Uncategorized

အခုချိန်မှာ ယူရိုပါလိဂ်ဆုဖလားအတွက် ဘာစီလိုနာရေပန်းစားပြီလို့ ဇာဗီပြောကြား

ဘာစီလိုနာနည်းပြ ဇာဗီက လက်ရှိအချိန်မှာ သူ့အသင်းက ယူရိုပါလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ ရေပန်းစားနေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ အုပ်စုတတိယသာရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားရတာပါ။ ပြီးခဲ့တဲ့ရာသီကလည်း ဘာစီလိုနာတို့ ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရပါသေးတယ်။ အဲ့ဒီအချိန်က ကွာတားဖိုင်နယ်မှာ ဖရန့်ဖတ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ အခု ဒီနှစ်မှာလည်း ဘာစီလိုနာတို့ ယူရိုပါလိဂ်ကို ထပ်ရောက်ခဲ့တာဖြစ်ပြီး ပါလ်ဇန်ကို ၂-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဇာဗီက အခုလိုပဲ ပြောကြားလာပါတယ်။ ဇာဗီက “အခုချိန်မှာ ကျနော်တို့က ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းလို့ ပြောနိုင်ပါတယ်။ လူတွေက ကျနော်တို့ကို ဘာကြောင့် ရေပန်းစားတဲ့ အသင်းတသင်းအဖြစ် သတ်မှတ်လဲဆိုတာကိုလည်း ကျနော် နားလည်ပါတယ်” “ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက ကျနော်တို့ ဒီယူရိုပါလိဂ်ပြိုင်ပွဲမှာတင် ရှုပ်ထွေးမှုတွေနဲ့ […]

Uncategorized

(၂၀၂၃) မှာ အသင်းကို ဆုဖလားတွေရောက်လာလိမ့်မယ်လို့ ဘာစီလိုနာနည်းပြဇာဗီပြော

ဘာစီလိုနာနည်းပြ ဇာဗီက လာမယ့် (၂၀၂၃) မှာ အသင်းက ဆုဖလားတွေကို ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ လက်ရှိ လာလီဂါအမှတ်ပေးဇယားမှာ ဦးဆောင်သူ ရီးရဲလ်မက်ဒရစ်ရဲ့နောက် တမှတ်အကွာနဲ့ ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်မှာတော့ ဘာစီလိုနာက အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာပါ။ အသင်းရဲ့ အလားအလာနဲ့ ပတ်သက်လို့ ဇာဗီက “ပြီးခဲ့တဲ့နှစ်မှာ ကျနော်တို့ လုံလောက်တဲ့ပုံစံကောင်း မပြသနိုင်ခဲ့ပါဘူး” “ဒါပေမယ့် ဒီနှစ်မှာတော့ ကျနော်တို့ လုံလောက်တဲ့ခြေစွမ်းမျိုးရှိတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် အရာရာတိုင်းက အခုမှ လုပ်ဆောင်နေဆဲပါ။ ချန်ပီယံလိဂ်မှာလည်း ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကို မရောက်ခဲ့ပါဘူး” “အခုကစလို့ ကျနော်တို့ (၂၀၂၃) မှာ ဆုဖလားတွေရဖို့ အတွက်ပဲ ကစားသွားမှာပါ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်ကို ရောက်ရှိဖို့ တိုက်ပွဲဝင်မှာဖြစ်ပြီး ကျနော်တို့ […]

Uncategorized

ချန်ပီယံလိဂ်ကထွက်ရတဲ့အကျိုးဆက် ခံစားရမှာကို ပူပန်ခဲ့ကြောင်း ဇာဗီဝန်ခံ

ဘာစီလိုနာနည်းပြ ဇာဗီက သူ့အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ အကျိုးဆက်ကို ခံစားရမှာ စိုးရိမ်ခဲ့မိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ကြားရက် ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် (၅) ကစားပြီးချိန်မှာ ယူရိုပါလိဂ်ကို ဆင်းကစားဖို့ သေချာသွားခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ဒီလိုအခြေအနေမျိုးကို နှစ်ရာသီဆက်တိုက် ကြုံတွေ့ခဲ့ရတာပါ။ မနေ့က ကစားခဲ့တဲ့ပွဲမှာလည်း ဘာစီလိုနာတို့ ဗလင်စီယာကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ လီဝန်ဒေါစကီးရဲ့ နောက်ကျသွင်းဂိုးကြောင့်သာ ဘာစီလိုနာတို့ အဝေးကွင်းမှာ နိုင်ပွဲရရှိခဲ့တာပါ။ ဒီပွဲအပြီးမှာ ဇာဗီက “ကျနော်တို့ အရမ်းကို အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ နောက်ဆုံးစက္ကန့်အထိ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မပျက်ခဲ့ပါဘူး။ ကျနော် စိုးရိမ်စိတ်တွေနဲ့ ကစားခဲ့ရတာပါ” “ချန်ပီယံလိဂ်က ထွက်ခဲ့ရတာဟာ ကျနော်တို့ကို ဆိုးကျိုးသက်ရောက်စေခဲ့ပါတယ်။ ဗလင်စီယာကို […]

Uncategorized

ဘိုင်ယန်မြူးနစ်ကို မယှဥ်နိုင်ပါဘူးဗျာလို့ ဝန်ခံလာရတဲ့ ဘာစီလိုနာနည်းပြ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက သူ့အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်လို အသင်းမျိုးကို မယှဥ်နိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မနေ့က နူးကမ့်မှာ ကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘာစီလိုနာဟာ အဆိုပွဲမကစားခင်တည်းက အင်တာမီလန်ရဲ့နိုင်ပွဲကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးပါပြီ။ ဒါ့အပြင် နှစ်နှစ်ဆက်တိုက် ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာပါ။ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ မာနေး၊ ချူပိုမိုတင်း၊ ပါဗက်တို့ရဲ့သွင်းဂိုးတွေကြောင့် ဘာစီလိုနာတို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ ဇာဗီက “ကျနော်တို့ ဘိုင်ယန်မြူးနစ်လို အဆင့်အတန်းမျိုးမှာ မရှိပါဘူး” “သူတို့က ပိုကောင်းတဲ့အသင်းတသင်းဖြစ်ခဲ့ပါတယ်။ မြူးနစ်မြို့မှာ ကစားတုန်းကတော့ ကျနော်တို့က ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ဘိုင်ယန်မြူးနစ်က ပိုကောင်းခဲ့ပါတယ်” “အုပ်စုကနေ ထွက်ရတာက ကျနော်တို့ကို စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှုရှိခဲ့ပါတယ်။ နောက်တနေ့ကျရင်တော့ ကျနော်တို့ လေ့ကျင့်ခန်းပြန်ဆင်းပြီး လာလီဂါအတွက်ပဲ စဥ်းစားပါမယ်” […]

Uncategorized

ဒါမျိုးသာ ဆက်ကစားရင် အမှတ်ဆိုတာ ကိုယ့်အိတ်ထဲမှာပဲဆိုတဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက ဘီလ်ဘာအိုကို လေးဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ပွဲအပြီး ဒီပုံစံအတိုင်းသာ ကစားမယ်ဆိုရင် နူးကမ့်မှာ အမှတ်ရဖို့ အေးဆေးပဲလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဘာစီလိုနာဟာ ဒမ်ဘီလီ၊ ဆာဂျီရော်ဘတ်တို၊ လီဝန်ဒေါစကီး၊ ဖာရန်တောရက်စ်တို့ရဲ့ဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ၊ ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုပွဲတွေမှာ ရလဒ်ဆိုးခဲ့တဲ့နောက် ဘာစီလိုနာတို့ နှစ်ပွဲဆက် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ပွဲအပြီးမှာ ဇာဗီက “ကျနော်တို့ ပွဲကို ကောင်းကောင်းနားလည်ခဲ့ပါတယ်။ မြင့်မားတဲ့ပြင်းထန်မှု၊ ရစ်သမ်တွေနဲ့ ကစားရမယ်ဆိုတာကိုပေါ့။ ကျနော်တို့သာ သူတို့ကို ကောင်းကောင်းဖိအားပေးနိုင်ခဲ့ရင် ကွင်းလယ်မှာ အသာစီးရတာကို သိခဲ့ပါတယ်” “ကျနော်တို့အတွက် ကွင်းလယ်မှာ လူအပိုတယောက် ထပ်လိုခဲ့ပါတယ်။ ဒီပွဲအတွက် အဓိကသော့ချက်က ပြင်းထန်မှုပါပဲ။ ဒမ်ဘီလီကလည်း ပုံစံကောင်းပြခဲ့ပြီး ကွဲပြားခြားနားတာတွေ လုပ်ပြခဲ့ပါတယ်” “အသင်းအနေနဲ့ ဘာကိုလိုအပ်လဲဆိုတာကို နားလည်ခဲ့ပါတယ်။ ပထမပိုင်းမှာတည်းက […]

Uncategorized

ဗီလာရီးရဲလ်ကိုနိုင်တဲ့ပွဲက အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေတဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်အားရမိကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဗီလာရီးရဲလ်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ နောက်ဆုံး လေးပွဲမှာ တပွဲသာ အနိုင်ရရှိခဲ့ပြီး အခုပွဲမှာတော့ ရလဒ်ကောင်း ပြန်လည်ရရှိခဲ့တာပါ။ ဘာစီလိုနာအတွက် ဂိုးတွေကို လီဝန်ဒေါစကီးက နှစ်ဂိုး၊ အန်ဆုဖာတီက တဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီးမှာ ဇာဗီက “ကျနော်တို့ ကြီးကျယ်ခမ်းနားတဲ့ပွဲတပွဲကို ကစားနိုင်ခဲ့တယ်ထင်ပါတယ်။ အခု ကျနော်တို့ အလှည့်ပြန်ရောက်ပါပြီ။ ကျနော်တို့ အကောင်းဆုံးတုံ့ပြန်ဖို့ လိုအပ်ခဲ့ပါတယ်” “ဘာနေဗျူးမှာ ရှုံးနိမ့်ပြီး အင်တာမီလန်ကို သရေကျခဲ့တဲ့နောက် လွယ်ကူတဲ့နေ့ရက်တော့ မဖြစ်ခဲ့ပါဘူး။ ဒီအသင်းအပေါ် မျှော်လင့်ချက်တွေ အများကြီးနဲ့ လူအများကြီးက မျှော်လင့်နေကြတာပါ” “ကျနော်တို့ရဲ့ အကောင်းဆုံးပုံစံ၊ အကောင်းဆုံး တုံ့ပြန်မှု၊ ပြင်းထန်မှု၊ ခံစစ်၊ တိုက်စစ်အကောင်းဆုံးပုံစံတွေကို […]

Uncategorized

ဥရောပမှာပဲ ကျရှုံးတာ၊ လာလီဂါမှာ မကျရှုံးဘူးဆိုတဲ့ ဘာကာနည်းပြ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက သူ့အသင်းအနေနဲ့ ဥရောပမှာ ကျရှုံးခဲ့ပေမယ့် လာလီဂါမှာတော့ ကြီးကျယ်ခမ်းနားတဲ့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီကနေ့ညမှာ ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ ကြားရက်မှာတော့ အဆိုပါကတ်တလန်ကလပ်က အင်တာမီလန်ကို ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ သရေကျခဲ့ပြီး အုပ်စုက ထွက်ဖို့ သေချာသလောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ လာလီဂါမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ်တူ အနေအထားမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ အဲ့ဒါကြောင့် ဒီကနေ့ည အယ်ကလက်စီကိုမှာ အနိုင်ရတဲ့အသင်းက အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့်ရရှိမှာပါ။ ဒီပွဲမတိုင်ခင်မှာ ဇာဗီက “ကျနော်က ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတာကို သဘောကျပါတယ်” “ဘာကြောင့်လဲဆိုတော့ ကျနော်ကိုယ်တိုင်က ပြိုင်ဆိုင်လိုစိတ်ပြင်းထန်လို့ပါ။ ကျနော်တို့ ချန်ပီယံလိဂ်မှာ မကျရှုံးသင့်ဘဲ ကျရှုံးခဲ့ရပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီအတွက် ဝမ်းနည်းရပါတယ်” “ဒါပေမယ့် […]

Uncategorized

ဥရောပမှာပဲ ကျရှုံးတာ၊ လာလီဂါမှာ မကျရှုံးဘူးဆိုတဲ့ ဘာကာနည်းပြ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက သူ့အသင်းအနေနဲ့ ဥရောပမှာ ကျရှုံးခဲ့ပေမယ့် လာလီဂါမှာတော့ ကြီးကျယ်ခမ်းနားတဲ့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီကနေ့ညမှာ ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ ကြားရက်မှာတော့ အဆိုပါကတ်တလန်ကလပ်က အင်တာမီလန်ကို ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ သရေကျခဲ့ပြီး အုပ်စုက ထွက်ဖို့ သေချာသလောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ လာလီဂါမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ်တူ အနေအထားမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ အဲ့ဒါကြောင့် ဒီကနေ့ည အယ်ကလက်စီကိုမှာ အနိုင်ရတဲ့အသင်းက အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့်ရရှိမှာပါ။ ဒီပွဲမတိုင်ခင်မှာ ဇာဗီက “ကျနော်က ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတာကို သဘောကျပါတယ်” “ဘာကြောင့်လဲဆိုတော့ ကျနော်ကိုယ်တိုင်က ပြိုင်ဆိုင်လိုစိတ်ပြင်းထန်လို့ပါ။ ကျနော်တို့ ချန်ပီယံလိဂ်မှာ မကျရှုံးသင့်ဘဲ ကျရှုံးခဲ့ရပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီအတွက် ဝမ်းနည်းရပါတယ်” “ဒါပေမယ့် […]

Uncategorized

နိုင်ပေမယ့် မကျေနပ်ဘူးလုပ်နေပြန်တဲ့ ဘာစီလိုနာနည်းပြကြီး ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ မနေ့ညက ဆဲလ်တာဗီဂိုနဲ့ပွဲမှာ ပီဒရီရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်မိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီပွဲရလဒ်ကြောင့် လာလီဂါအမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ လာမယ့်အပတ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ကြားရက်မှာတော့ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်အုပ်စုတက်ရေးအရေးပါတဲ့ ပွဲစဥ်တပွဲကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီလိုမျိုးပွဲကျပ်တွေရှိနေချိန်မှာ အသင်းရဲ့ စွမ်းဆောင်ရည်မကောင်းတဲ့အပေါ် ဇာဗီက “ကျနော်တို့ သေချာပေါက် တိုးတက်ဖို့ လိုအပ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အသေးစိတ်ကျကျ ဝေဖန်ဆန်းစစ်ဖို့ လိုအပ်ပါတယ်” “ဒုတိယပိုင်းအနေအထားက မကောင်းခဲ့ပါဘူး။ ပြိုင်ဘက်ကို ဖိအားမပေးဘဲ ကစားခဲ့ပြီး အမှတ်လျော့သွားနိုင်တဲ့ အနေအထားမျိုးတွေရှိခဲ့ပါတယ်။ ကျနော်တို့အတွက် ဆဲလ်တာဗီဂိုနဲ့ပွဲက သက်သောင့်သက်သာ မဖြစ်ခဲ့ပါဘူး” “ဒါပေမယ့် ပုံစံကောင်းမပြဘဲနဲ့တောင် ကျနော်တို့ ဒါမျိုးပွဲတွေ ကစားရမှာကိုလည်း လက်ခံရမှာပါ။ လွန်ခဲ့တဲ့ […]

Uncategorized

ဇာဗီကိုယ်တိုင် လှမ်းခေါ်ခဲ့ပေမယ့် ငြင်းဆန်ခဲ့ကြောင်း အက်သလက်တီကိုတိုက်စစ်မှူးဖွင့်ဟ

အက်သလက်တီကိုတိုက်စစ်မှူး အယ်လ်ဗာရိုမိုရာတာက သူ့ကို ဘာစီလိုနာက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့သေးပေမယ့် မပြောင်းရွှေ့ဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေမှာ မက်ဒရစ်မြို့ခံအသင်းကို ပြန်ရောက်လာတာပါ။ မိုရာတာဟာ ဂျူဗင်တပ်စ်ကို (၂) ရာသီ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အဆိုပါ စပိန်လူမျိုး တိုက်စစ်မှူးက “ကျနော့်အတွက် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အခွင့်အရေးတွေရရှိခဲ့ပါတယ်” “အဲ့ဒီနောက် ကျနော် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီနဲ့ စကားပြောခဲ့ပါတယ်။ သူက ကျနော့်ကို ဘယ်မှ သွားခွင့်မပေးဘဲ ဗလာဟိုဗစ်နဲ့ တွဲကစားစေချင်တယ်လို့ ပြောပါတယ်။ ကျနော့်အတွက် နောက်ထပ် ကမ်းလှမ်းမှု လေးငါးခုလောက်ရှိခဲ့ပါတယ်” “ဒီကမ်းလှမ်းမှုတွေအားလုံးက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အက်သလက်တီကိုကပဲ ဆုံးဖြတ်ရတာပါ။ […]