Uncategorized

မန်စီးတီးကိုရှုံးပေမယ့် ပျော်ရွှင်နေတဲ့ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာ

ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက မနေ့ညက ကာရာဘောင်ဖလားပွဲမှာ မန်စီးတီးကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် အသင်းအနေနဲ့ တိုးတက်မှုတွေရှိလာကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဒုတိယပိုင်းမှာ မာရက်ဇ်၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ (၅) မိနစ်အတွင်း ရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံမှာ (၂) ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့တာပါ။ ချဲလ်ဆီးဟာ ဒီပွဲမတိုင်ခင်က ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပါသေးတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာတင်ပဲ ဘရိုက်တန်ကိုပါ အဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့သေးတာပါ။ မန်စီးတီးနဲ့ပွဲအပြီးမှာတော့ ဂရေဟမ်ပေါ်တာက “အပေါင်းလက္ခဏာဆောင်တဲ့အရာ အနည်းငယ်ရှိခဲ့တယ်လို့ ထင်ပါတယ်။ ရလဒ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ လုံးဝစိတ်ပျက်ရပါတယ်” “ဒါပေမယ့် ကျနော်တို့ ကစားခဲ့တဲ့ပုံစံ၊ အခွင့်အရေး ဖန်တီးမှုပိုင်း၊ ကစားကွက်တည်ဆောက်ပုံအပိုင်းနဲ့ ခြေစွမ်းပိုင်းမှာတော့ ပိုမိုကောင်းမွန်ခဲ့ပါတယ်” “ကျနော်တို့ လိုချင်တဲ့ပုံံတိုင်း နီးစပ်ခဲ့တဲ့ပုံစံမျိုးကို […]

Uncategorized

ချယ်လ်ဆီးနဲ့ပွဲမှာ အော်ဘာမီယန်ကို ကြောက်နေတဲ့ အာတီတာ

လာမယ့်တနင်္ဂနွေနေ့မှာ ချယ်လ်ဆီးနဲ့ကစားရမယ့် ပွဲမတိုင်ခင် အာဆင်နယ်နည်းပြအာတီတာက ချယ်လ်ဆီးတိုက်စစ်မှူးအော်ဘာမီယန်က အရမ်းအန္တရာယ်များတဲ့ ကစားသမားလို့ ပြောဆိုကာ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူးဟောင်း အော်ဘာမီယန်ဟာ အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ်ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပြီး အသင်းဟောင်းအကြောင်းကို အကုန်သိနေလို့ အာတီတာက သတိပေးခဲ့တာပါ။ အာဆင်နယ်မှာ အာတီတာနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ အော်ဘာမီယန်က ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ဒီရာသီအစမှာ ချယ်လ်ဆီးကို ထပ်မံရောက်ရှိခဲ့တာဖြစ်ပါတယ်။ အော်ဘာမီယန်ရဲ့ ခြေစွမ်းကိုလည်း ကောင်းကောင်းသိနေတဲ့ အာတီတာက လျှော့မတွက်ထားဘဲ သူတို့ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတယောက်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ “အော်ဘာမီယန်က အရမ်းအန္တရာယ်ရှိပါတယ်၊ သူ့မှာ တခုခုပိုင်ဆိုင်ထားတယ်ဆိုရင် အဲဒါက ဘောလုံးကို ပိုက်ကွန်ထဲ သွင်းနိုင်တဲ့ အရည်အချင်းဖြစ်ပြီး သူ ဘောလုံးကစားတာ တော်လောက်ပြီဆိုတဲ့နေ့အထိကို အဲဒီလိုမျိုး လုပ်ပြနိုင်စွမ်းရှိပါတယ်၊ သူ့ကို ရပ်တန့်ဖို့ဆိုတာထက် အရင်ဦးဆုံး ချယ်လ်ဆီးက ဘာလုပ်မလဲဆိုတာကို […]

Uncategorized

ချဲလ်ဆီးကစားသမားဘဝအဖွင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့လို့ ကျေနပ်နေတဲ့ ဒဏ်ရာကြယ်ပွင့်

ချဲလ်ဆီးကွင်းလယ်လူ ဇာကာရီယာဟာ မနေ့ညက ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ကျေနပ်ပျော်ရွှင်မိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲအဖြစ် ဒိုင်နမိုဇာဂရက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရတာဖြစ်ပြီး ဦးဆောင်ဂိုးပေးခဲ့ရပါသေးတယ်။ ဒါပေမယ့် စတာလင်က ချဲလ်ဆီးအတွက် ချေပဂိုး၊ ဇာကာရီယာက ချဲလ်ဆီးအတွက် အနိုင်ဂိုးတို့ကို သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ချဲလ်ဆီးတို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီနိုင်ပွဲကြောင့် အုပ်စုဗိုလ်အဖြစ် နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာ ဇာကာရီယာက ချဲလ်ဆီးအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ဒီပွဲမှာတင်ပဲ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ပွဲအပြီးမှာ ဇာကာရီယာက “ကျနော့်ရဲ့ ပထမဆုံးပွဲဦးထွက်နဲ့ ပထမဆုံးသွင်းဂိုးအတွက် အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်မိပါတယ်” “ကျနော့်အတွက် ကောင်းမွန်တဲ့ပွဲတပွဲဖြစ်ဖို့ အရေးကြီးတယ်လို့ ထင်ခဲ့ပြီး အသင်းကိုလည်း အနိုင်ရအောင် […]

Uncategorized

ဘင်ချီဝဲလ်ဒဏ်ရာရရှိသွားတဲ့အပေါ် ပရိသတ်တွေ ပေါ်တာကို ပေါက်ကွဲနေ

မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဒိုင်နမိုဇာဂရက်တို့ရဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ ဘင်ချီဝဲလ်တယောက် ပေါင်ဒဏ်ရာရရှိသွားခဲ့ပြီး ကမ္ဘာ့ဖလားနဲ့ လွဲချော်ဖို့ နီးစပ်နေပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက ဒိုင်နမိုဇာဂရက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိကာ အုပ်စုဗိုလ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမတိုင်ခင်တည်းက ချဲလ်ဆီးတို့ နောက်တဆင့်တက်ရောက်ထားပြီး သရေတမှတ်ရရှိရုံနဲ့ အုပ်စုဗိုလ်ဖြစ်မှာပါ။ ပေါ်တာကတော့ ဒီပွဲကို အဓိက,ကစားသမားအစုံအလင် ပွဲထုတ်အသုံးပြုခဲ့ပြီး မကြာခဏ ဒဏ်ရာရလေ့ရှိတဲ့ ဘင်ချီဝဲလ်ကလည်း ပွဲချိန်ပြည့် ကစားသွားခဲ့ပါတယ်။ ဒါပေမယ့် ဘင်ချီဝဲလ်တယောက် ပွဲပြီးဖို့ စက္ကန့်ပိုင်းသာ လိုတော့ချိန်မှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးအဖွဲ့ဝင်တွေက သူ့ကို တွဲခေါ်သွားခဲ့ရပါတယ်။ ပေါ်တာကိုယ်တိုင်က ဘင်ချီဝဲလ်ရဲ့ ဒဏ်ရာကို စိုးရိမ်နေပါတယ်။ ဘင်ချီဝဲလ်အနေနဲ့ ပေါင်တွင်းကြောဒဏ်ရာသာ ဖြစ်ခဲ့မယ်ဆိုရင် သေချာပေါက် ကမ္ဘာ့ဖလားနဲ့ပါ လွဲချော်သွားတော့မှာပါ။ ဒါ့အပြင် ချဲလ်ဆီးဟာ […]

Uncategorized

ကမ္ဘာ့ဖလားသွားကစားခွင့်ရရေးကို လက်မလျှော့သေးတဲ့ ရီစီဂျိမ်းစ်

ချဲလ်ဆီး ညာနောက်ခံလူ ရီစီဂျိမ်းစ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားသွားရောက်ခွင့်ရမယ့် အိပ်မက်အပေါ် လက်မလျှော့သေးကြောင်း သိရှိရပါတယ်။ ရီစီဂျိမ်းစ်ဟာ အေစီမီလန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယအကျော့ပွဲစဥ်မှာ ဒူးဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီဒဏ်ရာက အစပိုင်းမှာ မပြင်းထန်ဘူးထင်ခဲ့ရပေမယ့် ဆေးစစ်ချက်တွေအရ ဒဏ်ရာက ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီကစားသမားက ကမ္ဘာ့ဖလားကို လွဲချော်ဖို့ သေချာသလောက်ရှိနေကြောင်း သတင်းထွက်ပေါ်နေတာပါ။ ဆောက်ဂိတ်ဟာ ကာတာကမ္ဘာ့ဖလားဝင်မယ့် အင်္ဂလန်လက်ရွေးစင် လူစာရင်းကို နိုဝင်ဘာ (၁၀) မှာ အပြီးသတ် ကြေညာမှာဖြစ်ပါတယ်။ ဒီအပေါ်မှာ ရီစီဂျိမ်းစ်က “ကျနော့်အနေနဲ့ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဆက်လက်ပြီး အလုပ်ကြိုးစားသွားဖို့ လိုအပ်ပါတယ်။ အပြီးသတ် လူစာရင်းထုတ်မယ့်နေ့မှာ ကျနော် ဘယ်လို အခြေအနေရှိမယ်ဆိုတာ စောင့်ကြည့်ရမှာပေါ့” “ကျနော် ကြိုးစားသွားမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့ဖလားလွဲပြီလို့ မထင်ပါဘူး။ အစောပိုင်း […]

Uncategorized

ကက်စ်မဲရိုးရဲ့ သွင်းဂိုးအတွက် ယူနိုက်တက်အသင်းခေါင်းဆောင်ကြီး မက်ဂွိုင်းရား ချီးကျူး

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ ချဲလ်ဆီးနဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ ကက်စ်မဲရိုးရဲ့ ခေါင်းတိုက်ချက်အတွက် ဆိုရှယ်မီဒီယာကတဆင့် ချီးကျူးပြောကြားလိုက်ပါတယ်။ မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်တို့ ပွဲကစားချိန် (၈၅) မိနစ်မှ ပြိုင်ဘက်ကို ပင်နယ်တီပေးခဲ့ရပြီး ရှုံးနိမ့်မလိုဖြစ်ခဲ့တာပါ။ တွမ်မီနေးက ချဲလ်ဆီးတိုက်စစ်မှူး ဘရိုဂျာကို ပင်နယ်တီဧရိယာအတွင်း ဆွဲလှဲခဲ့ပြီး ဒီပင်နယ်တီကို ဂျော်ဂျင်ဟိုက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် ချေပဂိုးကို ကက်စ်မဲရိုးက လုခ်ရှောရဲ့ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒါဟာ ကက်စ်မဲရိုးအတွက် ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့လည်း ဒီသွင်းဂိုးကြောင့် အဝေးကွင်းမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ရမယ့်အရေးနဲ့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ဒီခေါင်းတိုက်ချက်အတွက် မက်ဂွိုင်းရားကလည်း “ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ခေါင်းတိုက်ချက်လဲ” လို့ ရေးသားကာ ကက်စ်မဲရိုးရဲ့ ပုံနဲ့အတူ […]

Uncategorized

အခွင့်အရေးရရင် အင်္ဂလန်လက်ရွေးစင်ကို ကိုင်တွယ်ဖို့ရှိတဲ့ သောမတ်စ်တူဟယ်လ်

ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်ဟာ သူ့အတွက် အခွင့်အရေးသာရရှိလာမယ်ဆိုရင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်သွားဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဒီသတင်းကိုတော့ ဂျာမန်အခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့တာပါ။ တူဟယ်လ်ဟာ ဒီရာသီအစောပိုင်းမှာတင် ချဲလ်ဆီးနည်းပြရာထူးကနေ အထုတ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေဆဲပါ။ သူ့ကိုခေါ်ယူဖို့ လေဗာကူဆင်က ချဥ်းကပ်ခဲ့သေးပေမယ့် တူဟယ်လ်ကိုယ်တိုင်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ တူဟယ်လ်အနေနဲ့ ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ပိုင်ရှင်သစ် တော့ဒ်ဘိုလေနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် အခုလိုမျိုး အထုတ်ခံခဲ့ရတာပါ။ တူဟယ်လ်ဟာ ဒေါ့မွန်၊ ပီအက်စ်ဂျီတို့လို ထိပ်တန်းအသင်းကြီးတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါသေးတယ်။ အသက် (၄၉) နှစ်အရွယ် ဒီနည်းပြဟာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် တံခါးဖွင့်ထားပြီး လက်ရှိမှာ ဆောက်ဂိတ်ရဲ့အနာဂတ်ကလည်း လှုပ်ခတ်နေပါတယ်။ အင်္ဂလန်ဟာ နေးရှင်းလိဂ်မှာ နိုင်ပွဲမရရှိခဲ့ဘဲ တန်းဆင်းခဲ့ရပြီး နောက်ဆုံး (၅) ပွဲမှာလည်း ပင်နယ်တီသွင်းဂိုးတဂိုးကလွဲရင် တဂိုးမှမရရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် ဆောက်ဂိတ်ကို […]

Uncategorized

ချဲလ်ဆီးနဲ့နှစ်ပွဲကခြေစွမ်းကြောင့် တိုမိုရီ အင်္ဂလန်မှာအရွေးမခံရနိုင်ဘူးလို့ ဖာဒီနန်ပြော

အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်က အေစီမီလန်နောက်ခံလူ တိုမိုရီအနေနဲ့ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနှစ်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရမှာမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။ ဒီနှစ်ပွဲလုံးမှာ အေစီမီလန်က ချဲလ်ဆီးကို တဂိုးတောင် ပြန်မသွင်းနိုင်ဘဲ အဝေးကွင်းမှာ သုံးဂိုးပြတ်၊ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ တိုမိုရီက တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ တိုမိုရီဟာ Last Defender အနေအထားမျိုးနဲ့ မေဆင်မောင့်ကို ဆွဲလှဲခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က သူ့ကို တိုက်ရိုက်အနီကတ်ပြခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးကိုလည်း ပင်နယ်တီပေးခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ဒီပင်နယ်တီကတဆင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ဂျော်ဂျင်ဟိုက ကန်သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် အူဘာမီးယန်းက ဒုတိယဂိုးသွင်းကာ အေစီမီလန်တို့ ထပ်မံရှုံးနိမ့်ခဲ့ရတာပါ။ ပွဲအပြီးမှာတော့ ဖာဒီနန်က “ဒီချန်ပီယံလိဂ် နောက်ဆုံးနှစ်ပွဲမှာ […]

Uncategorized

အေစီမီလန်နဲ့အဝေးကွင်းပွဲက မတူညီတဲ့ပွဲတပွဲဖြစ်ကြောင်း ချဲလ်ဆီးနည်းပြပြောကြား

ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက အေစီမီလန်ကို အနိုင်ယူဖို့က ဘယ်လောက်အထိ အရေးကြီးပြီး မတူကွဲပြားတဲ့ပွဲတပွဲဖြစ်လာနိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ်က စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲမှာ အေစီမီလန်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး သူတို့အတွက် ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲကိုရရှိခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ နောက်တဆင့်ကို တက်ရောက်ဖို့အတွက် အုပ်စု ဒုတိယအကျော့ပွဲတွေမှာ အမှားခံလို့မရသေးပါဘူး။ ချဲလ်ဆီးအနေနဲ့ အုပ်စုအဖွင့်ပွဲမှာ ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ထားပြီး ဆဲလ်ဘာ့ဂ်ကို သရေကျခဲ့ပါတယ်။ အေစီမီလန်နဲ့ပွဲမှ အနိုင်ရခဲ့တာဖြစ်ပြီး ဒီအသင်းကိုပဲ အဝေးကွင်းမှာ ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်လို့ ပေါ်တာက “ဒါက ကျနော်တို့အတွက် စိန်ခေါ်မှုပါ။ ဆန်စီရိုက တကယ်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့နေရာဖြစ်ပြီး မတူကွဲပြားတဲ့ ပွဲတပွဲဖြစ်လာမှာပါ” “အေစီမီလန်က အိမ်ကွင်းအားသာချက်ကို ပြီးခဲ့တဲ့အပတ်က ကျနော်တို့လိုမျိုး အသုံးချလာမှာပါ။ ဒီတော့ ဒီပွဲက […]

Uncategorized

အေစီမီလန်နဲ့ ပြန်လည်ရင်ဆိုင်ရမယ့်အပေါ် သီယာဂိုဆေးလ်ဗား စိတ်လှုပ်ရှားနေ

ချဲလ်ဆီးနောက်ခံလူကြီး သီယာဂိုဆေးလ်ဗားက အေစီမီလန်နဲ့ ပြန်လည်ရင်ဆိုင်ရမယ့်အပေါ် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီကနေ့ညမှာ ဆန်စီရိုကွင်းကို သွားရောက်ကာ အေစီမီလန်နဲ့ ရင်ဆိုင်ရမှာပါ။ သီယာဂိုဆေးလ်ဗးကလည်း အေစီမီလန် ကစားသမားဟောင်းတယောက်ဖြစ်ပြီး အသင်းဟောင်း ပရိသတ်တွေနဲ့ ပြန်လည်တွေ့ရမယ့်အပေါ်၊ မီလန်မြို့ကို ပြန်လည်သွားရောက်ရင်ဆိုင်ရမယ့်အပေါ် သူ့ရဲ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။ သီယာဂိုဆေးလ်ဗားက “ကျနော် အေစီမီလန်နဲ့ သမိုင်းမှတ်တမ်းတွေ ရေးထိုးခဲ့ပြီးပါပြီ။ ချဲလ်ဆီးကို ရောက်တည်းက ဒါတွေက မရှိတော့ပါဘူး။ အနာဂတ်နဲ့ပတ်သက်လို့တော့ ကျနော် မသိပါဘူး။ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှလည်း ကြိုမသိပါဘူး” “ကျနော်တို့ ပြန်စဥ်းစားရမှာပေါ့။ ချဲလ်ဆီးမှာလည်း ကျနော် ပျော်ရွှင်နေပါတယ်။ ဒီအသင်းက ကြီးကျယ်ခမ်းနားတဲ့ ပရော်ဖက်ရှင်နယ်တွေရှိတဲ့ အသင်းပါ” “အနာဂတ်မှာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။ ကျနော်က နည်းပြတယောက်အနေနဲ့ ပြန်ရောက်လာရင်လည်း ရောက်လာနိုင်တာပဲလေ။ ဘယ်သူက ကြိုသိမှာလဲ။ […]