Uncategorized

မန်စီးတီးကစားပုံနဲ့သာ အံဝင်သွားရင် ဟာလန်းပိုကြမ်းမယ်လို့ ဒီဘရိုင်းပြော

မန်စီးတီးအသင်းခေါင်းဆောင် ကီဗင်ဒီဘရိုင်းက ဟာလန်းအနေနဲ့ အသင်းရဲ့ ကစားပုံမှာသာ အခုထက် ပိုမိုအံဝင်လာခဲ့ရင် ဂိုးတွေပိုမိုသွင်းယူနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ မနေ့က ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ဆီဗီလာကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးအတွက် ဟာလန်းက နှစ်ဂိုး၊ ဖိုဒန်၊ ဒီယက်စ်တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဟာလန်းဟာ မန်စီးတီးအတွက် ဒီရာသီ ပြိုင်ပွဲစုံ (၇) ပွဲ ကစားပြီးချိန်မှာတင် (၁၂) ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဟာလန်းနဲ့ပတ်သက်လို့ ဒီဘရိုင်းက “ဟာလန်းက အသင်းနဲ့ အသားကျလာခဲ့တာက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် ဂိုးသွင်းတယ်ဆိုတာက ပွဲတပွဲရဲ့ အခြားသော အစိတ်အပိုင်းတခုပဲရှိပါသေးတယ်။ ကစားကွက်နဲ့ အံဝင်ဖို့ဆိုတာက ပိုမို ခက်ခဲပါတယ်” “တကယ်လို့ သူသာ ကျနော်တို့ အသင်းလိုက်ကစားပုံမှာ အသားကျလာမယ်၊ ပါဝင်စီးမျောလာမယ်ဆိုရင် […]