Uncategorized

လခမရလို့ ပြီးခဲ့တဲ့အောက်တိုဘာမှာ အသင်းကထွက်ဖို့ လုပ်ခဲ့တဲ့ အမ်ဘာပေ

ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့် အမ်ဘာပေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ပြင်သစ်မြေကို စွန့်ခွာဖို့ သတင်းထွက်ခဲ့ပြီး အခုချိန်မှာတော့ အဆိုပါဖြစ်ရပ်ရဲ့ အဓိကအကြောင်းရင်းက ထွက်ပေါ်လာခဲ့ပါတယ်။ အမ်ဘာပေဟာ တလလုပ်ခ ပေါင် (၅.၂၁) သန်းအထိ ရရှိနေပြီး ပြီးခဲ့တဲ့နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့အတွက်လည်း အပိုဆုကြေး ပေါင် (၁၅၆) သန်း ရရှိခဲ့သူပါ။ ဒါ့အပြင် သူဟာ စာချုပ်သစ်အတွက် တနှစ်ပြည့်သွားတိုင်း ပေါင်သန်း (၆၀) ကို (၃) နှစ်ပြည့်တဲ့အထိ ရရှိမှာဖြစ်ပါတယ်။ ဒါကတော့ အမ်ဘာပေအတွက် သစ္စာရှိကြေးလို့ ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ (၅) ရက်နေ့မှာ ကစားမယ့် ပီအက်စ်ဂျီနဲ့ ဘင်ဖီကာတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မတိုင်ခင်မှာတော့ အမ်ဘာပေက သူရသင့်ရထိုက်တဲ့ လစာငွေကြေးကို မရရှိခဲ့ဘူးလို့ သိရှိရပါတယ်။ […]

Uncategorized

“ပြင်သစ်သမ္မတကပါ ကျနော့်ဆီကို ဖုန်းတွေဆက်ခဲ့တာဗျာ” – အမ်ဘာပေ

ပီအက်စ်ဂျီနဲ့ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့် အမ်ဘာပေက ပြင်သစ်သမ္မတ မက်ခရွန်ကိုယ်တိုင်က သူ့ဆီကို ဖုန်းခေါ်ဆိုပြီး ပီအက်စ်ဂျီမှာ ဆက်နေဖို့ စည်းရုံးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အမ်ဘာပေဟာ (၂၀၂၂) ဇန်နဝါရီကစလို့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ မေမှာတော့ ပီအက်စ်ဂျီနဲ့ပဲ (၃) နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အမ်ဘာပေတယောက် ရီးရဲလ်မက်ဒရစ်ကို သေချာပေါက် ပြောင်းရွှေ့မယ်လို့ အားလုံးက ယုံကြည်ခဲ့တာပါ။ ဒါပေမယ့် အမ်ဘာပေက နောက်ဆုံးအချိန်မှ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်သွားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး အမ်ဘာပေကို ပြင်သစ်သမ္မတ မက်ခရွန်နဲ့ အခြားသော နိုင်ငံရေးအင်အားစုတွေ၊ ကာတာရဲ့ စီးပွားရေးအခရာပုဂ္ဂိုလ်တွေက စည်းရုံးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အခုချိန်မှာတော့ အမ်ဘာပေက ပြင်သစ်သမ္မတရဲ့ စည်းရုံးမှုနဲ့ ပတ်သက်လို့ […]

Uncategorized

အမ်ဘာပေက ကလေးပဲရှိပါသေးတယ်လို့ အီဘရာဟီမိုဗစ် ထိုးနှက်ဝေဖန်

အေစီမီလန်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က ပီအက်စ်ဂျီ ကြယ်ပွင့် တိုက်စစ် ကစားသမား အမ်ဘာပေကို ကလေးနဲ့ နှိုင်းယှဥ်ပြီး ထိုးနှက်ဝေဖန်လိုက်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ အတ္တကြီးနေတယ်လို့ ဝေဖန်ခံနေရသူပါ။ အမ်ဘာပေဟာ ပြီးခဲ့တဲ့မေလမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီး (၃) နှစ် စာချုပ်အတွက် စံချိန်တင်ဝင်ငွေကို ရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အသင်းမှာ ဆက်ဆံရေးမပြေလည်ဘဲ ပြဿနာပေါင်းစုံ ဖြစ်ပွားလျက်ရှိပါတယ်။ အဲ့ဒါကြောင့်လည်း အီဘရာဟီမိုဗစ်က “အမ်ဘာပေက ပီအက်စ်ဂျီမှာ ဆက်နေတာ အသင်းအတွက် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ပေမယ့် သူ့အတွက်တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက သူ့ကိုယ်သူ အသင်းအတွက် ပိုမိုအရေးကြီးတဲ့ အနေအထားတရပ်ကို တွန်းပို့လိုက်လို့ပါ” “ပြီးတော့ အသင်းက သူ့အတွက် ဒီသော့တွေ ပေးလိုက်ပါတယ်။ ဒါပေမယ့် ခင်ဗျား သိထားရမှာတခုက ခင်ဗျားက […]

Uncategorized

အမ်ဘာပေက ဒိုကြီးနဲ့အွန်နရီကို ရောထားတဲ့ ကစားသမားမျိုးလို့ ဖာဒီနန်ချီးကျူး

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က ပြင်သစ်လက်ရွေးစင် ကြယ်ပွင့် အမ်ဘာပေဟာ ဘရာဇီးဂန္တဝင်ကစားသမား ရော်နယ်ဒိုနဲ့ ပြင်သစ်ဂန္တဝင်ကစားသမား အွန်နရီတို့ကို ရောစပ်ထားတဲ့ ကစားသမားမျိုးလို့ ချီးကျူးပြောကြားခဲ့ပါတယ်။ အမ်ဘာပေဟာ မနေ့ညက ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုးတဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဖာဒီနန်က အမ်ဘာပေနဲ့ ပတ်သက်လို့ အခုလိုပဲ ချီးကျူးခဲ့ပါတယ်။ ဖာဒီနန်က “ကျနော့်အထင်ကို ပြောရရင် အမ်ဘာပေက ရော်နယ်ဒိုကြီးနဲ့ အွန်နရီတို့ကို ရောစပ်ထားတဲ့ ကစားသမားမျိုးပါ။ နည်းနည်းလေးပေါ့။ ကျနော် အရမ်းကြီး ခေတ်နောက်ပြန်ဆွဲနေတာမျိုးဖြစ်နိုင်ပါတယ်” “ဒါပေမယ့် ဒါက ထိပ်တန်းအဆင့် ရောစပ်မှုတခုပါပဲ။ ခင်ဗျားတို့လည်း ဒီရောစပ်မှုကို စိတ်ကူးယဥ်ကြည့်ကြပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဖာဒီနန်ရဲ့ ပြောစကားကို ချဲလ်ဆီး ကစားသမားဟောင်း ဂျိုကိုးလ်ကလည်း ထောက်ခံခဲ့ပါတယ်။ အမ်ဘာပေဟာ လက်ရှိ […]

Uncategorized

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေရဲ့ စာချုပ်အတွင်းက လျှို့ဝှက်ချက်တွေ ပေါက်ကြားလာ

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေရဲ့ စာချုပ်သစ်အတွင်းက လျှို့ဝှက်ချက်တွေ ပေါက်ကြားလာခဲ့ကြောင်း သိရှိရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေအစောပိုင်းကမှ ပီအက်စ်ဂျီနဲ့ သုံးနှစ် စာချုပ်သက်တမ်းတိုးခဲ့တာပါ။ ဒီကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်က အမ်ဘာပေကို ဘက်ပေါင်းစုံကနေ အင်အားကုန်သုံး စည်းရုံးခဲ့တာကြောင့် ဒီကစားသမားက ပြင်သစ်မြေမှာပဲ ဆက်ရှိနေတာပါ။ အသက် (၂၃) နှစ်အရွယ် ဒီကစားသမားဟာ စာချုပ်သစ်အတွက် သုံးနှစ်အတွင်း ပေါင် (၅၄၇) သန်းကျော် ရရှိမယ်လို့ သိရှိရပါတယ်။ ဒါဟာ ဒီကစားသမားကို အားကစားသမိုင်းတလျှောက် လုပ်ခ အများဆုံးရ ကစားသမားအဖြစ် မှတ်တမ်းဝင်စေနိုင်ပါတယ်။ ဒီကစားသမားရဲ့ စာချုပ်မှာ မျိုးစုံသော အချက်အလက်တွေ ပါဝင်ပေမယ့် ပီအက်စ်ဂျီ ချန်ပီယံလိဂ် ရရှိရင် ဒါမှမဟုတ် အမ်ဘာပေ ဘလွန်းဒီအော်ရရှိခဲ့ရင်ဆိုတဲ့ […]

Uncategorized

အမ်ဘာပေအတွက် နည်းဗျူဟာအသစ်ပါ ရေးဆွဲပေးနေပြန်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ အမ်ဘာပေ အသင်းမှာ ပိုမိုအံဝင်အောင် ကစားနိုင်ဖို့အတွက် နည်းဗျူဟာအစီအစဥ်အသစ်ကို ရေးဆွဲပေးနေတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေကမှ အသင်းနဲ့ (၃) နှစ် စာချုပ်သက်တမ်း တိုးထားတာပါ။ ဒါပေမယ့် အသင်းဘက်က သူ့ကို အဓိက,ကစားသမားအဖြစ် ထားပေးမယ်ဆိုတဲ့ ကတိကို ချိုးဖောက်ခဲ့ကြောင်း အမ်ဘာပေက ယုံကြည်နေပါတယ်။ အဲ့ဒါကြောင့်လည်း လာမယ့်ဆောင်းရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ အမ်ဘာပေကိုယ်တိုင်က ဒီသတင်းတွေကို ငြင်းဆန်ထားသည့်တိုင် ရပ်တန့်သွားခြင်းတော့ မရှိသေးပါဘူး။ အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ဗဟိုတိုက်စစ်မှူး ဂျရူးရှိနေတာကြောင့် လွတ်လွတ်လပ်လပ် ကစားခွင့်ရှိပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီမှာတော့ အမ်ဘာပေတယောက် လွတ်လွတ်လပ်လပ် ကစားခွင့်မရဘူးလို့ ယူဆနေပါတယ်။ ဒီအကြောင်းကိုလည်း ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက နားလည်ထားပြီး အမ်ဘာပေကို စိတ်တိုင်းကျ ကစားခွင့်မပေးထားဘူးလို့ […]

Uncategorized

နေမာနဲ့အမ်ဘာပေ ဆက်ဆံရေးကောင်းပါတယ်လို့ လိုက်ရှင်းနေရတဲ့ ပီအက်စ်ဂျီနည်းပြ

ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက အသင်းရဲ့ကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ နေမာ နဲ့ အမ်ဘာပေတို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီနှစ်ယောက်က လက်ရှိဘောလုံးရာသီမှာ တောက်လျှောက် ပြဿနာဖြစ်ပွားနေတာပါ။ မောင့်ပယ်လီယာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပင်နယ်တီလုကန်ခဲ့သလို နောက်တပွဲမှာလည်း နေမာကသာ အမ်ဘာပေ ကန်ရမယ့် ပင်နယ်တီကို ကန်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အမ်ဘာပေက အပိုင်အခွင့်အရေးကို နေမာဆီ မခင်းပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကန်သွင်းခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီနှစ်ယောက်အကြား ဆက်ဆံရေးပြိုကွဲနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက “နေမာနဲ့အမ်ဘာပေအကြား ဆက်ဆံရေးက ကောင်းပါတယ်။ ဒီအတွက် ဘာမှပြောနေစရာမရှိပါဘူး” “သူတို့က လေ့ကျင့်ခန်းတူတူဆင်းတယ်၊ သွေးပူလေ့ကျင့်ခန်းတွေလည်း အတူတူလုပ်နေပါတယ်။ ဂျူဗင်တပ်စ်နဲ့ပွဲက ပွဲအခြေအနေကြောင့်ပါ။ ပင်နယ်တီလုကန်ခဲ့တာတွေကလည်း ကျော်သွားလို့ရတဲ့ […]

Uncategorized

နေမာကို ပေးရင်ဂိုးရမှာသေချာပေမယ့် ကိုယ်တိုင်ကန်သွင်းခဲ့ပြီး လွဲခဲ့တဲ့ ဘတ်ပီ

ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘတ်ပီဟာ သေချာပေါက် ဂိုးရနိုင်မယ့် အခွင့်အရေးကို ပေးပို့ခဲ့ခြင်းမရှိလို့ နေမာဟာ ဒေါသထွက်ပြီး အော်ဟစ်နေခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီအသင်းက ဂျူဗင်တပ်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဘတ်ပီက ၂ ဂိုးစလုံးသွင်းယူခဲ့တာပါ။နေမာဟာ ဒီပွဲမှာ ဘတ်ပီဂိုးသွင်းယူနိုင်အောင် လှပတဲ့ ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းတတိယဂိုးရနိုင်မယ့် အခြေအနေရှိခဲ့တာပါ။ဒါကို ဘတ်ပီက နေမာကို ပေးပို့ခဲ့ခြင်းမရှိဘဲ တိုက်ရိုက်ကန်သွင်းခဲ့တာမှာ ဂိုးဘေးက ထွက်သွားခဲ့တာဖြစ်ပါတယ်။နေမာဟာ ဒါကို စိတ်ပျက်ပြီး အော်ဟစ်နေခဲ့တာပါ။ ဒီဂိုးမဝင်ပြီး မိနစ်အနည်းငယ်အကြာမှာ ဂျူဗင်တပ်စ်အသင်း ချေပဂိုးရသွားခဲ့တာကြောင့် ပီအက်စ်ဂျီအသင်း နောက်ထပ်ဂိုးမပေးရအောင် ကစားခဲ့ရတာဖြစ်ပါတယ်။မကြာသေးခင်ကလည်း နေမာနဲ့ ဘတ်ပီကြားမှာ တင်းမာမှုတွေရှိခဲ့သေးတာပါ။ ဒါကို ဘတ်ပီက ဒီပွဲမတိုင်ခင်မှာ ငြင်းပယ်ခဲ့ပြီး သူဟာ နေမာအပေါ်မှာ အလွန်လေးစားမှုရှိတယ်လို့ […]

Uncategorized

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို အသုံးပြုပြီး ပြင်သစ်လက်ရွေးစင်အသင်းဖော်ကို ကျိန်စာတိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေအပေါ် စုံစမ်းစစ်ဆေးနေကြပါတယ်။ ပေါ့ဘာကတော့ ဒီလိုစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အောက်လမ်းဆရာကို အသုံးပြုခဲ့တာကလည်း ဒဏ်ရာပြဿနာတွေကနေ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက်သာဖြစ်ကြောင်း ပေါ့ဘာက ဖြေရှင်းခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို အုပ်စုဖွဲ့ ငွေညှစ်ခြိမ်းခြောက်ခဲ့တဲ့ဂိုဏ်းမှာလည်း သူ့အကို ပါဝင်ကြောင်း ပြန်လည်စွပ်စွဲခဲ့ပါတယ်။ ဒီသတင်းတွေအပေါ်မှာ အမ်ဘာပေက “ဒါတွေကြောင့် ကျနော်နဲ့ အသင်းဖော်အကြား ဆက်ဆံမှုကို အကျိုးသက်ရောက်မှုရှိစေမှာ မဟုတ်ပါဘူး။ ပေါ့ဘာက ကျနော့်ဆီကို ဖုန်းခေါ်ပြီး သူ […]