Uncategorized

စမောလင်းကို အင်္ဂလန်မှာ ရွေးချယ်ဖို့ ရိုးမားနည်းပြ မော်ရင်ဟို တိုက်တွန်း

ရိုးမားနည်းပြ မော်ရင်ဟိုက သူ့အသင်းရဲ့ အဓိကနောက်ခံလူ စမောလင်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ ထိုက်တန်ကြောင်း ပြောကြားလိုက်ပါတယ်။ စမောလင်းဟာ ဒီရာသီမှာ ရိုးမားအတွက် ခြေစွမ်းပြနေသူပါ။ ရိုးမားရဲ့ မော်ရင်ဟိုဟာ တနင်္လာညမှာ ဆမ်ဒိုးရီးယားကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် ဒီရာသီမှာ သူတို့အတွက် လေးပွဲမြောက် ဂိုးမပေးရတဲ့ပွဲတပွဲကို ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာ မော်ရင်ဟိုက စမောလင်းနဲ့ ပတ်သက်လို့ ဖွင့်ဟလာတာပါ။ မော်ရင်ဟိုက “ယူနိုက်တက်မှာ စမောလင်းက ဗဟိုနောက်ခံလူနှစ်ယောက်နဲ့ တွဲကစားတတ်ခဲ့ပြီး အခုချိန်မှာတော့ သုံးယောက်တန်း ခံစစ်အတွက် ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်နေပါပြီ” “ကျနော်သာ လက်ရွေးစင် အသင်းနည်းပြဆိုရင် သူ့လို ကစားသမားမျိုးကို ခေါ်ယူနိုင်ဖို့ တခုခု လုပ်မှာပါ။ ဒီလိုပြောတာက အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို မလေးမစားလုပ်တာ မဟုတ်ပါဘူး” “ကျနော် ပြောချင်တာက […]

Uncategorized

ဘလွန်းဒီအော်ဆုရှင် ဘန်ဇီမာကို ရိုးမားနည်းပြ မော်ရင်ဟိုကလည်း ချီးကျူးခဲ့

ရိုးမားနည်းပြ မော်ရင်ဟိုက ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘန်ဇီမာကို ချီးကျူးစကားပြောကြားလိုက်ပါတယ်။ ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားလေးလုံး ဆွတ်ခူးရရှိခဲ့ပြီး ဒီအောင်မြင်မှုတွေမှာ သူ့ရဲ့ သွင်းဂိုးတွေ၊ ခြေစွမ်းတွေနဲ့ အကောင်းဆုံး အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ (၄၆) ပွဲ ကစားပေးခဲ့ပြီး (၄၄) ဂိုးသွင်း၊ (၁၆) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ မနေ့ညက ပြုလုပ်ခဲ့တဲ့ ဘလွန်းဒီအော်ဆုပေးပွဲမှာတော့ ဘန်ဇီမာက အငြင်းပွားဖွယ်မရှိ (၂၀၂၂) ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ကစားသမားဘဝအတွက် ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး ဆွတ်ခူးနိုင်ခဲ့တဲ့နောက်မှာတော့ မော်ရင်ဟိုက “ဘန်ဇီမာက အသင်းလိုက် ကစားသမားတယောက်ပါ။ သူ့စိတ်ထဲမှာ သူ့အတွက်၊ ဘလွန်းဒီအော်အတွက်၊ ဂိုးသွင်းဖို့အတွက်ဆိုပြီး အစွဲအလမ်းမရှိပါဘူး” […]

Uncategorized

ချန်ပီယံလိဂ်ကဆင်းလာမယ့်အသင်းတွေကို စောင့်ရတာ ပျော်စရာဆိုတဲ့ မော်ရင်ဟို

ရိုးမားနည်းပြ မော်ရင်ဟိုက ချန်ပီယံလိဂ်ကနေ ထွက်ခွာလာတဲ့အသင်းတွေ ယူရိုပါလိဂ်ကိုရောက်ရှိလာမယ့်အပေါ် စောင့်ဆိုင်းရတာက ပျော်စရာကောင်းတယ်လို့ဆိုပါတယ်။ ရိုးမားဟာ မနေ့ညက ယူရိုပါလိဂ်အဝေးကွင်းပွဲမှာ ဘက်တစ်ကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာ “ကျနော် ဘက်တစ်ကို ယူရိုပါလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်မယ့်အသင်းအဖြစ် မြင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ကနေ ကျရှုံးလာမယ့် ငါးမန်းကြီးတွေ (အသင်းကြီးတွေကို ဆိုလိုသည်) ယူရိုပါလိဂ်ကို ရောက်လာဦးမှာပါ” “သူတို့လည်း ခက်ခဲတဲ့ အနေအထားနဲ့ ရောက်လာမှာပါ။ ဒါက ပျော်စရာဖြစ်ပါတယ်။ ကျနော်တို့လည်း ယူရိုပါလိဂ်မှာ အုပ်စုအဆင့်ကနေ ကျော်လွှားချင်ပါတယ်” “အုပ်စုဒုတိယအနေနဲ့ပေါ့။ ဒါပေမယ့် ကျနော်တို့လည်း ယူရိုပါလိဂ်မှာ အုပ်စုတတိယပဲရခဲ့တယ်ဆိုရင် ယူရိုပါကွန်ဖရင့်လိဂ်ရဲ့ လက်ရှိချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်မယ့်အသင်းအဖြစ် ရေပန်းစားတဲ့အသင်းဖြစ်လာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ရိုးမားဟာ မနေ့က ဘက်တစ်ကွင်းမှာ သရေကျခဲ့တဲ့နောက် ယူရိုပါလိဂ် အုပ်စု […]

Uncategorized

ကွင်းထဲဝင်ပြီး စောဒကတက်တဲ့အထိ Level တွေမြင့်လာတဲ့ တချိန်ကစပါယ်ရှယ်ဝမ်း

ရိုးမားနည်းပြ မော်ရင်ဟိုဟာ မနေ့ညက အတ္တလန်တာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ကွင်းလယ်ဒိုင်ကို ကွင်းထဲအထိ ပြေးဝင် စောဒကတက်ခဲ့တာကြောင့် အနီကတ်ပြထုတ်ခံခဲ့ရပါတယ်။ ဒီပွဲမှာ ရိုးမားကလည်း အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ရိုးမားတိုက်စစ်ကစားသမား ဇာနီယိုလိုကို အတ္တလန်တာနောက်ခံလူက ပင်နယ်တီဧရိယာအတွင်း သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပါဘူး။ အဲ့ဒီအတွက် ရိုးမားကစားသမားသုံးယောက်လောက်က ကွင်းလယ်ဒိုင်ကို စောဒကတက်နေခဲ့ပါတယ်။ ဒီအချိန်မှာပဲ မော်ရင်ဟိုက စိတ်မထိန်းနိုင်တော့ဘဲ ကွင်းထဲအထိ ပြေးဝင်လာပြီး ဒိုင်လူကြီးကို ဒေါသတကြီး အော်ဟစ်စောဒတက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုမြင်သွားတဲ့ ကွင်းလယ်ဒိုင်က မော်ရင်ဟိုဆီ ချက်ချင်းပြေးလာပြီး အနီကတ်ပြခဲ့ပါတယ်။ မော်ရင်ဟိုကို ရိုးမားနည်းပြအဖွဲ့ဝင်တွေနဲ့ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေကလည်း ဝိုင်းဝန်းဖျောင်းဖျကာ ကွင်းထဲကနေ ဆွဲခေါ်လာခဲ့ရပါတယ်။ ဒီလိုမျိုး ဆွဲခေါ်လာတဲ့အချိန်မှာလည်း […]