Uncategorized

စပိန်မြေမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကို စိန်ခေါ်ဖို့ တူဟယ်လ်ရေပန်းစား

ချဲလ်ဆီးနည်းပြဟောင်း တူဟယ်လ်ဟာ အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့ ရေပန်းစားလာတယ်လို့ သိရှိရပါတယ်။ ဆီမြွန်နီဟာ လက်ရှိ ကမ္ဘာ့လုပ်ခအများဆုံး နည်းပြတယောက်အဖြစ်ရပ်တည်နေပေမယ့် ချန်ပီယံလိဂ်မှာ အုပ်စု နောက်ဆုံးနေရာကနေ ထွက်ခဲ့ရပါတယ်။ လာလီဂါမှာလည်း ရလဒ်ပိုင်း တည်ငြိမ်ဖို့ ရုန်းကန်နေရပြီး အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။ စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အဆိုပါ မက်ဒရစ်မြို့ခံအသင်းဟာ ဆီမြွန်နီရဲ့နေရာကို အစားထိုးဖို့အတွက် တူဟယ်လ်ကို ပြီးပြည့်စုံတဲ့ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြောင်း သိရှိရပါတယ်။ အသက် (၄၉) နှစ်အရွယ် တူဟယ်လ်ဟာ ဒီရာသီအစောပိုင်းမှာ ချဲလ်ဆီးကနေ အထုတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းတည်းက အဆိုပါ ဂျာမန်လူမျိုးနည်းပြက အသင်းလက်မဲ့ဖြစ်နေတာပါ။ သူ့ကို လေဗာကူဆင်အပါအဝင် ထိပ်တန်းအသင်းအချို့က ချဥ်းကပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပြကြီးကတော့ လက်ရှိအချိန်ထိ ဘယ်အသင်းကိုမှ ကိုင်တွယ်ဖြစ်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် […]

Uncategorized

အခွင့်အရေးရရင် အင်္ဂလန်လက်ရွေးစင်ကို ကိုင်တွယ်ဖို့ရှိတဲ့ သောမတ်စ်တူဟယ်လ်

ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်ဟာ သူ့အတွက် အခွင့်အရေးသာရရှိလာမယ်ဆိုရင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်သွားဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဒီသတင်းကိုတော့ ဂျာမန်အခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့တာပါ။ တူဟယ်လ်ဟာ ဒီရာသီအစောပိုင်းမှာတင် ချဲလ်ဆီးနည်းပြရာထူးကနေ အထုတ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေဆဲပါ။ သူ့ကိုခေါ်ယူဖို့ လေဗာကူဆင်က ချဥ်းကပ်ခဲ့သေးပေမယ့် တူဟယ်လ်ကိုယ်တိုင်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ တူဟယ်လ်အနေနဲ့ ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ပိုင်ရှင်သစ် တော့ဒ်ဘိုလေနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် အခုလိုမျိုး အထုတ်ခံခဲ့ရတာပါ။ တူဟယ်လ်ဟာ ဒေါ့မွန်၊ ပီအက်စ်ဂျီတို့လို ထိပ်တန်းအသင်းကြီးတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါသေးတယ်။ အသက် (၄၉) နှစ်အရွယ် ဒီနည်းပြဟာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် တံခါးဖွင့်ထားပြီး လက်ရှိမှာ ဆောက်ဂိတ်ရဲ့အနာဂတ်ကလည်း လှုပ်ခတ်နေပါတယ်။ အင်္ဂလန်ဟာ နေးရှင်းလိဂ်မှာ နိုင်ပွဲမရရှိခဲ့ဘဲ တန်းဆင်းခဲ့ရပြီး နောက်ဆုံး (၅) ပွဲမှာလည်း ပင်နယ်တီသွင်းဂိုးတဂိုးကလွဲရင် တဂိုးမှမရရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် ဆောက်ဂိတ်ကို […]

Uncategorized

တူဟယ်လ် အထုတ်ခံရတဲ့အပေါ် ရှော့ခ်ရမိကြောင်း ယူရိုပါလိဂ်ပွဲမတိုင်ခင် အာတီတာပြော

အာဆင်နယ်နည်းပြ အာတီတာက ချဲလ်ဆီးနည်းပြ တူဟယ်လ် အထုတ်ခံရတဲ့သတင်းအပေါ် အံ့အားသင့်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တူဟယ်လ်ဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ဒိုင်နမိုဇာဂရက်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အံ့အားသင့်ဖွယ် အထုတ်ခံရတာပါ။ ဒီဖြစ်ရပ်အတွက် ချဲလ်ဆီးပရိသတ်တွေအကြား ဝေဖန်မှုပြင်းထန်နေပြီး ပရီးမီးယားလိဂ် (၆) ပွဲ၊ ချန်ပီယံလိဂ်တပွဲသာ ကစားရသေးချိန်မှာ ချန်ပီယံလိဂ်ယူပေးထားတဲ့ နည်းပြကို ထုတ်ပယ်တာက ပြင်းထန်တဲ့ဆုံးဖြတ်ချက်လို့ မှတ်ချက်ပြုနေပါတယ်။ အာဆင်နယ်ဟာ ဒီကနေ့ညမှာ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဇူးရစ်ချ်နဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တူဟယ်လ် အထုတ်ခံရတဲ့အပေါ် အာတီတာက အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။ အာတီတာက “အံ့အားသင့်စရာဖြစ်ရပ်ပါ။ ဒီပရော်ဖက်ရှင်နယ်လောကမှာ ဒါမျိုး အထုတ်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်တိုင်းအတွက် အမြဲတမ်း ဝမ်းနည်းရပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒါက ဘယ်လိုမျိုး အလုပ်လုပ်တယ်ဆိုတာကို ကျနော်တို့သိပါတယ်” “ကျနော်တို့ရဲ့ လောက,က […]

Uncategorized

မင်းတို့ အားလပ်ရက်ယူဖို့ စိတ်မကူးနဲ့လို့ ကစားသမားတွေကို တူဟယ်လ်ပေါက်ကွဲ

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က ဒိုင်နမိုဇာဂရက်ကို ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ကစားသမားတွေအပေါ် ပေါက်ကွဲခဲ့ပြီး အားလပ်ရက်ရရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဒိုင်နမိုဇာဂရက်က အော်ဆစ်ရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တာပါ။ ဒါဟာ ချဲလ်ဆီးအတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ (၃) ပွဲ မြောက် အဝေးကွင်းရှုံးပွဲလည်းဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲတွေအဖြစ် လိဒ်စ်ကို သုံးဂိုးပြတ်၊ ဆောက်သမ်တန်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီ ပြိုင်ပွဲစုံ အဝေးကွင်း (၄) ပွဲ ကစားပြီးချိန်မှာ ရာသီအဖွင့် အဲဗာတန်နဲ့ တပွဲတည်း အနိုင်ရရှိခဲ့ပါတယ်။ ကျန်တဲ့ပွဲစဥ် (၃) ပွဲလုံးမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒိုင်နမိုနဲ့ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြ တူဟယ်လ်က “တူညီတဲ့ပုံပြင်တခုကို အမြဲတမ်း ကြားနေရသလိုပါပဲ။ ဝက်စ်ဟမ်းနဲ့ နောက်ဆုံးပွဲကြောင့် ဒီပွဲမှာလည်း […]