Uncategorized

ဒီဘရိုင်းခြေစွမ်းပျောက်ဆုံးနေတဲ့အကြောင်းရင်းကို မာတီနက်ဇ်ဖြေရှင်း

ဘယ်လ်ဂျီယံနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမား ဒီဘရိုင်း လက်ရှိ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့အကြောင်းရင်းကို ဖွင့်ဟလာခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာ လက်ရှိ ကမ္ဘာ့ဖလား အုပ်စုနှစ်ပွဲ ကစားပြီးချိန်မှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနဲ့ နောက်တစ်ဆင့်အတွက် မသေချာသေးပါဘူး။ မော်ရိုကို,ကိုလည်း ရှုံးနိမ့်ခဲ့တာကြောင့် စိုးရိမ်နေရပါတယ်။ ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအနေနဲ့ ကမ္ဘာ့ဖလားမျှော်လင့်ခွင့်မရှိကြောင်း ပြောကြားခဲ့ပြီး မော်ရိုကိုနဲ့ပွဲအပြီးမှာတော့ နောက်ခံလူ ဗာတွန်ဂန်က မော်ရိုကို,ကိုရှုံးတာက အသင်းရဲ့ တိုက်စစ်ပိုင်းက အိုမင်းနေလို့ ဖြစ်ကြောင်း တုံ့ပြန်လာပါတယ်။ မာတီနက်ဇ်က “ဘယ်လ်ဂျီယံတစ်သင်းလုံး ပုံစံကောင်းပျောက်ဆုံးနေတာပါ။ ဒီဘရိုင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်လည်း မကစားနိုင်ပါဘူး” “ဘောလုံးက အသင်းလိုက် ကစားရတာဖြစ်ပြီး တစ်ဦးချင်းအရ မြင့်မားတဲ့ အဆင့်မှာရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဘောလုံးကို ပျော်ပျော်ပါးပါး ကစားနိုင်တယ်မထင်ပါဘူး” […]

Uncategorized

မန်ချက်စတာဒါဘီအပြီးမှာ ရော်နယ်ဒိုရဲ့ဂျာစီကို ရယူသွားတဲ့ မန်စီးတီးကြယ်ပွင့်

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ မန်ချက်စတာဒါဘီပွဲအပြီးမှာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဂျာစီကို ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက ပွဲအစအဆုံး ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ပွဲအပြီးမှာတော့ ဒီဘရိုင်းက ရော်နယ်ဒိုရဲ့ ဂျာစီကို တောင်းဆိုခဲ့ဟန်ရှိပြီး ပွဲအပြီး မီဒီယာတွေနဲ့ စကားပြောခဲ့တဲ့နေရာကို ဒီဘရိုင်းက ရော်နယ်ဒိုဂျာစီကိုကိုင်ဆောင်ရင်း ရောက်ရှိလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ယူနိုက်တက်ကို ၆-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီဘရိုင်းကလည်း ဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ဂိုးဖန်တီးမှု (၂) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဒီပွဲမှာ အရန်ခုံသာ ထိုင်နေခဲ့ရပြီး ဒါက ရော်နယ်ဒိုကို လေးစားမှုရှိတာကြောင့်လို့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကဆိုပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီတို့အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး […]

Uncategorized

မန်စီးတီးကစားပုံနဲ့သာ အံဝင်သွားရင် ဟာလန်းပိုကြမ်းမယ်လို့ ဒီဘရိုင်းပြော

မန်စီးတီးအသင်းခေါင်းဆောင် ကီဗင်ဒီဘရိုင်းက ဟာလန်းအနေနဲ့ အသင်းရဲ့ ကစားပုံမှာသာ အခုထက် ပိုမိုအံဝင်လာခဲ့ရင် ဂိုးတွေပိုမိုသွင်းယူနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ မနေ့က ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ဆီဗီလာကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးအတွက် ဟာလန်းက နှစ်ဂိုး၊ ဖိုဒန်၊ ဒီယက်စ်တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဟာလန်းဟာ မန်စီးတီးအတွက် ဒီရာသီ ပြိုင်ပွဲစုံ (၇) ပွဲ ကစားပြီးချိန်မှာတင် (၁၂) ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဟာလန်းနဲ့ပတ်သက်လို့ ဒီဘရိုင်းက “ဟာလန်းက အသင်းနဲ့ အသားကျလာခဲ့တာက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် ဂိုးသွင်းတယ်ဆိုတာက ပွဲတပွဲရဲ့ အခြားသော အစိတ်အပိုင်းတခုပဲရှိပါသေးတယ်။ ကစားကွက်နဲ့ အံဝင်ဖို့ဆိုတာက ပိုမို ခက်ခဲပါတယ်” “တကယ်လို့ သူသာ ကျနော်တို့ အသင်းလိုက်ကစားပုံမှာ အသားကျလာမယ်၊ ပါဝင်စီးမျောလာမယ်ဆိုရင် […]