Uncategorized

ကက်စ်မဲရိုးရဲ့ သွင်းဂိုးအတွက် ယူနိုက်တက်အသင်းခေါင်းဆောင်ကြီး မက်ဂွိုင်းရား ချီးကျူး

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ ချဲလ်ဆီးနဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ ကက်စ်မဲရိုးရဲ့ ခေါင်းတိုက်ချက်အတွက် ဆိုရှယ်မီဒီယာကတဆင့် ချီးကျူးပြောကြားလိုက်ပါတယ်။ မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်တို့ ပွဲကစားချိန် (၈၅) မိနစ်မှ ပြိုင်ဘက်ကို ပင်နယ်တီပေးခဲ့ရပြီး ရှုံးနိမ့်မလိုဖြစ်ခဲ့တာပါ။ တွမ်မီနေးက ချဲလ်ဆီးတိုက်စစ်မှူး ဘရိုဂျာကို ပင်နယ်တီဧရိယာအတွင်း ဆွဲလှဲခဲ့ပြီး ဒီပင်နယ်တီကို ဂျော်ဂျင်ဟိုက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် ချေပဂိုးကို ကက်စ်မဲရိုးက လုခ်ရှောရဲ့ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒါဟာ ကက်စ်မဲရိုးအတွက် ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့လည်း ဒီသွင်းဂိုးကြောင့် အဝေးကွင်းမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ရမယ့်အရေးနဲ့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ဒီခေါင်းတိုက်ချက်အတွက် မက်ဂွိုင်းရားကလည်း “ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ခေါင်းတိုက်ချက်လဲ” လို့ ရေးသားကာ ကက်စ်မဲရိုးရဲ့ ပုံနဲ့အတူ […]

Uncategorized

ဘရာဇီးသားအချင်းချင်း ယူနိုက်တက်မှာ အဖွဲ့ကျနေတဲ့ အန်တိုနီ

ယူနိုက်တက်ရဲ့ တောင်ပံ ကစားသမား အန်တိုနီက မန်ချက်စတာမြို့ကို သူ ရောက်လာချိန်မှာ ယူနိုက်တက်အသင်းဖော် ကွင်းလယ်လူ ကက်စ်မဲရိုးက အထိုင်ကျအောင် ကူညီပေးခဲ့ကြောင်း ဖွင့်ဟလာပါတယ်။ ကက်စ်မဲရိုးရော၊ အန်တိုနီရောက နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံး ရက်သတ္တပတ်အတွင်းမှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာပါ။ ကက်စ်မဲရိုးက အန်တိုနီထက် တပတ်ဝန်းကျင် စောရောက်ခဲ့ပြီး သူ အသားကျအောင် ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင် ရော်နယ်ဒိုက ကူညီပေးခဲ့ပါတယ်။ အန်တိုနီရောက်လာချိန်မှာတော့ ကက်စ်မဲရိုးက ပြန်လည်ကူညီပေးခဲ့တာပါ။ ဒီအကြောင်းကို အန်တိုနီက “ကျနော် အသင်းကို ရောက်ပြီး ပထမဆုံး ရက်သတ္တပတ်အနည်းငယ်မှာတင် ပျော်ရွှင်နေပါပြီ။ ဘရာဇီးစားသောက်ဆိုင်အချို့ကိုလည်း ကျနော် ရှာတွေ့ခဲ့ပါတယ်” “အဲ့ဒီဆိုင်တွေကို ကက်စ်မဲရိုးနဲ့ သွားခဲ့ပါတယ်။ ကျနော်တို့ နှစ်ယောက်လုံး မန်ချက်စတာမှာရော၊ အသင်းမှာပါ အထိုင်ကျနေကြပါပြီ။ ဒီမှာရှိတဲ့လူတွေက ကျနော့်ကို နွေးနွေးထွေးထွေး […]

Uncategorized

နိုင်ငံတကာပွဲတွေမှာ တန်ဟက်ခ်စောင့်ကြည့်တာခံရမယ့် ယူနိုက်တက်ကစားသမားများ

ယူနိုက်တက်ရဲ့ နာမည်ကျော်ကစားသမားလေးယောက်ကို နည်းပြ တန်ဟက်ခ်က လာမယ့်နိုင်ငံတကာရက်သတ္တပတ်မှာ အနီးကပ် စောင့်ကြည့် အကဲခတ်သွားမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒီကစားသမားတွေကတော့ နောက်ခံလူ မက်ဂွိုင်းရား၊ လုခ်ရှော၊ ကွင်းလယ်လူ ကက်စ်မဲရိုးနဲ့ တိုက်စစ်မှူး ရော်နယ်ဒိုတို့ဖြစ်ပါတယ်။ မက်ဂွိုင်းရား၊ လုခ်ရှောတို့ဟာ ယူနိုက်တက်နောက်တန်းမှာ သူတို့ရဲ့ ပုံမှန်နေရာကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ယောက်ကို အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က လက်ရွေးစင် လူစာရင်းမှာ ရွေးချယ်ထားဆဲပါ။ လာမယ့် ဂျာမနီ၊ အီတလီတို့နဲ့ ကစားမယ့် နေးရှင်းလိဂ်ပွဲတွေမှာ ဒီကစားသမားနှစ်ယောက် ပါဝင်ခွင့်ရမလား၊ ပါဝင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်အထိ ခြေစွမ်းပြနိုင်မလဲဆိုတာကို တန်ဟက်ခ်က သေချာပေါက် စောင့်ကြည့်သွားမှာပါ။ ဒါ့အပြင် ယူနိုက်တက်ကို ပြီးခဲ့တဲ့နွေကမှ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးရဲ့ ဘရာဇီးကိုလည်း တန်ဟက်ခ်က စောင့်ကြည့်သွားမှာပါ။ ကက်စ်မဲရိုးဟာ လက်ရှိအချိန်ထိ […]

Uncategorized

ချန်ပီယံလိဂ်ငါးလုံးရလည်း နဗီးလ်ဝေဖန်တာကိုတော့ လှိမ့်ခံရမယ့်ကက်စ်မဲရိုး

ယူနိုက်တက်ကွင်းလယ်လူ ကက်စ်မဲရိုးနဲ့ပတ်သက်လို့ ဂန္တဝင်ဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒီကစားသမားဟာ ဆိုစီဒက်ကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ ယူနိုက်တက်အတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒီမတိုင်ခင်က ကက်စ်မဲရိုးဟာ အရံကစားသမားအဖြစ်နဲ့ပဲ လူစားဝင်ကစားခွင့်ရရှိခဲ့တာပါ။ နည်းပြတန်ဟက်ခ်ဟာ ကွင်းလယ်ခံစစ်နေရာအတွက် လတ်တလော ပုံစံကောင်းပြနေတဲ့ စကော့တလန်ကွင်းလယ်လူ တွမ်မီနေးကိုသာ ဦးစားပေး အသုံးပြုနေပါတယ်။ ကက်စ်မဲရိုးအတွက် ယူနိုက်တက်တို့ အပြောင်းအရွှေ့ပိတ်ခါနီးမှ ယူရိုသန်း (၆၀) နဲ့ ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့်လည်း ဒီဘရာဇီးကွင်းလယ်လူနဲ့ ပတ်သက်လို့ ဂယ်ရီနဗီးလ်က “ယူနိုက်တက်က ပေါင်သန်း (၁၃၀) (၁၄၀) လောက် အသုံးပြုချင်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးကျ သူတို့ ပေါင်သန်း (၂၃၀) သုံးလိုက်ရပါတယ်” “ကက်စ်မဲရိုးနဲ့အန်တိုနီတို့ကို လီဗာပူးနဲ့ပွဲမတိုင်ခင် နှစ်ရက်အတွင်း ခေါ်လိုက်ပါတယ်။ ဒါက ဒီကစားသမားတွေကို လိုအပ်နေတဲ့ […]