Uncategorized

ဟာလန်းကို အနားပေးဖို့အတွက် မန်စီးတီးနဲ့ပူးပေါင်းဆုံးဖြတ်ခဲ့တဲ့ နော်ဝေ

နော်ဝေလက်ရွေးစင်အသင်းနည်းပြ ဆိုလ်ဘာကန်က အိုင်ယာလန်နဲ့ ကစားမယ့် ခြေစမ်းပွဲမှာ ဟာလန်းကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တာက မန်စီးတီးနဲ့ ပူးပေါင်းပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ နော်ဝေဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားကာလအတွင်း ဟာလန်းတယောက် အနားရမှာဖြစ်ပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအတွက် အထူးခြေစွမ်းပြနေသူပါ။ အသင်းအတွက် ပြိုင်ပွဲစုံ (၁၈) ပွဲမှာ (၂၃) ဂိုးသွင်း၊ (၃) ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နော်ဝေလက်ရွေးစင်နည်းပြ ဆိုဘာလ်ကန်က “ဟာလန်းက ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဒဏ်ရာပြဿနာရှိခဲ့ပါတယ်။ ကျနော်တို့ မန်စီးတီးနဲ့ နောက်ဆုံးအချိန်ထိ ဆွေးနွေးခဲ့ပါတယ်” “ကိစ္စအားလုံးကို အခြေခံပြီးတဲ့နောက် ဟာလန်းကို ဖင်လန်နဲ့ အိမ်ကွင်းပွဲ တနင်္ဂနွေနေ့ပွဲမှ ထည့်သုံးဖို့ ပိုကောင်းမယ်လို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ […]

Uncategorized

ကမ္ဘာ့ဖလားရှိလည်း ဘယ်ကစားသမားကိုမှ အနားမပေးဘူးလို့ ဂွါဒီယိုလာသတိပေး

မန်စီးတီးနည်းပြ ဂွါဒီယိုလာက (၂၀၂၂) ကာတာကမ္ဘာ့ဖလားပွဲစတင်ဖို့ တပတ်သာ လိုအပ်တော့ပေမယ့် ဘယ်ကစားသမားကိုမှ အနားပေးသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ဒီကနေ့ညရဲ့ အစောဆုံးပွဲစဥ်အဖြစ် ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာ အသင်းရဲ့ အဓိက,ကစားသမားအားလုံးကို အသုံးပြုသွားမယ်လို့ ဂွါဒီယိုလာက ပြောကြားခဲ့တာပါ။ ဂွါဒီယိုလာက “ချဲလ်ဆီး၊ ဖူလ်ဟမ်တို့နဲ့ပွဲတွေမှာ ကျနော်တို့ (၁၀) ယောက်၊ (၁၁) ယောက် ပုံစံမျိုး ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ရာနှုန်းပြည့် ခံယူချက်နဲ့ ကစားခဲ့ပါတယ်” “အခု ဘရန့်ဖို့ဒ်နဲ့ပွဲက နောက်ဆုံးပွဲပါ။ ကစားသမားအများစုက ဒီပွဲပြီးရင် နိုင်ငံအသင်းတွေနဲ့ ပူးပေါင်းတော့မှာပါ။ သူတို့တွေ သေချာပေါက် အထုတ်ပြင်နေလောက်ပါပြီ” “ဒါက အန္တရာယ်များတဲ့ကိစ္စပါပဲ။ သူတို့ သေချာပေါက် မန်စီးတီးမှာ ဆက်ရှိနေရဦးမှာဖြစ်ပြီး ဒီအကြောင်းကိုလည်း […]

Uncategorized

ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့အတွက် အကောင်းမြင်ယုံကြည်နေတဲ့ မန်စီးတီးကွင်းလယ်လူ

မန်စီးတီးကွင်းလယ်လူ ကီဗင်ဖီးလစ်ဟာ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ ယုံကြည်ချက်ရှိနေပါတယ်။ ဖီးလစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ လိဒ်စ်ကနေ မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာ၊ ကြံ့ခိုင်မှုပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့ဖလားကို လွဲချော်မယ်လို့လည်း သတင်းထွက်ခဲ့တာပါ။ ဒါပေမယ့် ဒီကစားသမားက မနေ့က ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ အသင်းအတွက် ပြန်ကစားပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲအပြီးမှာတော့ ကမ္ဘာ့ဖလားနဲ့ပတ်သက်တဲ့ သူ့ရဲ့မျှော်လင့်ချက်ကို အခုလိုပဲ ပြောကြားလာပါတယ်။ ဖီးလစ်က “ခက်ခဲ့တဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရတာပါ။ ကျနော် ပခုံးဒဏ်ရာကို ခွဲစိတ်ခံရမယ်ဆိုတာကို သိလိုက်ရချိန်မှာ ခံစားချက်တွေ မကောင်းခဲ့ပါဘူး” “ဒါပေမယ့် ရက်အနည်းငယ်အကြာမှာတော့ ကျနော်က သေချာ အလုပ်ကြိုးစားလာပြီး အကောင်းမြင်လာခဲ့ပါတယ်။ အခုတော့ ကျနော် ကြံ့ခိုင်မှုပြည့်ဝနေပါပြီ။ ဒီတော့ လာမယ့် ကာတာကမ္ဘာ့ဖလားမှာ […]

Uncategorized

ကမ္ဘာ့ဖလားလုပ်ပုံက ရူးနေတာပဲလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြစ်တင်ဝေဖန်

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကျင်းပပုံက ရူးလောက်စရာဖြစ်နေပြီး သူ့ကစားသမားတွေလည်း အာရုံမစိုက်နိုင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီကြားရက်မှာ ချဲလ်ဆီးနဲ့ ကာရာဘောင်ဖလားပွဲ နဲ့ လာမယ့် စနေနေ့မှာ ကမ္ဘာ့ဖလားမတိုင်ခင် ပရီးမီးယားလိဂ် နောက်ဆုံးပွဲတို့ကို ကစားရမှာပါ။ ကစားသမားတွေဟာ ပွဲပန်းမှုဒဏ်ကို တော်တော်လေး ခံနေရပါတယ်။ ဒါ့အပြင် ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပြီး ဂွါဒီယိုလာက အခုလိုပဲ ဖွင့်ဟပြောကြားလာခဲ့တာပါ။ ဂွါဒီယိုလာက “ရူးလောက်စရာ ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေပြီး ကစားသမားတွေလည်း အနားမယူနိုင်ပါဘူး” “ဘရန့်ဖို့ဒ်နဲ့ပွဲမှာသာ ဒဏ်ရာရမယ်ဆိုရင် ပရီးမီးယားလိဂ်ရမလား၊ မရဘူးလားဆိုတာကို မပြောင်းလဲနိုင်ပေမယ့် ကမ္ဘာ့ဖလားနဲ့ သေချာပေါက် လွဲသွားမှာပါ” “လွန်ခဲ့တဲ့တလလောက်တည်းက ကစားသမားတွေကို အာရုံစိုက်ဖို့အတွက် ကျနော် ပြောခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ မထူးတော့ပါဘူး။ ကျနော်တို့ စနေနေ့မှာ ပွဲကစားရမယ်” မန်စီးတီးဟာ ကာရာဘောင်ဖလားပွဲမှာသာ […]

Uncategorized

အင်္ဂလန် ကမ္ဘာ့ဖလား သေချာပေါက်ရနိုင်မယ်လို့ လူငယ်ကြယ်ပွင့် ဖိုဒန်ပြောကြား

မန်စီးတီးနဲ့ အင်္ဂလန်လက်ရွေးစင် ကြယ်ပွင့် ဖီးလ်ဖိုဒန်က လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်း သေချာပေါက် ဗိုလ်စွဲနိုင်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ အီရန်၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး နောက်တဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းနေပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းက ခြေစွမ်းပြနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ်မှာတော့ ခရိုအေးရှားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ယူရို-၂၀၂၁ မှာလည်း အင်္ဂလန်က ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်မှာလည်း အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ အင်္ဂလန်ဟာ ကစားသမားအင်အားကောင်းတဲ့ အသင်းတသင်းဖြစ်သည့်တိုင် လက်ရှိ ကမ္ဘာ့ဖလားအတွက်တော့ ဒဏ်ရာပြဿနာတွေ များပြားနေပါတယ်။ […]

Uncategorized

မာရက်ဇ်ကို ပင်နယ်တီထပ်ကန်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာ အတည်ပြု

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လာမယ့်ပွဲတွေမှာ အသင်းရဲ့ ပင်နယ်တီတာဝန်ကို မာရက်ဇ် ဆက်လက်တာဝန်ယူခွင့်ရမှာ မဟုတ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ မန်စီးတီးတို့ ပင်နယ်တီရရှိခဲ့ပြီး ဒီပင်နယ်တီကို မာရက်ဇ်က ဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါဟာ မာရက်ဇ်အတွက်တော့ ချန်ပီယံလိဂ်နောက်ဆုံးနှစ်ပွဲဆက်တိုက် ပင်နယ်တီ မဝင်ခဲ့တာဖြစ်ပါတယ်။ ကိုပင်ဟေဂင်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲမှာလည်း မန်စီးတီးတို့ ပင်နယ်တီရခဲ့ပေမယ့် ဒီပင်နယ်တီကို မာရက်ဇ်ကပဲ ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့တာပါ။ ဟာလန်း ကွင်းထဲမှာရှိနေပေမယ့် မာရက်ဇ်ကို ပင်နယ်တီပေးကန်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ မန်စီးတီးတို့ ပင်နယ်တီရခဲ့ချိန်က ဟာလန်းက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာကလည်း “ပင်နယ်တီကန်ဖို့ ရဲရင့်ပြီး စိတ်အားထက်သန်တဲ့သူတွေကို ကျနော် လေးစားပါတယ်။ […]

Uncategorized

ကမ္ဘာ့ဖလားအတွက် ဒဏ်ရာမရအောင် ရှောင်ကစားဖို့ စိတ်မကူးနဲ့ဆိုတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့ရဲ့ ကစားသမားတွေအနေနဲ့ လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားအတွက် ဒဏ်ရာမရရှိအောင် ရှောင်ကစားဖို့ မစဥ်းစားရန် သတိပေးပြောကြားလိုက်ပါတယ်။ တကယ်လို့ သူ့အနေနဲ့ ဒါကို သတိထားအနံ့ခံမိမယ်ဆိုရင် ဒီကစားသမားအနေနဲ့ ကလပ်အသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့က တလတောင် မလိုအပ်တော့ပါဘူး။ မန်စီးတီးကစားသမားနှစ်ယောက်ဖြစ်တဲ့ ဝေါ်လ်ကာ နဲ့ ဖီးလစ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲချော်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဒါ့အပြင် အခြားအသင်းက ကြယ်ပွင့်တွေဟာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်လာရပါတယ်။ ဒီအနေအထားမှာ ဂွါဒီယိုလာက “ကစားသမားတွေအနေနဲ့ ဒဏ်ရာမရအောင် ရှောင်ကစားနေတယ်လို့ ကျနော် အနံ့ခံမိတာနဲ့ သူတို့ ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။ ကျနော်က အနံ့ခံကောင်းပါတယ်” “ဗျူဟာပိုင်းမှာတော့ အဲ့ဒီလောက် မကောင်းနိုင်ပေမယ့် အနံ့ခံတဲ့နေရာမှာတော့ တကယ်ကောင်းပါတယ်။ ကစားသမားတွေအနေနဲ့ ကစားစရာရှိတာကို […]

Uncategorized

ရီးရဲလ်ကိုကျော်ပြီး မန်စီးတီးက အကောင်းဆုံးအသင်းဖြစ်တာကို ကရူးစ်စိတ်ပျက်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီကရူးစ်ဟာ မနေ့ညက ဘလွန်းဒီအော်ဆုပေးပွဲက ဖြစ်ရပ်တခုနဲ့ ပတ်သက်လို့ စိတ်ပျက်ခဲ့ရတာကို သူ့ရဲ့ တွစ်တာကတဆင့် လှောင်ပြောင်ရေးသားခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ (၂၀၂၂) အတွက် ကမ္ဘာ့အကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ပေးခဲ့ပါတယ်။ ဒီလိုမျိုး ရွေးချယ်တဲ့နေရာမှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် နံပါတ် (၁) နေရာမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မန်စီးတီးရဲ့နောက်မှာ လီဗာပူးက အဆင့် (၂) နေရာရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ဒီသတ်မှတ်ချက်မှာ အဆင့် (၃) သာရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဒီနှစ်သင်းလုံးကို အနိုင်ယူခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို နောက်ကျဂိုးတွေနဲ့ ကျော်ဖြတ်ခဲ့သလို ဗိုလ်လုပွဲမှာလည်း လီဗာပူးကို ဗီနီရှပ်စ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိကာ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး […]

Uncategorized

ဘာလိုတယ်လီကို ဘယ်လောက်တောင် ယုံကြည်လဲဆိုတာ ဟာလန်းဖွင့်ဟ

မန်စီးတီးတိုက်စစ်မှူးဟာလန်းက ပင်နယ်တီကန်သွင်းဖို့အတွက် သူ့ကိုယ်သူ အယုံကြည်ဆုံးဖြစ်ကြောင်း၊ သူမှမဟုတ်ရင်တော့ မန်စီးတီးတိုက်စစ်မှူးဟောင်း မာရီယိုဘာလိုတယ်လီကို အယုံကြည်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘာလိုတယ်လီဟာ မန်စီးတီးနဲ့အတူ သမိုင်းဝင် ပရီးမီးယားလိဂ်အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားပါ။ မန်စီးတီးရဲ့ ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ကျူပီအာဘက်ကို အဂွေရို သွင်းယူခဲ့တဲ့ ဂိုးကို ဘာလိုတယ်လီက ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီဂိုးဖန်တီးမှုဟာ ဘာလိုတယ်လီရဲ့ ကစားသမားဘဝတလျှောက် တကြိမ်တည်းသော ဂိုးဖန်တီးမှုအဖြစ်လည်း ပြောစမှတ်တွင်ပါတယ်။ ဘာလိုတယ်လီဟာ ပင်နယ်တီကန်တဲ့နေရာမှာလည်း တိကျသေချာတဲ့ ကစားသမားတယောက်ပါ။ ဒါပေမယ့် သူက ကွင်းတွင်း၊ ကွင်းပြင် စည်းကမ်းပိုင်းဆိုးရွားတဲ့ ကစားသမားဖြစ်ခဲ့ပြီး အရည်အချင်းရှိသလောက် မအောင်မြင်ခဲ့တဲ့ ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာလည်း သူက ဆီယွန်အသင်းမှာသာ ကစားနေပါတယ်။ ပင်နယ်တီကန်ဖို့အတွက် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတဲ့ မေးခွန်းအတွက် ဟာလန်းက “ကျနော့်ကို […]

Uncategorized

ဟာလန်းကိုကြည့်ပြီး ဟယ်ရီကိန်း နောင်တရနေလောက်ပြီလို့ ဖာဒီနန်ပြော

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က ဟယ်ရီကိန်းအနေနဲ့ မန်စီးတီးမှာ ဟာလန်းခြေစွမ်းပြနေတာကိုကြည့်ပြီး မန်ချက်စတာမြေကို မပြောင်းရွှေ့ဖြစ်ခဲ့တဲ့အတွက် နောင်တရနေလောက်ပြီလို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကို ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၀) သွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဟယ်ရီကိန်းကလည်း ပြီးခဲ့တဲ့ (၂၀၂၁) နွေမှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာပါ။ ဒါပေမယ့် စပါးဘက်က ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ရတာတောင် မရောင်းထုတ်ခဲ့ပါဘူး။ ဒီလိုအနေအထားမျိုးအပေါ် ဖာဒီနန်က “ကျနော်သာ မန်စီးတီးနေရာမှာဆိုရင် ဟာလန်းမလာခင် ဟယ်ရီကိန်းကို သေချာပေါက် ခေါ်မှာပါ” “ဟယ်ရီကိန်းက ဂိုးသွင်းသေချာတဲ့သူ၊ ပွဲကို ဆုံးဖြတ်ပေးနိုင်လောက်အောင် သွေးအေးတဲ့ ကစားသမားပါ။ ဘယ်လိုခေတ်မျိုးမှာမဆို သူက ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ သူသာ မန်စီးတီးမှာ ဆိုရင် တော်တော် ခြေစွမ်းပြမှာပါ” […]