Uncategorized

ကမ္ဘာ့ဖလားရှိလည်း ဘယ်ကစားသမားကိုမှ အနားမပေးဘူးလို့ ဂွါဒီယိုလာသတိပေး

မန်စီးတီးနည်းပြ ဂွါဒီယိုလာက (၂၀၂၂) ကာတာကမ္ဘာ့ဖလားပွဲစတင်ဖို့ တပတ်သာ လိုအပ်တော့ပေမယ့် ဘယ်ကစားသမားကိုမှ အနားပေးသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ဒီကနေ့ညရဲ့ အစောဆုံးပွဲစဥ်အဖြစ် ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာ အသင်းရဲ့ အဓိက,ကစားသမားအားလုံးကို အသုံးပြုသွားမယ်လို့ ဂွါဒီယိုလာက ပြောကြားခဲ့တာပါ။ ဂွါဒီယိုလာက “ချဲလ်ဆီး၊ ဖူလ်ဟမ်တို့နဲ့ပွဲတွေမှာ ကျနော်တို့ (၁၀) ယောက်၊ (၁၁) ယောက် ပုံစံမျိုး ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ရာနှုန်းပြည့် ခံယူချက်နဲ့ ကစားခဲ့ပါတယ်” “အခု ဘရန့်ဖို့ဒ်နဲ့ပွဲက နောက်ဆုံးပွဲပါ။ ကစားသမားအများစုက ဒီပွဲပြီးရင် နိုင်ငံအသင်းတွေနဲ့ ပူးပေါင်းတော့မှာပါ။ သူတို့တွေ သေချာပေါက် အထုတ်ပြင်နေလောက်ပါပြီ” “ဒါက အန္တရာယ်များတဲ့ကိစ္စပါပဲ။ သူတို့ သေချာပေါက် မန်စီးတီးမှာ ဆက်ရှိနေရဦးမှာဖြစ်ပြီး ဒီအကြောင်းကိုလည်း […]

Uncategorized

ကမ္ဘာ့ဖလားလုပ်ပုံက ရူးနေတာပဲလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြစ်တင်ဝေဖန်

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကျင်းပပုံက ရူးလောက်စရာဖြစ်နေပြီး သူ့ကစားသမားတွေလည်း အာရုံမစိုက်နိုင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီကြားရက်မှာ ချဲလ်ဆီးနဲ့ ကာရာဘောင်ဖလားပွဲ နဲ့ လာမယ့် စနေနေ့မှာ ကမ္ဘာ့ဖလားမတိုင်ခင် ပရီးမီးယားလိဂ် နောက်ဆုံးပွဲတို့ကို ကစားရမှာပါ။ ကစားသမားတွေဟာ ပွဲပန်းမှုဒဏ်ကို တော်တော်လေး ခံနေရပါတယ်။ ဒါ့အပြင် ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပြီး ဂွါဒီယိုလာက အခုလိုပဲ ဖွင့်ဟပြောကြားလာခဲ့တာပါ။ ဂွါဒီယိုလာက “ရူးလောက်စရာ ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေပြီး ကစားသမားတွေလည်း အနားမယူနိုင်ပါဘူး” “ဘရန့်ဖို့ဒ်နဲ့ပွဲမှာသာ ဒဏ်ရာရမယ်ဆိုရင် ပရီးမီးယားလိဂ်ရမလား၊ မရဘူးလားဆိုတာကို မပြောင်းလဲနိုင်ပေမယ့် ကမ္ဘာ့ဖလားနဲ့ သေချာပေါက် လွဲသွားမှာပါ” “လွန်ခဲ့တဲ့တလလောက်တည်းက ကစားသမားတွေကို အာရုံစိုက်ဖို့အတွက် ကျနော် ပြောခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ မထူးတော့ပါဘူး။ ကျနော်တို့ စနေနေ့မှာ ပွဲကစားရမယ်” မန်စီးတီးဟာ ကာရာဘောင်ဖလားပွဲမှာသာ […]

Uncategorized

မာရက်ဇ်ကို ပင်နယ်တီထပ်ကန်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာ အတည်ပြု

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လာမယ့်ပွဲတွေမှာ အသင်းရဲ့ ပင်နယ်တီတာဝန်ကို မာရက်ဇ် ဆက်လက်တာဝန်ယူခွင့်ရမှာ မဟုတ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ မန်စီးတီးတို့ ပင်နယ်တီရရှိခဲ့ပြီး ဒီပင်နယ်တီကို မာရက်ဇ်က ဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါဟာ မာရက်ဇ်အတွက်တော့ ချန်ပီယံလိဂ်နောက်ဆုံးနှစ်ပွဲဆက်တိုက် ပင်နယ်တီ မဝင်ခဲ့တာဖြစ်ပါတယ်။ ကိုပင်ဟေဂင်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲမှာလည်း မန်စီးတီးတို့ ပင်နယ်တီရခဲ့ပေမယ့် ဒီပင်နယ်တီကို မာရက်ဇ်ကပဲ ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့တာပါ။ ဟာလန်း ကွင်းထဲမှာရှိနေပေမယ့် မာရက်ဇ်ကို ပင်နယ်တီပေးကန်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ မန်စီးတီးတို့ ပင်နယ်တီရခဲ့ချိန်က ဟာလန်းက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာကလည်း “ပင်နယ်တီကန်ဖို့ ရဲရင့်ပြီး စိတ်အားထက်သန်တဲ့သူတွေကို ကျနော် လေးစားပါတယ်။ […]

Uncategorized

ကမ္ဘာ့ဖလားအတွက် ဒဏ်ရာမရအောင် ရှောင်ကစားဖို့ စိတ်မကူးနဲ့ဆိုတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့ရဲ့ ကစားသမားတွေအနေနဲ့ လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားအတွက် ဒဏ်ရာမရရှိအောင် ရှောင်ကစားဖို့ မစဥ်းစားရန် သတိပေးပြောကြားလိုက်ပါတယ်။ တကယ်လို့ သူ့အနေနဲ့ ဒါကို သတိထားအနံ့ခံမိမယ်ဆိုရင် ဒီကစားသမားအနေနဲ့ ကလပ်အသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့က တလတောင် မလိုအပ်တော့ပါဘူး။ မန်စီးတီးကစားသမားနှစ်ယောက်ဖြစ်တဲ့ ဝေါ်လ်ကာ နဲ့ ဖီးလစ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲချော်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဒါ့အပြင် အခြားအသင်းက ကြယ်ပွင့်တွေဟာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်လာရပါတယ်။ ဒီအနေအထားမှာ ဂွါဒီယိုလာက “ကစားသမားတွေအနေနဲ့ ဒဏ်ရာမရအောင် ရှောင်ကစားနေတယ်လို့ ကျနော် အနံ့ခံမိတာနဲ့ သူတို့ ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။ ကျနော်က အနံ့ခံကောင်းပါတယ်” “ဗျူဟာပိုင်းမှာတော့ အဲ့ဒီလောက် မကောင်းနိုင်ပေမယ့် အနံ့ခံတဲ့နေရာမှာတော့ တကယ်ကောင်းပါတယ်။ ကစားသမားတွေအနေနဲ့ ကစားစရာရှိတာကို […]

Uncategorized

ယူနိုက်တက်ပရိသတ်တွေရဲ့ဖိအားကို ဂရုမစိုက်ဖို့ ကစားသမားတွေကို ဂွါဒီယိုလာတိုက်တွန်း

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကစားသမားတွေအနေနဲ့ ဒီကနေ့ည မန်ချက်စတာဒါဘီပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ ဝေဖန်လှောင်ပြောင်သံတွေကို ဂရုမစိုက်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ ဒီပွဲကို အိမ်ရှင်အဖြစ် ဧည့်ခံကစားရမှာပါ။ မန်စီးတီးက ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းတသင်းပါ။ မန်ချက်စတာဒါဘီပွဲစဥ်တွေဟာ နောက်ပိုင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့ပြီး နှစ်ဖက်ပရိသတ်တွေကြားမှာလည်း ကြီးမားတဲ့ တင်းမာမှုတွေရှိပါတယ်။ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် ဂွါဒီယိုလာက “ကျနော်တို့ ကစားတဲ့ပုံစံအရ ဘက်ပေါင်းစုံကနေ အသင်းရစ်သမ်ကို တိုးတက်စေနိုင်ပါတယ်။ တယောက်ချင်း ကောင်းကောင်းရင်ဆိုင်နိုင်ရမယ်” “လိမ္မာပါးနပ်တဲ့နည်းလမ်းနဲ့ လျင်လျင်မြန်မြန် ရှောင်ကစားနိုင်ရမယ်၊ တတ်နိုင်သလောက် ပြိုင်ဘက်ကို ဒုက္ခပေးရပါမယ်။ မန်ချက်စတာဒါဘီပွဲ အတွေ့အကြုံတွေအရ ကျနော့်အတွက် အေးအေးဆေးပါပဲ” “အိုးထရက်ဖို့ဒ်ကို သွားတာပဲဖြစ်ဖြစ်၊ ပြိုင်ဘက်ပရိသတ်တွေက အော်ဟစ်လှောင်တာပဲဖြစ်ဖြစ် နောက်ပိုင်းက ဘောလုံးပဲ ကစားရတာပါ။ နည်းပြတွေကလည်း အင်္ဂလန်မြေကို […]

Uncategorized

မန်ချက်စတာဒါဘီမတိုင်ခင် ဂွါကြီးနဲ့ စကားလမ်းကြောင်းတွေသင့်နေတဲ့ တန်ဟက်ခ်

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဒီကနေ့ည မန်ချက်စတာဒါဘီပွဲမတိုင်ခင်မှာ ပြိုင်ဘက် မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ပတ်သက်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။ ဒီကနေ့ည (၇) နာရီခွဲမှာ မန်စီးတီးကွင်းမှာ ယူနိုက်တက်တို့ သွားရောက်ရင်ဆိုင်ရမှာပါ။ ဒါဟာ အသက် (၅၂) နှစ်အရွယ် တန်ဟက်ခ်အတွက် ပထမဆုံး မန်ချက်စတာဒါဘီ အတွေ့အကြုံလည်းဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ ဂွါဒီယိုလာက တန်ဟက်ခ်ဟာ သူ့နေရာကို ဆက်ခံနိုင်သူတယောက်ဖြစ်ကြောင်း ချီးကျူးထားပါတယ်။ ဒါ့အပြင် တန်ဟက်ခ်ကလည်း “ကျနော် ဂွါဒီယိုလာအကြောင်းကို ကောင်းကောင်းသိပြီး ကျနော်တို့ နှစ်ယောက် တယောက်အကြောင်း တယောက်လည်း ကောင်းကောင်း သိပါတယ်။ လွန်ခဲ့တဲ့ (၈) နှစ်လောက်က ကျနော်တို့ အတူတူ အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်” “အဓိကအရေးကြီးတဲ့အရာတွေထဲကတခုက ခင်ဗျားအနေနဲ့ ပုံမှန်အတိုင်း တိုးတက်နေဖို့ပါပဲ။ ဂွါဒီယိုလာလည်း ဒီလိုမျိုးဖြစ်ခဲ့သလို ကျနော်လည်း ဒါမျိုး တိုးတက်လာခဲ့ဖို့ […]

Uncategorized

တိုက်စစ်မှာ အတွဲအဖက်အသစ်ကို မိတ်ဆက်ဦးမယ်လို့ ဂွါကြီး အရိပ်အမြွက်ပြော

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဟာလန်းနဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ်တို့ နှစ်ယောက်ကို တွဲဖက်ပွဲထုတ်နိုင်တဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ မန်စီးတီးကို အသီးသီး ရောက်ရှိလာတာပါ။ ဟာလန်းဟာ လက်ရှိအချိန်မှာ မန်စီးတီးအတွက် ဂိုးသွင်းခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ သြဂုတ်လရဲ့ ပရီးမီးယားလိဂ် တလတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်ဗာရက်ဇ်ကတော့ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားနေရဆဲပါ။ ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ဟာ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲမှာ (၃၁) မိနစ်၊ ဝုလ်ဗ်နဲ့ပွဲမှာ (၁၉) မိနစ် အတူတူ တွဲကစားခဲ့ကြပါတယ်။ ဒီနှစ်ယောက်ကို လာမယ့်အနာဂတ်မှာ တွဲဖက် အသုံးပြုဖို့ရှိ၊ မရှိဆိုတဲ့အပေါ်မှာလည်း ဂွါဒီယိုလာက အခုလိုပဲ ပြောကြားလာပါတယ်။ ဂွါဒီယိုလာက “ဝုလ်ဗ်နဲ့ပွဲမှာ ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ နှစ်ယောက်ကို တွဲဖက်အသုံးပြုတာက ဒီရာသီမှာ […]

Uncategorized

“ဘောလုံးလောကရဲ့ ငကြောင်” အဖြစ် ဂွါဒီယိုလာကို ဟာလန်းတင်စား

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက သူ့အသင်းနည်းပြ ဂွါဒီယိုလာရဲ့ နည်းစနစ်ပိုင်းတွေက ရှုပ်ထွေးဆန်းပြားကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာပါ။ ဟာလန်းဟာ မန်စီးတီးအတွက် ဒီရာသီ ပြိုင်ပွဲစုံ (၇) ပွဲကစားပြီးချိန်မှာ သွင်းဂိုး (၁၂) ဂိုးအထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း (၆) ပွဲကစားပြီး ဟက်ထရစ် (၂) ကြိမ် ရရှိထားပါတယ်။ ဟာလန်းဟာ ဂွါဒီယိုလာ အားကိုးရတဲ့ ကစားသမားအဖြစ် ချက်ချင်းနေရာယူလာခဲ့ပြီး သူနဲ့ပတ်သက်လို့ ဂွါဒီယိုလာကလည်း အများကြီး အကာအကွယ်ပေး၊ အထောက်အပံ့တွေပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဟာလန်းက ဂွါဒီယိုလာနဲ့ ပတ်သက်လို့လည်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဟာလန်းက “ကျနော့်အထင် ဂွါဒီယိုလာကလည်း ဘောလုံးနဲ့ပတ်သက်လို့ ကျနော့်လိုမျိုး ကြောင်တောင်တောင်တွေဖြစ်လေ့ရှိတယ်ထင်ပါတယ်။ နှစ်ယောက်လုံးက ဘောလုံးကို ချစ်မြတ်နိုးကြပါတယ်။ […]