဟော်က “ကျနော်သာ အာနိုးလ်နေရာမှာဆိုရင် ကမ္ဘာ့ဖလားမှာ ကစားခွင့်မရရင်တော့ လက်ရွေးစင်အသင်းကနေ အနားယူလိုက်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အဘွန်လဟော်ဟာ အငြင်းပွားဖွယ် သုံးသပ်ချက်တွေ မကြာခဏ ပြောလေ့ရှိသူတယောက်ပါ။ ဒီရာသီအစောပိုင်းမှာလည်း ယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ပတ်သက်လို့ အဘွန်လဟော်က အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ မာတီနက်ဇ် ခြေစွမ်းပြနေချိန်မှာတောင် […]

Uncategorized

ယူနိုက်တက်ကိုရှုံးတဲ့ပွဲအပြီး ဂယက်ရိုက်ခဲ့ကြောင်း အာနိုးလ်ဝန်ခံ

လီဗာပူးရဲ့ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုးလ်က ယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲအပြီးမှာ အသင်းတွင်း ရိုက်ခတ်မှုရှိခဲ့ပြီး ဒီပွဲအရှုံးကလည်း ထိုက်တန်ခဲ့ကြောင်း ဖွင့်ဟဝန်ခံလာပါတယ်။ ဒီရာသီ ပွဲစဥ် (၃) မှာ ယူနိုက်တက်က လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ယူနိုက်တက်ဟာ အဲ့ဒီပွဲမတိုင်ခင်မှာ အဆင့် (၂၀) ကို ရောက်ရှိနေပေမယ့် လီဗာပူးကိုနိုင်တဲ့ပွဲက သူတို့အတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းတည်းက ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ ဆက်တိုက်နိုင်ပွဲရခဲ့ပြီး လီဗာပူးရဲ့အထက်မှာ ရပ်တည်နေပါတယ်။ ဒီပွဲနဲ့ ပတ်သက်လို့ အာနိုးလ်က “ပွဲပြီးချိန်မှာ ကျနော်တို့ နည်းပြနဲ့ တိုက်ရိုက်စကားပြောခဲ့ပြီး နောက်တနေ့လည်း အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒါတွေက စိတ်ခံစားချက်အပေါ် မူတည်ပြီး လုပ်ခဲ့တာတွေ မဟုတ်ပါဘူး” “ယူနိုက်တက်နဲ့ပွဲက ပွဲကြီးပွဲကောင်းဖြစ်သလို ဆိုးရွားတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ပွဲတပွဲပေါ့။ ရလဒ်က […]

Uncategorized

ဒီပုံစံနဲ့ အာနိုးလ် ကမ္ဘာ့ဖလားမှာ ပွဲထွက်ခွင့်မရဘူးလို့ ဖာဒီနန် သတိပေးပြောကြား

ယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူဟောင်းကြီး ရီယိုဖာဒီနန်က လီဗာပူးရဲ့ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုးလ်အနေနဲ့ လက်ရှိပုံစံအတိုင်း ဆက်သွားနေရင် ကမ္ဘာ့ဖလားမှာ အင်္ဂလန်နဲ့အတူ ပွဲထွက်ခွင့်ရရှိဖို့ ခက်ခဲမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူဟာ ဒီရာသီ အစပိုင်းမှာ လီဗာပူးရဲ့ မတည်ငြိမ်တဲ့ ရလဒ်ပိုင်းတွေနဲ့အတူ ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။ အထူးသဖြင့် တိုက်စစ်လိုက်ပါမှုကို ပိုမိုအားသန်တဲ့ အာနိုးလ်က အသင်းခံစစ်ပိုင်းက ဂိုးတွေပေးနေရချိန်မှာ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နာပိုလီကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ အာနိုးလ်ရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်က တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လီဗာပူးပရိသတ်တွေကပါ ဒီကစားသမားကို ပြန်လည် ဝေဖန်ခဲ့ရပါတယ်။ မနေ့ညကပွဲမှာတော့ လီဗာပူးက အေဂျက်စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ်နိင်ပွဲကို […]

Uncategorized

ဆိုးရွားတဲ့ပုံစံပြခဲ့တဲ့ အာနိုးလ်ကို ရော်ဘီဖောင်လာနဲ့ဖာဒီနန်ဝေဖန်

မနေ့ညက ကစားခဲ့တဲ့ နာပိုလီနဲ့လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ နာပိုလီက ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးနောက်ခံလူ အာနိုးလ်ကို ဂန္တဝင်ကစားသမားဟောင်းတွေဖြစ်တဲ့ ဖာဒီနန်နဲ့ဖောင်လာတို့က ဝေဖန်ခဲ့ကြပါတယ်။ ဒီပွဲမှာ လီဗာပူးတို့ ပထမပိုင်းမှာတင် သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းစစချင်း လေးဂိုးပြတ်အထိ အရေးနိမ့်ခဲ့ပါတယ်။ လီဗာပူးအတွက် အရှက်ပြေတဂိုးကို ဒီယက်ဇ်က သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ၄-၁ ဂိုးနဲ့ လီဗာပူးတို့ ခြေပြတ်ဂိုးပြတ်ရှုံးခဲ့တာပါ။ ဒီပွဲမှာ လီဗာပူးတို့ ပေးလိုက်ရတဲ့ ဒုတိယဂိုးနဲ့တတိယဂိုးအတွက် အာနိုးလ်က ပွဲအပေါ် အာရုံစူးစိုက်မှု တော်တော်လေး ကင်းမဲ့နေခဲ့ပြီး နာပိုလီ တိုက်စစ်က လိုသလို လုပ်ပြသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဖောင်လာက “နာပိုလီ ဘယ်လောက်ကောင်းလဲဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမယ့် လီဗာပူး ကစားပုံကလည်း ဆိုးရွားလွန်းပါတယ်” “ဂျိုးဂိုးမက်ဇ်ကလည်း ပထမပိုင်းမှာ […]