Uncategorized

ကမ္ဘာ့ဖလားမှာ အာနိုးလ်ကိုယုံစားလိုက်ရင် ဒုက္ခရောက်မယ်လို့ ဂယ်ရီနဗီးလ်ပြော

ယူနိုက်တက်နဲ့ အင်္ဂလန်ညာနောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က အာနိုးလ်အနေနဲ့ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ကို ဒုက္ခရောက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အာနိုးလ်ဟာ လက်ရှိဘောလုံးရာသီမှာ ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိဘဲ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် လက်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းကလည်း ဒဏ်ရာပြဿနာတွေ များပြားနေပါတယ်။ အာနိုးလ်နဲ့ နေရာတူ ဝေါ်လ်ကာ၊ ရီစီဂျိမ်းစ်တို့ဟာ ကမ္ဘာ့ဖလားနဲ့ လွဲချော်ဖို့ သေချာနေပြီး အာနိုးလ်က သေချာပေါက် အရွေးခံရဖို့ရှိတဲ့အပြင် ပွဲထွက်ခွင့်ပါ ရရှိနိုင်ပါတယ်။ ဒါပေမယ့် နဗီးလ်ကတော့ “အာနိုးလ်နဲ့ ပတ်သက်လို့က တကယ်ကို ခက်ခဲတဲ့ကိစ္စပါပဲ။ သူက ထူးချွန်တဲ့ အရည်အသွေးရှိတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျနော်တို့ အခု ပြောနေတာက ရှုံးထွက်ပြိုင်ပွဲအကြောင်းပါ” “အင်္ဂလန်နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အဆုံးအဖြတ်ပေးသွားမှာက အခိုက်အတန့်လေးတွေပါပဲ။ အာရုံစိုက်ရမယ့် အမှားတွေပေါ့။ ဒီလိုအနေအထားမျိုးမှာ ဆောက်ဂိတ်အနေနဲ့ အာနိုးလ်နဲ့အတူ […]

Uncategorized

လေအပြိုင်လွှတ်နေတဲ့ ကာရေဂါပြီးတော့ နဗီးလ်ကိုပါ အဖတ်မလုပ်တော့တဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့က ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်ခင် အိုးထရက်ဖို့ဒ်ကွင်းထဲရောက်ရှိနေတဲ့ ဘောလုံးရုပ်သံဝေဖန်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး တွေ့ဆုံတဲ့နေရာမှာ ရော်နယ်ဒိုတယောက် ယူနိုက်တက်အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဂယ်ရီနဗီလ်းကို လျစ်လျူရှုခဲ့ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ဆာဟာ၊ ဂျေမီရက်နက်ပ်တို့နဲ့ နှုတ်ဆက်ခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ကိုတော့ စကားတခွန်းမှ မပြောဘဲ လျစ်လျူရှုသွားခဲ့ပြီး ဒါဟာ နဗီးလ်ရဲ့ သူ့အပေါ် ပေးထားတဲ့ မှတ်ချက်တွေကြောင့်လို့ ယူဆရပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ယူနိုက်တက်အသင်းကြီး လူစာရင်းကနေ ဖယ်ရှားခံခဲ့ရပြီး ရှရစ်ဖ်နဲ့ပွဲမတိုင်ခင်မှ ပြန်လည် ပါဝင်လာခဲ့တာပါ။ ဒီကာလအတွင်းမှာ နဗီးလ်က ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ ရော်နယ်ဒို မပါဝင်တဲ့အချိန်တွေမှာ ယူနိုက်တက်အနေနဲ့ ကစားပုံ ပိုမိုကောင်းမွန်လေ့ရှိကြောင်း၊ ရော်နယ်ဒို အသင်းက ထွက်ချင်တယ်ဆိုရင် ထွက်ခွာခွင့်ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ […]

Uncategorized

မက်ဒီဆင်ကို အင်္ဂလန်မှာ သေချာပေါက်ရွေးဖို့ နဗီးလ်နဲ့ကာရေဂါတိုက်တွန်း

ရုပ်သံဝေဖန်သူတွေဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်နဲ့ကာရေဂါတို့ဟာ လက်စတာ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်ကို လာမယ့် ကမ္ဘာ့ဖလားအတွက် အင်္ဂလန်လက်ရွေးစင် လူစာရင်းမှာ သေချာပေါက် ရွေးချယ်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီကစားသမားဟာ မနေ့ညက နော်တင်ဟမ်ဖောရက်စ်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ဖရီးကစ်သွင်းဂိုးတဂိုးအပါအဝင် နှစ်ဂိုး သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အသက် (၂၅) နှစ်အရွယ် ဒီကစားသမားဟာ ဒုတိယပိုင်းမှာလည်း အသင်းဖော်တိုက်စစ်မှူး ဒါကာရဲ့ သွင်းဂိုးအတွက် အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပြီး လက်စတာပရိသတ်တွေအပြင် အင်္ဂလန်ပရိသတ်တွေရဲ့ ချီးကျူးဂုဏ်ပြုမှုကိုပါ လက်ခံရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်က မက်ဒီဆင်ကို အင်္ဂလန်မှာ မရွေးဘူးဆိုရင် ဒါက ရှက်ဖို့ကောင်းတဲ့ကိစ္စဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နဗီးလ်ကလည်း “ဆောက်ဂိတ်က ဘောသေတွေကို အရမ်းပစ်မှတ်ထားပါတယ်” “တည်ကန်ဘောကန်မယ့် ကစားသမားတွေလည်း အများကြီးရှိပေမယ့် အချက်အလက်တွေအရ ဘာကြောင့် […]

Uncategorized

ချန်ပီယံလိဂ်ငါးလုံးရလည်း နဗီးလ်ဝေဖန်တာကိုတော့ လှိမ့်ခံရမယ့်ကက်စ်မဲရိုး

ယူနိုက်တက်ကွင်းလယ်လူ ကက်စ်မဲရိုးနဲ့ပတ်သက်လို့ ဂန္တဝင်ဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒီကစားသမားဟာ ဆိုစီဒက်ကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ ယူနိုက်တက်အတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒီမတိုင်ခင်က ကက်စ်မဲရိုးဟာ အရံကစားသမားအဖြစ်နဲ့ပဲ လူစားဝင်ကစားခွင့်ရရှိခဲ့တာပါ။ နည်းပြတန်ဟက်ခ်ဟာ ကွင်းလယ်ခံစစ်နေရာအတွက် လတ်တလော ပုံစံကောင်းပြနေတဲ့ စကော့တလန်ကွင်းလယ်လူ တွမ်မီနေးကိုသာ ဦးစားပေး အသုံးပြုနေပါတယ်။ ကက်စ်မဲရိုးအတွက် ယူနိုက်တက်တို့ အပြောင်းအရွှေ့ပိတ်ခါနီးမှ ယူရိုသန်း (၆၀) နဲ့ ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့်လည်း ဒီဘရာဇီးကွင်းလယ်လူနဲ့ ပတ်သက်လို့ ဂယ်ရီနဗီးလ်က “ယူနိုက်တက်က ပေါင်သန်း (၁၃၀) (၁၄၀) လောက် အသုံးပြုချင်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးကျ သူတို့ ပေါင်သန်း (၂၃၀) သုံးလိုက်ရပါတယ်” “ကက်စ်မဲရိုးနဲ့အန်တိုနီတို့ကို လီဗာပူးနဲ့ပွဲမတိုင်ခင် နှစ်ရက်အတွင်း ခေါ်လိုက်ပါတယ်။ ဒါက ဒီကစားသမားတွေကို လိုအပ်နေတဲ့ […]