Uncategorized

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား သဘောတူညီချက်တွေအရ အက်သလက်တီကိုက ဒီကစားသမားကို ယူရိုသန်း (၄၀) ပေးပြီး မဖြစ်မနေ ခေါ်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုက ဒါကို လက်တလုံးခြားလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီရာသီမှာ ဂရစ်ဇ်မန်းက အက်သလက်တီကိုအတွက် မိနစ် (၆၀) နောက်ပိုင်းမှ လူစားဝင်ကစားခွင့်ရရှိနေပြီး ဒါက ဒီကစားသမားကို ပွဲချိန်တွေရဲ့ (၅၀) ရာခိုင်နှုန်းအထက် ကစားခွင့်မပေးလိုတာကြောင့်ပါ။ တကယ်လို့ စောစောစီးစီး အသုံးပြုခဲ့မယ်ဆိုရင် စာချုပ်ပါ အချက်က အသက်ဝင်သွားမှာဖြစ်ပါတယ်။ ဂရစ်ဇ်မန်းကို အက်သလက်တီကိုက ခေါ်ယူလိုပေမယ့် […]

Uncategorized

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ အက်သလက်တီကိုထံ ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ပြောင်းရွှေ့နိုင်မှာပါ။ အက်သလက်တီကိုဟာ ပြီးခဲ့တဲ့နွေရာသီတည်းက ဂရစ်ဇ်မန်းကို ယူရိုသန်း (၂၀) နဲ့ အပြီးသတ်ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်က ယူရိုသန်း (၄၀) ကိုပဲ တောင်းဆိုခဲ့ပါတယ်။ တဖက်မှာလည်း ဂရစ်ဇ်မန်းက အက်သလက်တီကိုမှာ ပွဲကစားချိန်ရဲ့ (၅၀) ရာခိုင်နှုန်းကို ကစားခွင့်ရပြီဆိုတာနဲ့ ယူရိုသန်း (၄၀) နဲ့ မဖြစ်မနေ ခေါ်ယူရမယ့်အချက်လည်း ပါဝင်ပါတယ်။ အက်သလက်တီကိုကတော့ ပြောင်းရွှေ့ကြေးကြောင့် ဒီအချက်ကို […]