Uncategorized

ဂျီရိုနာကိုသရေကျခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ကို အန်ဆယ်လော့တီ လှောင်ပြောင်ခဲ့

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ ဂျီရိုနာနဲ့ တဂိုးစီသရေကျခဲ့တဲ့ လာလီဂါအိမ်ကွင်းပွဲအပြီးမှာ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို လှောင်ပြောင် ပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ ဗီနီရှပ်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အဆန်စီယိုရဲ့ လက်ထိဘောကြောင့် ပြိုင်ဘက် ကစားသမား စတူအာနီရဲ့ ပင်နယ်တီသွင်းဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ရိုဒရီဂိုက အနိုင်ဂိုးသွင်းပေမယ့် ဒီသွင်းဂိုးမှာ ဂျီရိုနာဂိုးသမား ဂက်ဇာနီဂါ ပြစ်ဒဏ်ကျူးလွန်ခံရတယ်ဆိုပြီး ပယ်ဖျက်ခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်လည်း ဒီပွဲမှာ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီသရေပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်ရှိနေသည့်တိုင် ဒုတိယနေရာက ဘာစီလိုနာနဲ့ တမှတ်သာ ကွာဟပါတော့တယ်။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာ အန်ဆယ်လော့တီက “ပထမဖြစ်ရပ်က ရှင်းလင်းပါတယ်။ ဒါ ပင်နယ်တီမဟုတ်ပါဘူး။ အဆန်စီယိုက သူ့လက်နဲ့ ဘောလုံးကို […]

Uncategorized

ကမ္ဘာ့ဖလားမတိုင်ခင် ဘန်ဇီမာကို အရဲစွန့်အသုံးပြုမှာမဟုတ်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက လာမယ့် ကမ္ဘာ့ဖလားမတိုင်ခင် ပွဲစဥ်တွေမှာ အသင်းရဲ့ တိုက်စစ်မှူး ဘန်ဇီမာကို အရဲစွန့်အသုံးပြုသွားမှာမဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ မနေ့က ဆီဗီလာကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဥ်မှာ ဘန်ဇီမာက ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲစခါနီးမှ ဘန်ဇီမာတယောက် အသင်းလူစာရင်းကနေ နှုတ်ထွက်ခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင်မှာ ဘန်ဇီမာ၊ ကော်တွိုက်စ်တို့ဟာ သူတို့ရရှိခဲ့တဲ့ ဘလွန်းဒီအော်ဆု၊ လက်ဗ်ယာရှင်ဆုတို့ကို ဘာနေဗျူးပရိသတ်တွေနဲ့ မိတ်ဆက်ခဲ့ပါသေးတယ်။ ဘန်ဇီမာ မပါဝင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ရလဒ်ပိုင်းက တိမ်းစောင်းမှုမရှိခဲ့ပါဘူး။ ဆီဗီလာကို ချေပဂိုးတဂိုးပြန်ပေးခဲ့ရပေမယ့် ပွဲအပြီးမှာတော့ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲအပြီးမှာလည်း အန်ဆယ်လော့တီက “ဘန်ဇီမာက ကျနော်တို့အတွက် အရေးပါတဲ့ ကစားသမားပါ” “ဒုတိယရာသီဝက်မှာလည်း သူက ကျနော်တို့အတွက် အရေးပါတဲ့ ကစားသမားအဖြစ် […]

Uncategorized

ရော်နယ်ဒိုကို ပြန်ခေါ်ရင် အသင်းကထွက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရော်နယ်ဒိုကို အသင်းထံ ပြန်ခေါ်ခဲ့ရင် ရာထူးက နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း စပိန်အခြေစိုက်သတင်းဌာနတခုက ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကနေ အခြားသော ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတသင်းကို ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့သူပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ အခုချိန်ထိ မန်ချက်စတာမြို့မှာပဲ ဆက်ရှိနေခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုအနေနဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကို ပြန်ဖို့အတွက်လည်း အေးဂျင့် ဂျော့ချ်မန်ဒက်စ်ကတဆင့် ကြိုးစားခဲ့သေးကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ ကစားသမားသစ် ခေါ်ယူဖို့မရှိကြောင်း ငြင်းဆန်ခဲ့ပါတယ်။ တကယ်လို့ ကစားသမားသစ်ခေါ်ယူဖြစ်ခဲ့ရင်လည်း ရော်နယ်ဒိုကို ထည့်သွင်းစဥ်းစားမှာမဟုတ်ကြောင်း အသင်းဘက်က အသိပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အခုချိန်မှာတော့ အန်ဆယ်လော့တီရဲ့ ပါဝင်ပတ်သက်မှုအကြောင်း ထွက်ပေါ်လာတာပါ။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပေမယ့် အန်ဆယ်လော့တီကတော့ […]

Uncategorized

တိုနီကရူးစ်ရဲ့အနာဂတ်ကို အန်ဆယ်လော့တီလည်း အတည်မပြုနိုင်

ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီက အသင်းရဲ့ အဓိကကွင်းလယ်လူ တိုနီကရူးစ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မသိရှိရသေးကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဆိုပါ ဂျာမန်လက်ရွေးစင်ဟောင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေတာပါ။ ကရူးစ်ကို နောက်ဆုံးအကြိမ် စာချုပ်သစ်ချုပ်ဆိုခဲ့တုန်းက အသင်းဘက်က တနှစ်ပိုတိုးပြီး စာချုပ်သစ်ချုပ်လိုခဲ့ပါတယ်။ ဒါပေမယ့် ကရူးစ်ကတော့ သူ့ရဲ့ ကြံ့ခိုင်မှုအနေအထားကို ကြည့်ပြီးမှသာ ဆုံးဖြတ်လိုခဲ့ပါတယ်။ ကရူးစ်ဟာ ရီးရဲလ်မက်ဒရစ်မှာသာ ကစားသမားဘဝကို အဆုံးသတ်မှာဖြစ်ပြီး သူ့အနေနဲ့ အနားယူ၊ မယူ ဆုံးဖြတ်ရတော့မယ့် အချိန်ကို ဖြည်းဖြည်းချင်း နီးကပ်လာခဲ့ပါပြီ။ အသင်းဘက်ကတော့ ကရူးစ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေပါတယ်။ အန်ဆယ်လော့တီက “တိုနီကရူးစ်ရဲ့ စာချုပ်သစ်ကိစ္စလား။ ဒါက သူ့အပေါ်ပဲ မူတည်ပါတယ်။ တကယ်လို့ သူသာ အသင်းမှာ ဆက်နေမယ်ဆိုရင် ကျနော်တို့အားလုံး ပျော်ရွှင်ရမှာပါ” လို့ […]

Uncategorized

နိုင်ပွဲဆက်စံချိန် ရပ်သွားပေမယ့် အသင်းအပေါ် စိတ်မပူတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက သူ့အသင်းအနေနဲ့ မနေ့ညက အိုဆာဆူနာကို တဂိုးစီ သရေကျတဲ့ပွဲအပြီးမှာ အကောင်းဆုံး ပုံစံ ပြန်လည်ပြသနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဗီနီရှပ်စ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် ချေပဂိုးပေးပြီး သရေကျခဲ့တာပါ။ ဒါ့အပြင် ပွဲပြီးခါနီးမှာ ရီးရဲလ်မက်ဒရစ်တို့ ပင်နယ်တီရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီပင်နယ်တီကို ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ အသင်းခေါင်းဆောင် ဘန်ဇီမာ ဝင်အောင် မကန်နိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲရပ်တန့်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ဟာ ရာသီအဖွင့် ဥရောပစူပါဖလားကစလို့ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲစုံမှာ ပွဲတိုင်း အနိုင်ရရှိခဲ့ပါတယ်။ အိုဆာဆူနာနဲ့ပွဲကသာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲပျောက်ဆုံးတဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲအပြီးမှာ အန်ဆယ်လော့တီက “ဒီပွဲမှာ အသင်းရဲ့ ရစ်သမ်ပျောက်ဆုံးခဲ့ပြီး ကျနော်တို့အတွက် ကောင်းမွန်တဲ့နေ့တနေ့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ […]

Uncategorized

ဆီမြွန်နီကို ကျေးဇူးတင်ပါတယ်ဗျာလို့ ပြောကြားလာတဲ့ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက မက်ဒရစ်ဒါဘီပွဲအပြီး ပြိုင်ဘက်နည်းပြ ဆီမြွန်နီရဲ့မှတ်ချက်စကားနဲ့ ပတ်သက်လို့ ကျေးဇူးတင်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က အက်သလက်တီကိုကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က အက်သလက်တီကို,ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲပြီးခါနီးမှ တဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။ ဆီမြွန်နီက ရီးရဲလ်မက်ဒရစ်ဟာ ခံစစ်တန်းကို Low Block နဲ့ အကောင်းဆုံး တန်ပြန်တိုက်စစ် ကစားနိုင်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ဒီအပေါ်မှာ အန်ဆယ်လော့တီက “ဆီမြွန်နီနဲ့ ကျနောတို့ ပွဲမတိုင်ခင်က နှုတ်ဆက်ပြီးသားပါ။ ကျနော့်အသင်းကလည်း ဘန်ဇီမာမရှိတဲ့နေရာကို ကောင်းကောင်း အစားထိုးနိုင်ခဲ့တယ်ထင်ပါတယ်” “လူတိုင်းက အကောင်းဆုံးလုပ်ပြခဲ့ပြီး ဘန်ဇီမာနေရာကို ဘယ်သူဝင်ကစားသည်ဖြစ်စေ ကောင်းကောင်း စွမ်းဆောင်ပြနိုင်ခဲ့ကြပါတယ်။ ဒီနေ့ဆိုရင်လည်း ရိုဒရီဂိုက သွင်းဂိုးကောင်းတဂိုးကို သွင်းပြခဲ့ပါတယ်။ အသင်းရဲ့ ခံစားချက်က အရမ်းကို ကောင်းမွန်နေပါတယ်” “ကျနော်တို့ […]

Uncategorized

အရံခုံမှာ ဒေါသတွေမထိန်းနိုင်ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား

မနေ့ညက ကစားခဲ့တဲ့ မာယော့ကာနဲ့ အိမ်ကွင်းပွဲမှာ ဝင်ကစားခွင့်မရခဲ့တဲ့နောက် ရီးရဲလ်မက်ဒရစ် တိုက်စစ်ကြယ်ပွင့် အဆန်စီယိုက အရံခုံတန်းမှာ ဒေါသပေါက်ကွဲနေခဲ့တာကို ရုပ်သံမှတ်တမ်းတွေက အမိအရ ဖော်ပြခဲ့ပါတယ်။ အဆန်စီယိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိနေသူပါ။ အဆိုပါ စပိန်ကြယ်ပွင့်ကို အသင်းက စာချုပ်သစ်ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပီရက်ဇ်က ဒီကစားသမားကို ပွဲထွက်ခွင့်မပေးဖို့ အန်ဆယ်လော့တီကို မှာကြားထားတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အန်ဆယ်လော့တီကတော့ အဆန်စီယိုနဲ့ ပတ်သက်လို့ မျှမျှတတ ပြောကြားနေပေမယ့် တကယ်တမ်းမှာလည်း ဒီကစားသမားကို ဦးစားပေး အသုံးပြုတာမျိုး မရှိပါဘူး။ မနေ့က မာယော့ကာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အဆန်စီယိုက လူစားဝင်ကစားခွင့်မရတာ သေချာသွားတဲ့နောက် အရံခုံတန်းမှာ ဒေါသပေါက်ကွဲနေခဲ့တာဖြစ်ပါတယ်။ အဆန်စီယိုဟာ ဒီရာသီ ကစားပြီးခဲ့တဲ့ […]