Uncategorized

တချိန်ကဆေးရုံအုပ်ကြီးဘွဲ့ရ ကစားသမားကို နေမာနဲ့ခိုင်းနှိုင်းလိုက်တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြဇာဗီက ဗစ်တိုးရီးယားပါလ်ဇန်ကို အနိုင်ရရှိခဲ့ပြီးနောက် အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အူစမန်နီဒမ်ဘီလီကို အသင်းရဲ့ ကစားသမားဟောင်း နေမာနဲ့ နှိုင်းယှဥ်ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဘာစီလိုနာက လီဝန်ဒေါစကီးရဲ့ ဟက်ထရစ်၊ ကက်ဆီ၊ ဖာရန်တောရက်စ်တို့ရဲ့ဂိုးတွေကြောင့် ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒမ်ဘီလီဟာ လီဝန်ဒေါစကီးရဲ့ ဒုတိယမြောက်သွင်းဂိုး၊ ဖာရန်တောရက်စ်ရဲ့ ပွဲသိမ်းဂိုးတို့အတွက် အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီဝက်မှာ ဇာဗီ ဘာစီလိုနာကို ရောက်ရှိလာချိန်တည်းက အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သူပါ။ ဒီမတိုင်ခင်မှာ ဒဏ်ရာပြဿနာတွေနဲ့ပဲ အမြဲတမ်း ရုန်းကန်ခဲ့ရပေမယ့် ဒမ်ဘီလီက အခုဆိုရင် ဘာစီလိုနာတိုက်စစ်မှာ ရာဖင်ညာ၊ လီဝန်ဒေါစကီးတို့နဲ့တွဲဖက်ကာ အသင်းရဲ့အဓိကကျတဲ့ ကစားသမားဖြစ်လာခဲ့ပါပြီ။ ဗစ်တိုးရီးယားပါလ်ဇန်နဲ့ပွဲအပြီးမှာလည်း ဇာဗီက “ဒမ်ဘီလီက အသင်းမှာ ပျော်ရွှင်နေပြီး သူ့ကိုယ်သူလည်း […]