Uncategorized

ဒူးဒဏ်ရာအပြင် နောက်ဒဏ်ရာတမျိုးထပ်ရပြီး ကမ္ဘာ့ဖလားလွဲဖို့ သေချာသွားတဲ့ပေါ့ဘာ

ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာဟာ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်နေချိန်မှာ ကြွက်သားဒဏ်ရာထပ်မံရရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကနေ တူရင်ကို တကျော့ပြန် ရောက်ရှိလာခဲ့တာပါ။ ပေါ့ဘာအနေနဲ့ ဂျူဗင်တပ်စ်နဲ့ နွေရာသီ ခြေစမ်းခရီးစဥ်မှာတင် ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လက်ရှိရာသီမှာ အသင်းအတွက် တပွဲမှ မကစားပေးနိုင်သေးပါဘူး။ ပေါ့ဘာဟာ လာမယ့်ရက်ပိုင်းအတွင်း ဘောလုံးနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာကနေ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်နေရင်း နောက်ထပ် ကြွက်သား ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ အဲ့ဒါကြောင့်လည်း ပေါ့ဘာတယောက် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို သေချာပေါက် လွဲချော်ရဖို့ ရှိနေပါပြီ။ ပေါ့ဘာရဲ့ ဒဏ်ရာဟာ ကနဦးမှာ ပြင်းထန်လွန်းခဲ့ပြီး ခွဲစိတ်ဖို့၊ […]

Uncategorized

ငွေညှစ်ခံရလို့ ငိုကြွေးပြီး ဘောလုံးဆက်မကန်ချင်တော့ဘူးလို့ ပြောခဲ့တဲ့ ပေါ့ဘာ

ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါ့ဘာဟာ ဒီနှစ်အစောပိုင်းမှာ သူ့ကို ပစ်မှတ်ထားပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့မှုတွေကြောင့် ဘောလုံးဆက်မကန်လိုတော့ကြောင်း ငိုကြွေးပြီး ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကို ပေါ့ဘာရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတယောက်ဖြစ်တဲ့ ဘူဘာကာ ကာမာရာက ဖွင့်ဟခဲ့တာပါ။ ပေါ့ဘာဟာ ပြီးခဲ့တဲ့မတ်လအတွင်း မွေးရပ်မြေ ပြင်သစ်ကို ပြန်ချိန်မှာ အဆိုပါကိစ္စ ဖြစ်ပွားခဲ့တာပါ။ ပေါ့ဘာကို ငယ်သူငယ်ချင်းတွေက အုပ်စုဖွဲ့ ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ သိရှိရပြီး ကစားသမားရဲ့ အကိုဖြစ်သူကိုယ်တိုင်လည်း ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပေါ့ဘာက စွပ်စွဲထားပါတယ်။ ပေါ့ဘာဟာ သူ ငွေညှစ်ခံရတဲ့ကိစ္စအတွက် ရဲတိုင်ခဲ့ပြီး အကိုဖြစ်သူကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ပေါ့ဘာအတွက်တော့ လွယ်ကူတဲ့ အခြေအနေမျိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒီလိုမျိုး ပေါ့ဘာရဲ့အဖြစ်နဲ့ ပတ်သက်လို့ ကာမာရာက “ပေါ့ဘာက […]

Uncategorized

ယူနိုက်တက်မှာ အများကြီးသင်ယူခဲ့ရပြီး မတူညီတဲ့ကစားသမားဖြစ်သွားပြီဆိုတဲ့ ပေါ့ဘာ

ယူနိုက်တက်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာက သူ့အနေနဲ့ ယူနိုက်တက်မှာ အများကြီး သင်ယူခဲ့ရကြောင်း၊ အခုချိန်မှာ မတူညီတဲ့ ကစားသမားအဖြစ်နဲ့ သေချာပေါက် တာဝန်ယူမှုရှိရတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပေါ့ဘာဟာ ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိခဲ့ပေမယ့် သူ့အတွက် ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့နွေမှာ အသင်းဟောင်း ဂျူဗင်တပ်စ်ရှိရာ တူရင်မြေကို တကျော့ပြန်ရောက်ရှိလာခဲ့တာပါ။ ပေါ့ဘာက “ဘောလုံးအပေါ်ထားတဲ့ ကျနော့်ရဲ့ ချစ်ခြင်းမေတ္တာက ကျနော့်ကို နေ့တိုင်း စိတ်ဓာတ်တက်ကြွစေပါတယ်။ ဂျူဗင်တပ်စ်ကို ပြန်လာဖို့အတွက်လည်း ကျနော့်နှလုံးသားနဲ့ ရွေးချယ်ခဲ့တာပါ” “နောက်ဆုံးသုံးနှစ်အတွင်း ယူနိုက်တက်မှာ ကျနော်လိုချင်သလို မဖြစ်ခဲ့ပါဘူး။ ဒါကို ဘာမှ လျှို့ဝှက်ထားစရာ မလိုပါဘူး။ ဒဏ်ရာတွေရခဲ့ပြီး အခု ဂျူဗင်တပ်စ်ကို ပြန်လာတာက ကျနော့်အတွက်ရော၊ ဂျူဗင်တပ်စ်အတွက်ပါ ကြီးကျယ်ခမ်းနားတဲ့ စိန်ခေါ်မှုပါ” “ကျနော် […]

Uncategorized

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို အသုံးပြုပြီး ပြင်သစ်လက်ရွေးစင်အသင်းဖော်ကို ကျိန်စာတိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေအပေါ် စုံစမ်းစစ်ဆေးနေကြပါတယ်။ ပေါ့ဘာကတော့ ဒီလိုစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အောက်လမ်းဆရာကို အသုံးပြုခဲ့တာကလည်း ဒဏ်ရာပြဿနာတွေကနေ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက်သာဖြစ်ကြောင်း ပေါ့ဘာက ဖြေရှင်းခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို အုပ်စုဖွဲ့ ငွေညှစ်ခြိမ်းခြောက်ခဲ့တဲ့ဂိုဏ်းမှာလည်း သူ့အကို ပါဝင်ကြောင်း ပြန်လည်စွပ်စွဲခဲ့ပါတယ်။ ဒီသတင်းတွေအပေါ်မှာ အမ်ဘာပေက “ဒါတွေကြောင့် ကျနော်နဲ့ အသင်းဖော်အကြား ဆက်ဆံမှုကို အကျိုးသက်ရောက်မှုရှိစေမှာ မဟုတ်ပါဘူး။ ပေါ့ဘာက ကျနော့်ဆီကို ဖုန်းခေါ်ပြီး သူ […]