Uncategorized

အရံခုံမှာ ဒေါသတွေမထိန်းနိုင်ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား

မနေ့ညက ကစားခဲ့တဲ့ မာယော့ကာနဲ့ အိမ်ကွင်းပွဲမှာ ဝင်ကစားခွင့်မရခဲ့တဲ့နောက် ရီးရဲလ်မက်ဒရစ် တိုက်စစ်ကြယ်ပွင့် အဆန်စီယိုက အရံခုံတန်းမှာ ဒေါသပေါက်ကွဲနေခဲ့တာကို ရုပ်သံမှတ်တမ်းတွေက အမိအရ ဖော်ပြခဲ့ပါတယ်။ အဆန်စီယိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိနေသူပါ။ အဆိုပါ စပိန်ကြယ်ပွင့်ကို အသင်းက စာချုပ်သစ်ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပီရက်ဇ်က ဒီကစားသမားကို ပွဲထွက်ခွင့်မပေးဖို့ အန်ဆယ်လော့တီကို မှာကြားထားတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အန်ဆယ်လော့တီကတော့ အဆန်စီယိုနဲ့ ပတ်သက်လို့ မျှမျှတတ ပြောကြားနေပေမယ့် တကယ်တမ်းမှာလည်း ဒီကစားသမားကို ဦးစားပေး အသုံးပြုတာမျိုး မရှိပါဘူး။ မနေ့က မာယော့ကာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အဆန်စီယိုက လူစားဝင်ကစားခွင့်မရတာ သေချာသွားတဲ့နောက် အရံခုံတန်းမှာ ဒေါသပေါက်ကွဲနေခဲ့တာဖြစ်ပါတယ်။ အဆန်စီယိုဟာ ဒီရာသီ ကစားပြီးခဲ့တဲ့ […]