Uncategorized

လီဗာပူးကိုဝယ်ယူမှာမဟုတ်ဘဲ ပီအက်စ်ဂျီကို ယှဥ်ပြိုင်ဖို့သာ ဦးစားပေးမယ်ဆိုတဲ့ ရတ်ကလစ်ဖ်

နာမည်ကျော် ဗြိတိန်ဘီလျံနာ ဆာဂျင်မီရတ်ကလစ်ဖ်က သတင်းတွေထွက်ပေါ်နေသလိုမျိုး လီဗာပူးအသင်းကို ဝယ်ယူဖို့ စိတ်မဝင်စားကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ လီဗာပူးကို ရောင်းချမယ်လို့ ပိုင်ရှင်ကုမ္ပဏီဘက်က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကြေညာခဲ့ပြီးနောက် ဒီအသင်းကို ဝယ်ယူဖို့ နာမည်ကျော် သူဌေးတွေ အပြိုင်အဆိုင် နာမည်ထွက်ပေါ်လာခဲ့တာပါ။ ဒါ့အပြင် အားကစားလောကရဲ့ နာမည်ကျော် မက်ဂရီဂေါ်ကလည်း လိုအပ်တဲ့အချက်အလက်တွေကို တောင်းခံထားပါတယ်။ ဒါပေမယ့် ရတ်ကလစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ကျနော်တို့ရဲ့ အနေအထားက တိုးတက်နေပါတယ်” “လက်ရှိမှာ နိုက်စ်အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး ပြင်သစ်လိဂ်မှာ တိုးတက်လာဖို့နဲ့ ပီအက်စ်ဂျီကို ယှဥ်ပြိုင်နိုင်ဖို့အတွက်ပဲ အာရုံစိုက်ထားပါတယ်” “ဒါမျိုးက ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုတန်ဖိုးရှိစေမယ့် အရာဖြစ်ပါတယ်။ အခြားသော အင်္ဂလန်ပရီးမီးယားလိဂ်က ထိပ်သီးအသင်းတသင်းကို ဝယ်ယူတာထက်စာရင့်ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ရတ်ကလစ်ဖ်ဟာ ငယ်စဥ်တည်းက ယူနိုက်တက်ပရိသတ်တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာလည်း […]

Uncategorized

ရီးရဲလ်နဲ့ ချန်ပီယံလိဂ်မှာတွေ့မယ့်ပွဲအတွက် အန်ဖီးလ်လည်းရှိတယ်လို့ ကလော့ပ်ကြုံးဝါး

လီဗာပူးနည်းပြ ကလော့ပ်က ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ ထိပ်တိုက်တွေ့နေမှုအပေါ် သင့်တင့်မျှတတဲ့ ပွဲစဥ်ဇယားမဲခွဲမှုဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်မှာ ကံစပ်လေ့ရှိတဲ့ နှစ်သင်းဖြစ်ပြီး (၂၀၁၈) နဲ့ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပါတယ်။ အဆိုပါနှစ်ကြိမ်လုံးမှာတော့ ရီးရဲလ်မက်ဒရစ်ကသာ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ အခုလိုမျိုး ရီးရဲလ်မက်ဒရစ်ရဲ့ ရှုံးထွက်အဆင့်မှာ တွေ့ဆုံလာတဲ့အပေါ် ကလော့ပ်က “အရင်ဆုံးပြောနိုင်တာကတော့ အခု ပွဲစဥ်ဇယားမဲခွဲမှုက သင့်တင့်လျောက်ပတ်တယ်ဆိုတာပါပဲ။ ကျနော်တို့ ဒီအတွက်လည်း စိတ်လှုပ်ရှားသင့်ပါတယ်” “ဒီနောက်ပိုင်းမှာ ကျနော်တို့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ မကြာခဏ တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ရှုံးထွက် နှစ်ကျော့ရယ်လို့တော့ ဒီနောက်ပိုင်းမှာ မတွေ့ဖြစ်သေးပါဘူး” “အခု နှစ်ကျော့ ကစားရမှာဆိုတော့ ဘာတွေဖြစ်မလဲ ကြည့်ကြတာပေါ့။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်မှာ မှတ်တမ်းအကောင်းဆုံးဆိုတာ ကျနော်တို့လည်း သိပါတယ်” […]

Uncategorized

ကမ္ဘာ့ဖလားမှာ အာနိုးလ်ကိုယုံစားလိုက်ရင် ဒုက္ခရောက်မယ်လို့ ဂယ်ရီနဗီးလ်ပြော

ယူနိုက်တက်နဲ့ အင်္ဂလန်ညာနောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က အာနိုးလ်အနေနဲ့ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ကို ဒုက္ခရောက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အာနိုးလ်ဟာ လက်ရှိဘောလုံးရာသီမှာ ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိဘဲ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် လက်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းကလည်း ဒဏ်ရာပြဿနာတွေ များပြားနေပါတယ်။ အာနိုးလ်နဲ့ နေရာတူ ဝေါ်လ်ကာ၊ ရီစီဂျိမ်းစ်တို့ဟာ ကမ္ဘာ့ဖလားနဲ့ လွဲချော်ဖို့ သေချာနေပြီး အာနိုးလ်က သေချာပေါက် အရွေးခံရဖို့ရှိတဲ့အပြင် ပွဲထွက်ခွင့်ပါ ရရှိနိုင်ပါတယ်။ ဒါပေမယ့် နဗီးလ်ကတော့ “အာနိုးလ်နဲ့ ပတ်သက်လို့က တကယ်ကို ခက်ခဲတဲ့ကိစ္စပါပဲ။ သူက ထူးချွန်တဲ့ အရည်အသွေးရှိတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျနော်တို့ အခု ပြောနေတာက ရှုံးထွက်ပြိုင်ပွဲအကြောင်းပါ” “အင်္ဂလန်နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အဆုံးအဖြတ်ပေးသွားမှာက အခိုက်အတန့်လေးတွေပါပဲ။ အာရုံစိုက်ရမယ့် အမှားတွေပေါ့။ ဒီလိုအနေအထားမျိုးမှာ ဆောက်ဂိတ်အနေနဲ့ အာနိုးလ်နဲ့အတူ […]

Uncategorized

မာတီနက်ဇ်ကို ဝေဖန်နေသူတွေက အမှိုက်သရိုက်တွေလို့ ဗန်ဒိုက် ပြောဆို

လီဆန်ဒရိုမာတီနက်ဇ်ရဲ့ အရပ်အမောင်းကို ပြစ်တင်ဝေဖန်ခဲ့ကြသူတွေဟာ တကယ့်အမှိုက်သရိုက်တွေဖြစ်တယ်လို့ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်က ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ကို အေဂျက်ဇ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ မာတီနက်ဇ်ဟာ အရပ်အမြင့် ၅ပေ ၉ လက်မသာရှိပြီး ပရီးမီးယားလိဂ်မှာ အရပ်အပုဆုံးဗဟိုခံစစ်မှူးအဖြစ် ရှိနေခဲ့တာပါ။ ဒါကြောင့် မာတီနက်ဇ်က ဒီလိဂ်မှာ အဆင်ပြေမှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြတာပါ။ ဝေဖန်ခဲ့သူတွေထဲမှာတော့ လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါ၊ နယူးကာဆယ်ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ဆောင်းနက်စ်တို့ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် မာတီနက်ဇ်ကတော့ သူ့အပေါ်ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ကွင်းတွင်းခြေစွမ်းနဲ့ သက်သေပြနေခဲ့ပြီး လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်မှူးတွေထဲက တဦးအဖြစ်ရှိနေကာ သူ့ရဲ့ ခြေစွမ်းပြသမှုကို အားလုံးအံ့အားသင့်ခဲ့ကြရပါတယ်။ “မာတီနက်ဇ်နဲ့ သူ့အရပ်အမောင်းအကြောင်း ပြောနေတဲ့လူတွေက တကယ့်အမှိုက်သရိုက်တွေဗျ၊ အရပ်နည်းနည်းပိုမြင့်တာက ဗဟိုခံစစ်မှူးအဖြစ် ကူညီပေးနိုင်ပေမယ့် သူ ပရီးမီးယားလိဂ်ကို ရောက်လာကတည်းက ကစားပြနေတာတွေက အရမ်းကောင်းမွန်နေတယ်လေ” လို့ […]

Uncategorized

ကျနော့်ဂိုးကို VAR ပြန်ကြည့်နေမှန်း မသိခဲ့ဘူးဆိုတဲ့ လီဗာပူးတိုက်စစ်ကစားသမား ဆာလာ

လီဗာပူးတိုက်စစ်ကစားသမား ဆာလာက မနေ့ညက နာပိုလီကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲမှာ သူ သွင်းယူခဲ့တဲ့ဂိုးကို VAR ပြန်ကြည့်နေမှန်း မသိခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ လီဗာပူးက နာပိုလီကို ဆာလာ၊ ဒါဝင်နူးနက်ဇ်တို့ရဲ့ နောက်ကျဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး နာပိုလီကို ဒီရာသီ ပြိုင်ပွဲစုံမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်စေခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးက နာပိုလီနဲ့ အမှတ်တူနေသည့်တိုင် အုပ်စု ဒုတိယသာရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ ဆာလာက “ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တသင်းကို အနိုင်ရရှိခဲ့တာက အကောင်းဆုံး ခံစားချက်ပါပဲ။ ကျနော်တို့ ဒီအနေအထားအတိုင်း ဆက်သွားဖို့ လိုအပ်ပါတယ်” “ဒီနိုင်ပွဲက ကျနော်တို့ကို ဖလားပွဲတွေ ဒါမှမဟုတ် လိဂ်ပွဲစဥ်တွေအတွက် ယုံကြည်မှု မြင့်တက်စေပါတယ်။ ကျနော့်ဂိုးကို အကြာကြီး VAR ပြန်ကြည့်နေတာမှန်း ကျနော် မသိခဲ့ပါဘူး။ […]

Uncategorized

လီဗာပူး ချန်ပီယံလိဂ်ဖလားရမယ်လို့ ပီတာခရော့ချ်နဲ့ ဖာဒီနန်တို့ ယုံကြည်နေ

ဘောလုံးဝေဖန်သုံးသပ်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ ပီတာခရော့ချ်နဲ့ ဖာဒီနန်တို့က လီဗာပူးအနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်စွမ်းရှိကြောင်း ပြောကြားလာပါတယ်။ လီဗာပူးဟာ နာပိုလီနဲ့အတူ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး အုပ်စုမှာလည်း (၅) ပွဲအထိ အနိုင်ရရှိခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ နာပိုလီနဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာလည်း နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးဟာ ဒီရာသီမှာ နာပိုလီကို ပထမဆုံးရှုံးပွဲကြုံတွေ့စေခဲ့တဲ့ အသင်းလည်းဖြစ်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ ပီတာခရော့ချ်က “ဒီလိုအဆင့်မျိုးကို ရောက်လာပြီဆိုရင် ချန်ပီယံလိဂ်နဲ့ ပတ်သက်လို့ အရာအားလုံး လုပ်နိုင်ရတော့မှာပါ” “လီဗာပူးက ချန်ပီယံလိဂ်မှာ ဂုဏ်သိက္ခာရှိတဲ့ အသင်းတသင်းပါ။ ကစားသမားတွေကလည်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ဖူးတဲ့ သမိုင်းအတွေ့အကြုံတွေရှိပါတယ်။ သူတို့ သေချာပေါက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင် လုပ်ကြမှာပါ” လို့ […]

Uncategorized

နာပိုလီက ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်နိုင်တယ်လို့ ကလော့ပ်ပြော

လီဗာပူးနည်းပြ ကလော့ပ်က ဒီကနေ့ည ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအဖြစ် ရင်ဆိုင်ရမယ့် နာပိုလီက ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ ရောက်ရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ နာပိုလီက လက်ရှိ လီဗာပူးပါဝင်တဲ့ အုပ်စုမှာ ဦးဆောင်သူပါ။ လီဗာပူးရော၊ နာပိုလီရောက ချန်ပီယံလိဂ်မှာ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ထားပြီး ဒီနေ့ညမှာ နာပိုလီက သရေတမှတ်ရရုံနဲ့ အုပ်စုဗိုလ်ဖြစ်မှာပါ။ ဒါ့အပြင် နာပိုလီက ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းတသင်းပါ။ ဒီလိုမျိုး အုပ်စုတွင်းပြိုင်ဘက်နဲ့ ပတ်သက်လို့ ကလော့ပ်က “နာပိုလီသာ ဒီအတိုင်း ရှေ့ဆက်နေရင် သူတို့က ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်နိုင်ပါတယ်။ ဥရောပမှာ သူတို့က ပုံစံကောင်းပြနေတဲ့ အသင်းတသင်းပါ” “သူတို့က ကျနော်တို့ရဲ့ စတိုင်ကို ကူးချတာလား။ အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ စပယ်လက်တီက တကယ်ကို အတွေ့အကြုံရှိတဲ့နည်းပြတယောက်ပါ။ […]

Uncategorized

ကမ္ဘာ့ဖလားနဲ့လွဲမယ့် သူ့ကစားသမားအတွက် ကလော့ပ် စိတ်မကောင်းဖြစ်နေ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က သူ့အသင်းရဲ့ တိုက်စစ်မှူး ဒီယေဂိုဂျိုတာ ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲချော်ရမယ့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးကို အိမ်ကွင်းမှာ တဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲ ပြီးခါနီးမှာ ဂျိုတာတယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာတာကမ္ဘာ့ဖလားကိုပါ လွဲချော်ရတော့မှာပါ။ ဂျိုတာဟာ အဆိုပါပွဲမှာ ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရပြီး ကြွက်သားဒဏ်ရာကြောင့် ပြင်းထန်လွန်းတာကြောင့် ကလော့ပ်ကိုယ်တိုင်က ဂျိုတာ ကမ္ဘာ့ဖလားနဲ့ လွဲချော်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အသင်းဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခန်းမှာလည်း ကလော့ပ်က “ဂျိုတာက တကယ် အံ့အားသင့်စရာကောင်းလောက်အောင် မာကျောတဲ့ ကွတ်ကီးပါ။ ဒါက မယုံနိုင်စရာပါပဲ” “ကျနော် သူ့ကို မနေ့က ခြေထောက်အကာနဲ့ တွေ့လိုက်ရပါတယ်။ သူက ကျနော်နဲ့ လက်ဆွဲနှုတ်ဆက်ချင်ခဲ့ပြီး ကျနော်ကတော့ သူ့ကို ပွေ့ဖက် နှုတ်ဆက်ခဲ့ပါတယ်။ ‘မင်းအတွက်ထက်စာရင် ငါ့အတွက် ပိုခံစားရတယ်’ […]

Uncategorized

ရီးရဲလ်ကိုကျော်ပြီး မန်စီးတီးက အကောင်းဆုံးအသင်းဖြစ်တာကို ကရူးစ်စိတ်ပျက်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်ဟာ မနေ့ညက ဘလွန်းဒီအော်ဆုပေးပွဲက ဖြစ်ရပ်တခုနဲ့ ပတ်သက်လို့ စိတ်ပျက်ခဲ့ရတာကို သူ့ရဲ့ တွစ်တာကတဆင့် လှောင်ပြောင်ရေးသားခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ (၂၀၂၂) အတွက် ကမ္ဘာ့အကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ပေးခဲ့ပါတယ်။ ဒီလိုမျိုး ရွေးချယ်တဲ့နေရာမှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် နံပါတ် (၁) နေရာမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မန်စီးတီးရဲ့နောက်မှာ လီဗာပူးက အဆင့် (၂) နေရာရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ဒီသတ်မှတ်ချက်မှာ အဆင့် (၃) သာရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဒီနှစ်သင်းလုံးကို အနိုင်ယူခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို နောက်ကျဂိုးတွေနဲ့ ကျော်ဖြတ်ခဲ့သလို ဗိုလ်လုပွဲမှာလည်း လီဗာပူးကို ဗီနီရှပ်စ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိကာ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး […]

Uncategorized

အငှားခေါ်ထားတဲ့ ကစားသမားကို ခွဲစိတ်ကုသမှုပါလုပ်ပေးရတော့မယ့် မေတ္တာရှင်လီဗာပူး

လီဗာပူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ ကွင်းလယ်လူ အာသာမယ်လိုကို ခွဲစိတ်ကုသမှု ပြုလုပ်ပေးရတော့မယ်လို့ သိရှိရပါတယ်။ ဒီကစားသမားဟာ အသင်းကို ရောက်လာတည်းက ဒဏ်ရာပြဿနာရှိနေတာပါ။ နာပိုလီကို ၄-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာသာ မယ်လိုက လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ကျန်တဲ့ပွဲတွေမှာတော့ မယ်လိုတယောက် ကစားနိုင်ခဲ့ခြင်းမရှိဘဲ အခုချိန်မှာ ခွဲစိတ်ကုသမှုပါ ပြုလုပ်ရတော့မှာပါ။ မယ်လိုဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိထားပြီး ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာလည်း ကာလကြာရှည်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးကတော့ ကီတာ၊ ချိန်ဘာလိန်တို့ရဲ့ ဒဏ်ရာပြဿနာကြောင့် မယ်လိုကို အရေးပေါ်ခေါ်ယူခဲ့ပါတယ်။ ဒီလိုမျိုး ခေါ်ယူချိန်တည်းက လီဗာပူးပရိသတ်တွေဟာ အသင်းရဲ့လုပ်ရပ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး အခုချိန်မှာတော့ ကစားသမားကို ခွဲစိတ်ကုသမှုပါ ပြုလုပ်ပေးရတော့မှာပါ။ မယ်လိုရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသဖို့အတွက် လီဗာပူး ဆေးအဖွဲ့ကပဲ ဦးဆောင်သွားမှာဖြစ်ပါတယ်။ မယ်လိုဟာ ဒီလိုမျိုး […]