Uncategorized

ဘာစီလိုနာမှာ ရုန်းကန်ရတဲ့အကြောင်းတွေကို ဘိုင်ယန်လူဟောင်း လီဝန်ဒေါစကီးဖွင့်ဟ

လီဝန်ဒေါစကီးက သူ့အနေနဲ့ ဘာစီလိုနာမှာ ရုန်းကန်နေရတဲ့အကြောင်းတွေကို ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေကမှ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တာပါ။ လီဝန်ဒေါစကီးအနေနဲ့ အသင်းအတွက် ပြိုင်ပွဲစုံ (၁၇) ပွဲမှာ (၁၈) ဂိုးသွင်းယူကာ ခြေစွမ်းပြထားပါတယ်။ ဒါပေမယ့် ဘာစီလိုနာကတော့ ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီး အသင်းကလည်း ဖိအားတွေအောက် ကျရောက်နေပါတယ်။ အသင်းနဲ့ပတ်သက်လို့ လီဝန်ဒေါစကီးက “ကျနော် ကစားဖို့ အိပ်မက်မက်ခဲ့ရတဲ့အသင်းကို ကျနော် ရောက်ရှိနေတာဖြစ်ပြီး ဒီနေရာကို ရောက်နေတဲ့အတွက်လည်း ကျနော် ဂုဏ်ယူပါတယ်” “အသင်းနဲ့ ပထမဆုံးရာသီမှာ အရာအားလုံး ပြီးပြည့်စုံနေဖို့တော့ ကျနော် မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် အခုချိန်က အချိန်နဲ့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ်က ထွက်ပြီး ယူရိုပါလိဂ်ကို ရောက်ရှိသွားခဲ့ပေမယ့် လာလီဂါမှာတော့ […]

Uncategorized

ဘာစီလိုနာမှာ ဘလွန်းဒီအော်ရမယ်လို့ လီဝန်ဒေါစကီးယုံကြည်နေ

ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီးက လက်ရှိအသင်းမှာ ဘလွန်းဒီအော်ဆုကို မြန်မြန်ဆန်ဆန် ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယူဆကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဆိုပါ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေစျေးကွက်မှာ ဘိုင်ယန်မြူးနစ်ကနေ ယူရိုသန်း (၄၀) နဲ့ စပိန်မြေကို ရောက်ရှိလာတာပါ။ လီဝန်ဒေါစကီးမရောက်ခင်မှာ ဘာစီလိုနာက ဘဏ္ဍာရေးပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က လိုလိုလားလားနဲ့ပဲ ဘာစီလိုနာကို သူ့ရဲ့အိပ်မက်အဖြစ် သတ်မှတ်ပြီး ပြောင်းရွှေ့ခဲ့တာပါ။ လီဝန်ဒေါစကီးအနေနဲ့ အသင်းကို ရောက်ရှိပြီး လာလီဂါပွဲမကစားခင် တရက်အလိုမှသာ အသင်းရဲ့ တရားဝင်ကစားသမားအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့တာပါ။ ဒါပေမယ့် ဒီကစားသမားက လက်ရှိအချိန်မှာ ဘာစီလိုနာအတွက် အကောင်းဆုံး ဂိုးသွင်းခြေစွမ်းပြနေပါတယ်။ သူ့ရဲ့ ဘလွန်းဒီအော်အိပ်မက်နဲ့ပတ်သက်လို့လည်း လီဝန်ဒေါစကီးက “ဘာစီလိုနာပရိသတ်တွေ နူးကမ့်ကွင်းထဲမှာ ကျနော့်နာမည်ကို မြန်မြန်ဆန်ဆန်ပဲ သီချင်းလုပ်ဆိုကြမယ်လို့ ကျနော် မမျှော်လင့်ခဲ့ပါဘူး” “ဒီအရာက […]

Uncategorized

လီဝန်ဒေါစကီးနဲ့ပတ်သက်လို့ အံ့အားသင့်ရတဲ့အရာတခုကို ဇာဗီဖွင့်ဟပြောကြား

ဘာစီလိုနာနည်းပြ ဇာဗီက အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ပတ်သက်လို့ သူကိုယ်တိုင် အံ့အားသင့်မိရတဲ့ အကြောင်းပြချက်တခုကို ဖွင့်ဟပြောကြားလာပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နွေမှာ ဘိုင်ယန်မြူးနစ်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ အဆိုပါ ပိုလန်တိုက်စစ်မှူးဟာ ကတ်တလန်မြေမှာ အချိန်တိုအတွင်း ခြေစွမ်းပြ ဂိုးသွင်းယူပြီး အသင်းမှာ အထိုင်ကျလာခဲ့ပါတယ်။ အသက် (၃၄) နှစ်အရွယ် လီဝန်ဒေါစကီးဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၈) ပွဲမှာ (၁၁) ဂိုးသွင်းယူပေးထားပါတယ်။ လီဝန်ဒေါစကီးဟာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံး ချန်ပီယံလိဂ်ပွဲမှာလည်း ဗစ်တိုးရီးယားပါလ်ဇန်ဘက်ကို ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ အယ်လ်ချီနဲ့ လာလီဂါအိမ်ကွင်းပွဲမှာလည်း လီဝန်ဒေါစကီးက (၂) ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်။ ဒီလိုမျိုး လီဝန်ဒေါစကီးနဲ့ ပတ်သက်လို့ […]

Uncategorized

လီဝန်ဒေါစကီးကို လူမှားမပေးဖို့ မူလာကို မာနေး မှာကြားထား

ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား မာနေးက အသင်းဖော်မူလာကို လီဝန်ဒေါစကီးဆီ ဘောလုံးမှားမပေးဖို့ လွန်ခဲ့တဲ့ ဆယ်ရက်လောက်တည်းက ဆက်တိုက်မှာကြားနေကြောင်း မူလာကိုယ်တိုင်က ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒီကနေ့ညမှာ ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက မြူးနစ်မြို့ကို ပြန်လည်လာရောက်ပြီး အသင်းဟောင်းနဲ့ ရင်ဆိုင်ရမှာပါ။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီလိုမျိုး ပြောင်းရွှေ့တဲ့နေရာမှာ လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ် တာဝန်ရှိသူတွေအကြား တင်းမာမှုတွေရှိခဲ့ပါသေးတယ်။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်မှာ ကစားသမားဘဝ (၈) နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ ရရှိနိုင်တဲ့ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့အိပ်မက်အသင်းတသင်းဖြစ်တဲ့ ဘာစီလိုနာကို မရမက ပြောင်းရွှေ့သွားခဲ့တာပါ။ လီဝန်ဒေါစကီးဟာ အုပ်စုအဖွင့်အဖြစ် ဗစ်တိုရီးယားပါလ်ဇန်နဲ့ အိမ်ကွင်းပွဲမှာလည်း ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး […]

Uncategorized

တချိန်ကဆေးရုံအုပ်ကြီးဘွဲ့ရ ကစားသမားကို နေမာနဲ့ခိုင်းနှိုင်းလိုက်တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြဇာဗီက ဗစ်တိုးရီးယားပါလ်ဇန်ကို အနိုင်ရရှိခဲ့ပြီးနောက် အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အူစမန်နီဒမ်ဘီလီကို အသင်းရဲ့ ကစားသမားဟောင်း နေမာနဲ့ နှိုင်းယှဥ်ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဘာစီလိုနာက လီဝန်ဒေါစကီးရဲ့ ဟက်ထရစ်၊ ကက်ဆီ၊ ဖာရန်တောရက်စ်တို့ရဲ့ဂိုးတွေကြောင့် ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒမ်ဘီလီဟာ လီဝန်ဒေါစကီးရဲ့ ဒုတိယမြောက်သွင်းဂိုး၊ ဖာရန်တောရက်စ်ရဲ့ ပွဲသိမ်းဂိုးတို့အတွက် အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီဝက်မှာ ဇာဗီ ဘာစီလိုနာကို ရောက်ရှိလာချိန်တည်းက အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သူပါ။ ဒီမတိုင်ခင်မှာ ဒဏ်ရာပြဿနာတွေနဲ့ပဲ အမြဲတမ်း ရုန်းကန်ခဲ့ရပေမယ့် ဒမ်ဘီလီက အခုဆိုရင် ဘာစီလိုနာတိုက်စစ်မှာ ရာဖင်ညာ၊ လီဝန်ဒေါစကီးတို့နဲ့တွဲဖက်ကာ အသင်းရဲ့အဓိကကျတဲ့ ကစားသမားဖြစ်လာခဲ့ပါပြီ။ ဗစ်တိုးရီးယားပါလ်ဇန်နဲ့ပွဲအပြီးမှာလည်း ဇာဗီက “ဒမ်ဘီလီက အသင်းမှာ ပျော်ရွှင်နေပြီး သူ့ကိုယ်သူလည်း […]