Uncategorized

နေမာကို လူချကစားနေကြတာတွေ ရပ်တန့်ဖို့ ဘရာဇီးနည်းပြ တောင်းဆို

ဘရာဇီးလက်ရွေးစင်နည်းပြ ထိထီက အသင်းရဲ့ ကြယ်ပွင့် နေမာအပေါ် ပြိုင်ဘက်ကစားသမားတွေ ရည်ရွယ်ချက်ရှိရှိ လူချကစားတာတွေကို ရပ်တန့်သင့်ကြောင်း ပြောကြားလာပါတယ်။ နေမာဟာ ဘရာဇီးရဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဆာဘီးယားနဲ့ပွဲမှာ ပါဝင်ကစားရင်း ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ သူဟာ ဒီဒဏ်ရာကြောင့်ပဲ အသင်းရဲ့ အုပ်စု လက်ကျန်ပွဲတွေကို လွဲချော်ရတော့မှာပါ။ ဒီပွဲမှာ ပြိုင်ဘက် ဆာဘီးယား ကစားသမားတွေက နေမာကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်လံပြစ်ဒဏ်ကျူးလွန်ခဲ့ကြပါတယ်။ နေမာဟာ ဒီပွဲမှာ တစ်ယောက်တည်းနဲ့ (၉) ကြိမ်အထိ လူချကစားခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ထိထီက အခုလိုပဲ ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ထိထီက “ပြိုင်ဘက်ကစားသမားတွေက အဓိကကျတဲ့သူတွေကို ပစ်မှတ်ထား လူချကစားနေပါတယ်။ ဒါက အကျိုးသက်ရောက်မှုရှိပါတယ်” “ဒါကို ရပ်တန့်ရမှာပါ။ ခင်ဗျားတို့ ဘောလုံးနဲ့ပတ်သက်လို့ လှလှပပ အောင်ပွဲခံချင်တယ်ဆိုရင် ပြစ်ဒဏ်ဘောတွေနဲ့ ပတ်သက်လို့ […]

Uncategorized

ဒဏ်ရာကြောင့် ဆွစ်ဇာလန်နဲ့ပွဲကို သေချာပေါက် လွဲချော်မယ့် နေမာ

ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ကြယ်ပွင့် ကစားသမားနေမာဟာ ဒဏ်ရာပြဿနာကြောင့် အနီးစပ်ဆုံး ကစားမယ့် ဆွစ်ဇာလန်နဲ့ပွဲကို သေချာပေါက် လွဲချော်သွားမယ်လို့ သိရှိရပါတယ်။ နေမာဟာ ဆာဘီးယားကို အနိုင်ရရှိခဲ့တဲ့ ဘရာဇီးရဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရရှိခဲ့ပြီးနောက် နေမာက အရန်ခုံတန်းမှာ ငိုကြွေးနေခဲ့ပါတယ်။ ဒီမြင်ကွင်းကြောင့် ပရိသတ်တွေက နေမာအနေနဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးကို လွဲချော်ရတော့မယ်လို့ ယူဆခဲ့ကြပါတယ်။ နေမာရဲ့ဒဏ်ရာကလည်း တော်တော်လေးကို ရောင်ရမ်းနေခဲ့တာပါ။ ဒါပေမယ့် ဘရာဇီးနည်းပြ ထိထီက နေမာကို အုပ်စုပွဲစဥ်နှစ်ပွဲသာ လက်လွှတ်ရမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ နေမာက ဆွစ်ဇာလန်နဲ့ပွဲကို သေချာပေါက် လွဲချော်ရတော့မှာပါ။ နေမာဟာ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ပွဲတွေကို လွဲချော်ရတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့သတင်းအရတော့ ကင်မရွန်းနဲ့ပွဲမှာ ပြန်ကစားနိုင်ဖွယ်ရှိပါတယ်။ […]

Uncategorized

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့နိုင်တာကို မက်ဆီနဲ့ ဟာသလုပ်နေတဲ့ နေမာ

ဘရာဇီးလက်ရွေးစင် ကြယ်ပွင့် နေမာက တခါတလေမှာ အာဂျင်တီးနားနဲ့ ဘရာဇီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့နိုင်တဲ့အကြောင်းနဲ့ပတ်သက်လို့ ဟာသလုပ်လေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြိုင်ပွဲလမ်းကြောင်း ရေးဆွဲထားပုံအရ မက်ဆီရဲ့ အာဂျင်တီးနားနဲ့ နေမာရဲ့ ဘရာဇီးတို့ဟာ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့နိုင်ဖွယ်ရှိပါတယ်။ သူတို့နှစ်သင်းဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာလည်း ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။ နှစ်သင်းလုံးကလည်း လက်ရှိ (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေဖြစ်နေပြီး ဒီအကြောင်းနဲ့ပတ်သက်လို့ နေမာက ပြောကြားခဲ့ပါတယ်။ နေမာက “ကျနော်တို့ ဒီအကြောင်းကို အများကြီး မပြောဖြစ်ပါဘူး။ ဒါပေမယ့် တခါတလေကျရင် ကျနော်တို့က ပြိုင်ပွဲလမ်းကြောင်းအရ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့နိုင်တာနဲ့ ပတ်သက်လို့ ဟာသလုပ်လေ့ရှိပါတယ်” “ကျနော် မက်ဆီကို ‘ငါတို့ ချန်ပီယံဖြစ်နိုင်တယ်၊ မင်းကို အနိုင်ယူပြီးတော့ပေါ့’ လို့ ပြောပါတယ်။ ကျနော်တို့ ရယ်ရယ်မောမောပါပဲ” […]

Uncategorized

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးပြီးနောက် အောင်ပွဲခံနေချိန်မှာ ပရိသတ်တွေထဲက သူ့ဆီကို အရာဝထ္တုတခုနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဒီအရာက ငှက်ပျောသီးဖြစ်ပြီး ဒါဟာ ရစ်ချာလီဆန်ကို ပြိုင်ဘက်ပရိသတ်တွေက လူမျိုးရေးခွဲခြားခဲ့တာပါ။ ဒီမတိုင်ခင် ရစ်ချာလီဆန်ဆီ ပစ်ပေါက်ခဲ့တဲ့ အရာဝတ္ထုကို ဘရာဇီးအသင်းဖော် ဖရက်ဒ်က ခြေထောက်နဲ့ ကန်ထုတ်ပစ်ခဲ့ပြီး အဲ့ဒီနောက်မှာ ပရိသတ်ထဲက ငှက်ပျောသီးနဲ့ ထပ်မံပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးကစားသမားတွေဟာ ဒီပွဲမစခင်မှာတင် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့တာပါ။ “လူမည်းကစားသမားတွေမရှိဘဲနဲ့ ငါတို့ရဲ့ဂျာစီတွေပေါ်မှာ ကြယ်ပွင့်တွေမရှိနိုင်ဘူး” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ကာ […]

Uncategorized

နေမာနဲ့အမ်ဘာပေ ဆက်ဆံရေးကောင်းပါတယ်လို့ လိုက်ရှင်းနေရတဲ့ ပီအက်စ်ဂျီနည်းပြ

ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက အသင်းရဲ့ကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ နေမာ နဲ့ အမ်ဘာပေတို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီနှစ်ယောက်က လက်ရှိဘောလုံးရာသီမှာ တောက်လျှောက် ပြဿနာဖြစ်ပွားနေတာပါ။ မောင့်ပယ်လီယာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပင်နယ်တီလုကန်ခဲ့သလို နောက်တပွဲမှာလည်း နေမာကသာ အမ်ဘာပေ ကန်ရမယ့် ပင်နယ်တီကို ကန်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အမ်ဘာပေက အပိုင်အခွင့်အရေးကို နေမာဆီ မခင်းပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကန်သွင်းခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီနှစ်ယောက်အကြား ဆက်ဆံရေးပြိုကွဲနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက “နေမာနဲ့အမ်ဘာပေအကြား ဆက်ဆံရေးက ကောင်းပါတယ်။ ဒီအတွက် ဘာမှပြောနေစရာမရှိပါဘူး” “သူတို့က လေ့ကျင့်ခန်းတူတူဆင်းတယ်၊ သွေးပူလေ့ကျင့်ခန်းတွေလည်း အတူတူလုပ်နေပါတယ်။ ဂျူဗင်တပ်စ်နဲ့ပွဲက ပွဲအခြေအနေကြောင့်ပါ။ ပင်နယ်တီလုကန်ခဲ့တာတွေကလည်း ကျော်သွားလို့ရတဲ့ […]

Uncategorized

တချိန်ကဆေးရုံအုပ်ကြီးဘွဲ့ရ ကစားသမားကို နေမာနဲ့ခိုင်းနှိုင်းလိုက်တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြဇာဗီက ဗစ်တိုးရီးယားပါလ်ဇန်ကို အနိုင်ရရှိခဲ့ပြီးနောက် အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အူစမန်နီဒမ်ဘီလီကို အသင်းရဲ့ ကစားသမားဟောင်း နေမာနဲ့ နှိုင်းယှဥ်ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဘာစီလိုနာက လီဝန်ဒေါစကီးရဲ့ ဟက်ထရစ်၊ ကက်ဆီ၊ ဖာရန်တောရက်စ်တို့ရဲ့ဂိုးတွေကြောင့် ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒမ်ဘီလီဟာ လီဝန်ဒေါစကီးရဲ့ ဒုတိယမြောက်သွင်းဂိုး၊ ဖာရန်တောရက်စ်ရဲ့ ပွဲသိမ်းဂိုးတို့အတွက် အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီဝက်မှာ ဇာဗီ ဘာစီလိုနာကို ရောက်ရှိလာချိန်တည်းက အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သူပါ။ ဒီမတိုင်ခင်မှာ ဒဏ်ရာပြဿနာတွေနဲ့ပဲ အမြဲတမ်း ရုန်းကန်ခဲ့ရပေမယ့် ဒမ်ဘီလီက အခုဆိုရင် ဘာစီလိုနာတိုက်စစ်မှာ ရာဖင်ညာ၊ လီဝန်ဒေါစကီးတို့နဲ့တွဲဖက်ကာ အသင်းရဲ့အဓိကကျတဲ့ ကစားသမားဖြစ်လာခဲ့ပါပြီ။ ဗစ်တိုးရီးယားပါလ်ဇန်နဲ့ပွဲအပြီးမှာလည်း ဇာဗီက “ဒမ်ဘီလီက အသင်းမှာ ပျော်ရွှင်နေပြီး သူ့ကိုယ်သူလည်း […]